အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ဇ​ကျေ​လ 1:17 - Common Language Bible

သို့​ဖြစ်​၍​ထို​ဘီး​တို့​သည်​မ​လှည့်​ဘဲ​အ​ရပ်​လေး​မျက်​နှာ​သို့ သတ္တ​ဝါ​လေး​ပါး​သွား​လာ​သည့်​အ​တိုင်း​သွား​နိုင်​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

သွား လာ ရာ မ လှည့် ဘဲ၊ လေး မျက် နှာ သို့ သွား ၏။

အခန်းကိုကြည့်ပါ။

Judson Bible

သွား​သော​အ​ခါ ဘီး​လေး​မျက်​နှာ​တို့​သည် တ​ညီ​တည်း​ဖြစ်၍ မ​လည်​ဘဲ သွား​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သွား​သောအခါ​တွင်​လည်း ဟိုဘက်​သည်ဘက်​မ​ကွေ့​ဘဲ သတ္တဝါ​တို့​မျက်နှာမူ​ရာ လေးဘက်လေးတန်​သို့သာ သွား​တတ်​၏​။

အခန်းကိုကြည့်ပါ။



ယေ​ဇ​ကျေ​လ 1:17
5 ပူးပေါင်းရင်းမြစ်များ  

ငါ​မြွက်​ဆို​သည့်​နှုတ်​က​ပတ်​စ​ကား​သည်​လည်း ဤ​နည်း​အ​တိုင်း​ဖြစ်​လိမ့်​မည်။ ထို​နှုတ်​က​ပတ်​တော်​သည်​ငါ​၏​အ​ကြံ​အ​စည် တော်​ကို ပြည့်​စုံ​စေ​လိမ့်​မည်။ ငါ​စေ​ခိုင်း​သ​မျှ​သော​အ​မှု​တို့​ကို​ပြု​လိမ့်​မည်။


သူ​တို့​အား​လုံး​ပင်​အ​ရပ်​လေး​မျက်​နှာ​သို့​မျက်​နှာ​ပြု​လျက်​နေ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​အ​စု​လိုက်​မိ​မိ​တို့​လို​ရာ​အ​ရပ်​သို့​မ​လှည့်​ဘဲ​သွား​နိုင်​ကြ​၏။


သူ​တို့​တွင်​မျက်​နှာ​လေး​ခု​နှင့်​တောင်​ပံ​လေး​ခု​အ​ပြင် တောင်​ပံ​တစ်​ခု​စီ​၏​အောက်​၌​လူ​လက်​ရှိ​၏။-


ထို​သတ္တ​ဝါ​တို့​သည်​တစ်​ပါး​နှင့်​တစ်​ပါး​ထိ​အောင်​တောင်​ပံ​နှစ်​ခု​စီ​ကို​ဖြန့်​လျက် ရှေ့​တူ​ရူ​သို့​အ​သီး​သီး​မျက်​နှာ​မူ​လျက်​နေ​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​ကိုယ်​ကို​မ​လှည့်​ဘဲ​အ​စု​လိုက်​သွား​လာ​ကြ​၏။