ထိုသတ္တဝါတို့၏အလယ်တွင်မီးလျှံထနေသောမီးရှူးတိုင်နှင့်တူသည့်အရာတစ်ခုသည် အစဉ်ပင်ရွေ့လျားလျက်နေ၏။ ထိုအရာမှမီးလျှံတက်ပြီးလျှင်လျှပ်စစ်နွယ်များထွက်ပေါ်လာ၏။-
ယေဇကျေလ 10:7 - Common Language Bible သတ္တဝါတစ်ပါးသည်လက်ကိုဆန့်၍သတ္တ ဝါများအကြား၌ရှိသည့်မီးကျီးခဲကို ကောက်ယူကာ ပိတ်ချောထည်ဝတ်ဆင်သူ ၏လက်ခုပ်ထဲသို့ထည့်၍ပေး၏။ ထိုသူ သည်လည်းမီးကျီးခဲများကိုယူ၍ ထွက်သွား၏။ Garrad Bible ခေ ရု ဗ တို့ ကြား တွင် ရှိ သော မီး ကို၊ ကိုယ့် ကြား မှ လက် ဆန့်၍ သဲ့ ယူ ပြီး လျှင်၊ ပိတ် ထည် ဝတ် သူ့ လက် တွင်း သို့ အပ် ပေး ရာ၊ ထို သူ ခံ ယူ၍ ထွက် သွား၏။ Judson Bible ခေရုဗိမ်တစ်ပါးသည် ခေရုဗိမ်စုထဲက လက်ကိုဆန့်၍၊ ခေရုဗိမ်အကြားမှာရှိသော မီးကိုယူပြီးလျှင်၊ ပိတ်အဝတ်ကို ဝတ်သောသူလက်၌ ထည့်၏။ ထိုသူလည်းခံယူ၍ ထွက်သွား၏။ မြန်မာ့စံမီသမ္မာကျမ်း ခေရုဗိမ်တို့ထဲမှ ခေရုဗိမ်တစ်ပါးက ခေရုဗိမ်များအလယ်ရှိမီးခဲကိုလှမ်းယူပြီး ပိတ်ချောထည်ဝတ်ထားသူ၏လက်ထဲသို့ ထည့်ပေးသောအခါ သူလည်း ယူ၍ထွက်သွား၏။ |
ထိုသတ္တဝါတို့၏အလယ်တွင်မီးလျှံထနေသောမီးရှူးတိုင်နှင့်တူသည့်အရာတစ်ခုသည် အစဉ်ပင်ရွေ့လျားလျက်နေ၏။ ထိုအရာမှမီးလျှံတက်ပြီးလျှင်လျှပ်စစ်နွယ်များထွက်ပေါ်လာ၏။-
ပိတ်ချောထည်ကိုဝတ်ဆင်ထားသူအား ထာ ဝရဘုရားကသတ္တဝါများ၏အောက်၌ ရှိသောရထားဘီးများအကြားမှ မီးကျီး ခဲအချို့ကိုယူရန်အမိန့်ပေးတော်မူသော အခါထိုသူသည်ဝင်၍ဘီးတစ်ခုအနီး ၌ရပ်လေ၏။-
သတ္တဝါတိုင်း၏တောင်ပံများအောက်၌ လူ လက်နှင့်တူသောလက်တစ်ခုစီရှိသည်ကို လည်းကောင်း၊-