လှည်းတစ်စီးလျှင်ကြေးဝါဘီးလေးခုနှင့်ကြေး ဝင်ရိုးများရှိ၏။ လှည်း၏ထောင့်လေးခု၌အင်တုံ တင်ရန်အတွက် ကြေးဝါထောက်တိုင်လေးခုရှိ၏။ ထိုထောက်တိုင်တို့ကိုပန်းဆိုင်းများဖြင့်ရုပ်လုံး ဖော်၍တန်ဆာဆင်ပြီးနောက်၊-
ယေဇကျေလ 1:15 - Common Language Bible ငါသည်မျက်နှာလေးမျိုးရှိသောသတ္တဝါလေးပါးကိုကြည့်၍နေစဉ် သူတို့အသီးသီး၏အနီးတွင်မြေနှင့်ထိ၍နေသောရထားဘီးတစ်ခုစီရှိ၍နေသည်ကိုမြင်ရ၏။- Garrad Bible ထို သ တ္တ ဝါ တို့ ကို ငါ ရှု မြင် ရာ၊ တစ် ပါး တစ် ပါး အ နီး၊ မျက် နှာ လေး ခု အ ဖို့၊ စက် တစ် ခု စီ ရှိ သည် ကို မြင် ရ၏။ Judson Bible ထိုသတ္တဝါတို့ကို ငါ့ကြည့်ရှုစဉ်၊ သူတို့အနားမှာ လေးပိုင်းရှိသော ရထားဘီးတစ်ခုစီ ထင်ရှား၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသတ္တဝါတို့ကိုကြည့်နေစဉ် မျက်နှာလေးဖက်ပါသော သတ္တဝါတစ်ပါးစီတို့၏ဘေးရှိ မြေပေါ်တွင် ဘီးတစ်ဘီးစီရှိနေသည်ကို တွေ့ရ၏။ |
လှည်းတစ်စီးလျှင်ကြေးဝါဘီးလေးခုနှင့်ကြေး ဝင်ရိုးများရှိ၏။ လှည်း၏ထောင့်လေးခု၌အင်တုံ တင်ရန်အတွက် ကြေးဝါထောက်တိုင်လေးခုရှိ၏။ ထိုထောက်တိုင်တို့ကိုပန်းဆိုင်းများဖြင့်ရုပ်လုံး ဖော်၍တန်ဆာဆင်ပြီးနောက်၊-
ဘုရားသခင်ကပိတ်ချောထည်ဝတ်ဆင် ထားသူအား``ထိုသတ္တဝါတို့၏အောက်၌ရှိ သောရထားဘီးများအကြားသို့သွား၍ ထိုသတ္တဝါတို့၏ကြားရှိမီးကျီးခဲတို့ ကိုလက်ခုပ်ဖြင့်ကျုံးကာမြို့ပေါ်သို့ကြဲ ချလော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်လည်းငါ၏ရှေ့မှောက်၌ပင် ထွက်သွား၏။-
ထိုသတ္တဝါတို့၏နံဘေး၌ရထားဘီးတစ် ခုစီရှိသည်ကိုလည်းကောင်းငါမြင်ရ၏။ ထို ဘီးတို့သည်ကျောက်မျက်ရတနာများကဲ့ သို့အရောင်အဝါထွက်လျက်နေ၏။ ယင်းတို့ သည်ပုံသဏ္ဌာန်အရွယ်အစားချင်းတူညီ ကြလျက် ဘီးတိုင်းတွင်အခြားဘီးတစ်ခု ကကန့်လန့်ဖြတ်ထောင့်မှန်ကျကျတပ်ဆင် ထား၏။-
သတ္တဝါလေးပါးတို့လေထဲတွင်တောင်ပံ ခတ်ကြသည့်အသံကိုလည်းကောင်း၊ ရထား ဘီးများ၏အသံကိုလည်းကောင်းငါကြား ရ၏။ ထိုအသံများသည်မြေငလျင်လှုပ်သံ နှင့်တူ၏။-
ငါသည်ကြည့်ရှုနေစဉ်ရာဇပလ္လင်များကိုတည်ထားသည်ကိုလည်းကောင်း၊ တစ်ခုသောပလ္လင်ပေါ်တွင်ထာဝစဉ်အသက်ရှင်တော်မူသောအရှင် ထိုင်လျက်နေတော်မူသည်ကိုလည်းကောင်းမြင်ရ၏။ ထိုအရှင်၏အဝတ်တို့သည်မိုးပွင့်ကဲ့သို့ဖြူ၍ဆံတော်သည်လည်းသိုးမွေးစစ်နှင့်တူ၏။ ရဲရဲတောက်နေသောဘီးများတပ်ဆင်ထားသည့်ကိုယ်တော်၏ပလ္လင်တော်သည်မီးလျှံထလျက်နေ၏။-
ပထမသတ္တဝါသည်ခြင်္သေ့နှင့်တူ၏။ ဒုတိယ သတ္တဝါသည်နွားနှင့်တူ၏။ တတိယသတ္တဝါ၏ မျက်နှာသည်လူ့မျက်နှာနှင့်တူ၏။ စတုတ္ထသတ္တ ဝါသည်ပျံလျက်နေသည့်လင်းယုန်နှင့်တူ၏။-