ငါသည်မျက်နှာလေးမျိုးရှိသောသတ္တဝါလေးပါးကိုကြည့်၍နေစဉ် သူတို့အသီးသီး၏အနီးတွင်မြေနှင့်ထိ၍နေသောရထားဘီးတစ်ခုစီရှိ၍နေသည်ကိုမြင်ရ၏။-
ယေဇကျေလ 10:13 - Common Language Bible ထိုဘီးတို့ကို``စကြာဘီးများ'' ဟုခေါ်ဆို သည်ကိုငါကြားရ၏။ Garrad Bible ထို စက် များ ကို ကား၊ ငါ ကြား ရ သည့် အ တိုင်း၊ လည် စက် ဟု ခေါ် ဝေါ် သ တည်း။ Judson Bible ထိုဘီးတို့ကို စကြာဟူသော အမည်ဖြင့် သမုတ်သည်ကို ငါကြား၏။ မြန်မာ့စံမီသမ္မာကျမ်း ဘီးများကို “ဘီးစကြာ”ဟု ခေါ်ဆိုသည်ကို ငါကြား၏။ |
ငါသည်မျက်နှာလေးမျိုးရှိသောသတ္တဝါလေးပါးကိုကြည့်၍နေစဉ် သူတို့အသီးသီး၏အနီးတွင်မြေနှင့်ထိ၍နေသောရထားဘီးတစ်ခုစီရှိ၍နေသည်ကိုမြင်ရ၏။-
သူတို့ကိုယ်ခန္ဓာများ၊ ကျောကုန်းများ၊ လက် များ၊ တောင်ပံများနှင့်ဘီးများသည်မျက်စိ များနှင့်ပြည့်နှက်လျက်ရှိ၏။-
ထိုသတ္တဝါတစ်ပါးလျှင်မျက်နှာလေးခုရှိ၍ ပထမမျက်နှာသည်ခေရုဗိမ်မျက်နှာ၊ ဒုတိယ မှာလူမျက်နှာ၊ တတိယကားခြင်္သေ့မျက်နှာ၊ စတုတ္ထမှာလင်းယုန်မျက်နှာဖြစ်၏။-
ဘုရားသခင်ကပိတ်ချောထည်ဝတ်ဆင် ထားသူအား``ထိုသတ္တဝါတို့၏အောက်၌ရှိ သောရထားဘီးများအကြားသို့သွား၍ ထိုသတ္တဝါတို့၏ကြားရှိမီးကျီးခဲတို့ ကိုလက်ခုပ်ဖြင့်ကျုံးကာမြို့ပေါ်သို့ကြဲ ချလော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်လည်းငါ၏ရှေ့မှောက်၌ပင် ထွက်သွား၏။-