ထိုကျိုင်းကောင်တို့သည်မြေတစ်ပြင်လုံးကို ဖုံးလွှမ်းမည်။ ယင်းတို့သည်မိုးသီးဒဏ်ကြောင့် မပျက်စီးဘဲကျန်ရှိသမျှကိုကိုက်စား ကြလိမ့်မည်။ အပင်ရှိသမျှတို့ကိုလည်း စားပစ်ကြလိမ့်မည်။-
ယောလ 2:25 - Common Language Bible သင်တို့၏သီးနှံများကိုကျိုင်းကောင်အုပ်တို့ ကိုက်စားလိုက်သည့်နှစ်များက၊ သင်တို့ဆုံးရှုံးမှုကိုငါပြန်လည်ပေး လျော်မည်။ သင်တို့ထံသို့ထိုကျိုင်းကောင်အုပ်များကို စေလွှတ်သူမှာငါပင်ဖြစ်၏။ Garrad Bible ငါ လွှတ် ခဲ့ သော အ လုံး အ ရင်း တော် ကြီး၊ အ ရာ ဘ၊ ယာ လက်၊ ခါ သိ လ၊ ဂါ ဇံ ကျိုင်း အုပ် များ စား ခဲ့ သော နှစ် များ အ တွက်၊ ပြန် ဆပ် မည့် အ လျောက်၊ Judson Bible အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတည်းဟူသော ငါစေလွှတ်သော ငါ၏မဟာဗိုလ်ခြေတို့ ကိုက်စားသော နှစ်ပေါင်းကာလကို ငါပြန်ပေးမည်။ မြန်မာ့စံမီသမ္မာကျမ်း “သင်တို့ထံ ငါစေလွှတ်ခဲ့သော စစ်သည်အလုံးအရင်းများဖြစ်သည့် အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတို့ ဝါးမျိုဖျက်ဆီးသောနှစ်ကာလတစ်လျှောက် သင်တို့ဆုံးရှုံးခဲ့သမျှကို ငါပြန်ပေးမည်။ |
ထိုကျိုင်းကောင်တို့သည်မြေတစ်ပြင်လုံးကို ဖုံးလွှမ်းမည်။ ယင်းတို့သည်မိုးသီးဒဏ်ကြောင့် မပျက်စီးဘဲကျန်ရှိသမျှကိုကိုက်စား ကြလိမ့်မည်။ အပင်ရှိသမျှတို့ကိုလည်း စားပစ်ကြလိမ့်မည်။-
သူတို့သည်သစ်တောကိုခုတ်လှဲသကဲ့သို့ တိုက်ခိုက်ကြ၏။ သူတို့၏လူများသည်မရေမတွက်နိုင်အောင် များပြား၍ သူတို့၏စစ်သူရဲများသည်၊အရေအတွက် အားဖြင့် ကျိုင်းကောင်များထက်ပင်များပြားကြ၏။
``ငါသည်ယုဒပြည်သားတို့ကိုကြံ့ခိုင် စေ၍ ဣသရေလပြည်သားတို့ကိုကယ်တင်မည်။ ငါသည်သူတို့အားကရုဏာထား၍၊မိမိ တို့ နေရင်းဌာနေသို့ပြန်လည်ခေါ်ဆောင်လာ မည်။ သူတို့သည်ငါ၏ပစ်ပယ်မှုကိုအဘယ် အခါ၌မျှ မခံရဘူးသူများကဲ့သို့ဖြစ်လိမ့်မည်။ ငါသည်သူတို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်၍ သူတို့၏ဆုတောင်းပတ္ထနာများကိုနားညောင်းမည်။
ငါသည်ပိုးမွှားများအားသင်တို့အသီး အနှံများကိုဖျက်ဆီးခွင့်ပြုလိမ့်မည် မဟုတ်။ သင်တို့၏စပျစ်နွယ်များသည် လည်းအသီးများနှင့်ပြည့်လျက်နေလိမ့် မည်။-''