ယောရှုသည်လက်ရွေးစင်သူရဲတို့ကိုစေလွှတ် သဖြင့် သူတို့သည်ချီတက်၍အာဣမြို့အနောက် ဘက်နှင့်ဗေသလမြို့စပ်ကြားတွင်ပုန်းအောင်း စောင့်ဆိုင်းနေကြလေသည်။ ယောရှုသည်ထို ည၌စခန်းတွင်နေ၏။
ငါ မိန့် မှာ ပြီ ဟု ဆို ပြီး နောက်၊ ယော ရှု စေ လွှတ် သော တပ် သည် ချ ရာ အ ရပ် သို့ သွား၍ အာ ဣ မြို့ အ နောက်၊ ၎င်း မြို့ နှင့် ဗေ သ လ မြို့ စပ် ကြား တွင် တပ် ပုန်း ချ ကြ၏။ ယော ရှု မူ ကား၊ ထို ညဉ့် တွင် တပ် မ စား ခန်း၌ နေ ရစ်၏။
ယောရှုစေလွှတ်သည်အတိုင်း၊ ထိုသူတို့သည် ကင်းထိုးခြင်းငှာသွား၍၊ ဗေသလမြို့နှင့် အာဣမြို့စပ်ကြားတွင် အာဣမြို့ အနောက်ဘက်မှာနေကြ၏။ ယောရှုသည် ထိုညတွင်လူများထဲမှာ နေသေး၏။
ထို့နောက် ယောရှုသည် စစ်သူရဲတို့ကိုစေလွှတ်သဖြင့် သူတို့သည် သွား၍ အာဣမြို့အနောက်ဘက်၊ ဗေသလမြို့နှင့်အာဣမြို့အကြား၌ ကင်းပုန်းချ၍ စောင့်နေကြ၏။ သို့သော် ထိုည၌ ယောရှုသည် စစ်သည်တို့နှင့်အတူနေရစ်ခဲ့၏။
ထိုအရပ်မှသူသည်ဗေသလမြို့အရှေ့ဘက် တောင်ထူထပ်သောအရပ်သို့ပြောင်းရွှေ့၍ စခန်း ချလေသည်။ ထိုစခန်း၏အနောက်ဘက်တွင် ဗေသလမြို့၊ အရှေ့ဘက်တွင်အာဣမြို့တည်ရှိ လေသည်။ ထိုအရပ်၌လည်းသူသည်ယဇ်ပလ္လင် ကိုတည်၍ထာဝရဘုရားကိုကိုးကွယ်လေ သည်။-
သူသည်လက်ဆောင်များကိုကြိုတင်ပို့ပြီး နောက်ထိုညတွင်စခန်း၌အိပ်လေ၏။
ယောရှုသည်ဗေသလမြို့အရှေ့ဘက်၊ ဗေသ ဝင်မြို့အနီးတွင်တည်ရှိသောအာဣမြို့ အခြေအနေကိုထောက်လှမ်းရန် လူအချို့ တို့ကိုယေရိခေါမြို့မှစေလွှတ်လိုက်လေ သည်။-
နံနက်စောစော၌ယောရှုသည်ဣသရေလအမျိုး သားအကြီးအကဲတို့နှင့်အတူ စစ်သူရဲတို့ ကိုဦးဆောင်၍အာဣမြို့သို့ချီတက်လေသည်။-
သူသည်စစ်သူရဲငါးထောင်ခန့်ကိုမြို့အနောက် ဘက် အာဣမြို့နှင့်ဗေသလမြို့အကြားတွင် ပုန်းအောင်းနေစေ၏။-
သင်တို့သည်မြို့ကိုသိမ်းယူပြီးနောက်ထာဝရ ဘုရားမိန့်မှာတော်မူသည့်အတိုင်း မြို့ကိုမီး ရှို့ဖျက်ဆီးပစ်ရမည်။ ဤအမိန့်အတိုင်း ဆောင်ရွက်ကြလော့'' ဟုအမိန့်ပေးလေ၏။-
သူသည်ပစ္စည်းအချို့ကိုလည်းဗေသလမြို့၊ ယုဒပြည်တောင်ပိုင်းရှိရာမမြို့၊ ယတ္တိယမြို့၊-