ယေဇကျေလ 10:21 - Common Language Bible သူတို့တစ်ပါးစီတွင်မျက်နှာလေးခု၊ တောင်ပံ လေးဘက်နှင့်ထိုတောင်ပံများ၏အောက်တွင် လူ့လက်နှင့်တူသောလက်တစ်ဖက်စီရှိ၏။- Garrad Bible တစ် ပါး တစ် ပါး လျှင် မျက် နှာ လေး ခု၊ အ တောင် လေး ဖက်၊ အ တောင် များ အောက်၌ လူ့ လက် အ သွင် များ နှင့် ပြည့် စုံ၏။ Judson Bible သူတို့သည် မျက်နှာလေးခုစီ၊ အတောင်လေးခုစီရှိ၍၊ အတောင်အောက်၌ လူလက်သဏ္ဌာန်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း တစ်ပါးစီတွင် မျက်နှာလေးခု၊ တောင်ပံလေးခုရှိ၍ တောင်ပံများအောက်တွင် လူလက်နှင့်တူသောလက်ရှိ၏။ |
ထိုသတ္တဝါတစ်ပါးလျှင်မျက်နှာလေးခုရှိ၍ ပထမမျက်နှာသည်ခေရုဗိမ်မျက်နှာ၊ ဒုတိယ မှာလူမျက်နှာ၊ တတိယကားခြင်္သေ့မျက်နှာ၊ စတုတ္ထမှာလင်းယုန်မျက်နှာဖြစ်၏။-
သူတို့၏မျက်နှာများသည်ခေဗာမြစ်အနီး တွင် ငါတွေ့မြင်ခဲ့ရသောမျက်နှာများနှင့် တထေရာတည်းဖြစ်၍နေ၏။ ထိုသတ္တဝါ အားလုံးပင်ရှေ့သို့တည့်တည့်ရွေ့လျား သွားတတ်ကြ၏။
ပထမသတ္တဝါသည်ခြင်္သေ့နှင့်တူ၏။ ဒုတိယ သတ္တဝါသည်နွားနှင့်တူ၏။ တတိယသတ္တဝါ၏ မျက်နှာသည်လူ့မျက်နှာနှင့်တူ၏။ စတုတ္ထသတ္တ ဝါသည်ပျံလျက်နေသည့်လင်းယုန်နှင့်တူ၏။-