``သင်တို့သည်မြို့၏အနောက်ဘက်မလှမ်း မကမ်းတွင်ပုန်းအောင်းနေလော့။ မြို့ကိုတိုက် ခိုက်ရန်အသင့်ရှိနေကြလော့။-
ထို မြို့ ကို တိုက် ရန် မ ဝေး မ ကွာ ဘဲ မြို့ နောက် ဖေး တပ် ပုန်း ချ လျက်၊ ရှိ သ မျှ အ သင့် နေ ကြ လော့။
သင်တို့သည် ထိုမြို့ကိုတိုက်ခြင်းငှာ မြို့နောက်မှာ ကင်းထိုးလျက်နေကြလော့။ မြို့နှင့်ဝေးဝေးခွာ၍ မသွားကြနှင့်။ တညီတညွတ်တည်း အသင့်နေကြလော့။
သူတို့အား “သင်တို့သည် မြို့အနောက်ဘက် မြို့နှင့်မလှမ်းမကမ်းတွင်ကင်းပုန်းချ၍ သင်တို့အားလုံး အဆင်သင့်ရှိနေကြရမည်။
ထိုအချိန်၌မိုးမလင်းသေးသော်လည်း မင်းကြီး သည်အိပ်ယာမှထ၍မှူးမတ်တို့အား``ရှုရိ အမျိုးသားတို့၏ပရိယာယ်ကိုငါပြောမည်။ ဤမြို့တွင်ငါတို့အစာငတ်လျက်နေကြ ကြောင်းသိသဖြင့်သူတို့သည် မိမိတို့တပ် စခန်းမှထွက်ခွာ၍တပ်ပုန်းချထားလေပြီ။ မြို့ပြင်သို့ငါတို့ထွက်၍အစားအစာရှာဖွေ ကြသောအခါမှ ငါတို့အားလက်ရဖမ်းဆီး ကာမြို့ကိုသိမ်းယူကြလိမ့်မည်'' ဟုဆို၏။
ဤအတောအတွင်း၌ဣသရေလတပ်မတော် သည် ယုဒတပ်မတော်ကိုမျက်နှာမူလျက်တပ် စွဲနေစဉ် ယေရောဗောင်သည်အချို့တပ်သား များကို ယုဒတပ်မတော်အနောက်မှနေ၍ ပုန်းကွယ်တိုက်ခိုက်ရန်စေလွှတ်တော်မူ၏။-
မြို့ထဲမှာနေသောသူရဲတကျိပ်ထက် ပညာရှိ သောသူတယောက်သည် ပညာအားဖြင့်သာ၍ တန်ခိုး ကြီး၏။
ထိုအခါ ငါဆိုသည်ကား၊ ပညာသည် ခွန်အားထက် သာ၍ ကောင်းမြတ်၏။ သို့သော်လည်း၊ ဆင်းရဲသောသူ၏ ပညာကို မထီမဲ့မြင်ပြုတတ်ကြ၏။ သူ၏စကားကို နား မထောင်တတ်ကြ။
သူတို့၏တောင်းလျှောက်ချက်ကိုမလိုက်လျော ပါနှင့်။ လမ်းတွင်လူလေးဆယ်ကျော်ပုန်းကွယ် ချောင်းမြောင်းစောင့်ဆိုင်းလျက်ရှိပါ၏။ ထိုသူ တို့သည်ပေါလုကိုမသတ်ရမချင်း မစား မသောက်ဘဲနေမည်ဟုအဋ္ဌိဋ္ဌာန်ပြုထား ကြပါ၏။ ယခုပင်သူတို့သည်ပေါလုကို သတ်ရန်အသင့်ပြင်ဆင်ကာ အရှင်၏ဆုံး ဖြတ်ချက်ကိုစောင့်ဆိုင်းလျက်ရှိနေကြပါ ပြီ'' ဟုလျှောက်၏။
အာဣမင်းသည်မြို့တွင်းရှိယောကျာ်းအားလုံး ကိုဆင့်ခေါ်၍ ယောရှု၏တပ်နောက်သို့လိုက်စေ သဖြင့်သူတို့သည်မြို့နှင့်အလှမ်းကွာသော အရပ်သို့ရောက်လာကြလေသည်။-
သို့ဖြစ်၍ယောရှုသည်စစ်သူရဲအပေါင်းတို့နှင့် အာဣမြို့သို့ချီတက်ရန်အသင့်ပြင်လေသည်။ သူသည်လက်ရွေးစင်စစ်သူရဲသုံးသောင်းကို ညအချိန်၌စေလွှတ်၍၊-
ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် ဂိဗာမြို့ပတ်လည်၌စစ်သားအချို့ကိုပုန်း အောင်း၍နေစေကြ၏။-
သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ပင် မတပ်ကြီးသည် ဆုတ်ခွာ၍ ဗာလတာမာမြို့၌ ပြန်လည်စုရုံးမိသောအခါ ဂိဗာမြို့ကိုဝိုင်းရံ ထားသောတပ်ပုန်းသည် မိမိတို့ပုန်းအောင်းရာ ကျောက်ပေါများသည့်မြို့ပတ်လည်အရပ်မှ ရုတ်တရက်ထွက်လာကြ၏။-
ဗင်္ယာမိန်အမျိုးသားတို့သည်မိမိတို့အရေး ရှုံးနိမ့်ကြသည်ကိုသိမြင်လာကြ၏။ ဣသရေလအမျိုးသားတို့၏ပင်မတပ်ကြီး သည် ဂိဗာမြို့ပတ်လည်တွင်ချထားသည့်တပ်ပုန်း ကိုအားကိုးကာဗင်္ယာမိန်အမျိုးသားတို့၏ ရှေ့မှဆုတ်ခွာသွားကြ၏။-
ရှေခင်မြို့သားတို့သည်အဘိမလက်အား တောင်ထိပ်များတွင် ချုံခိုချောင်းမြောင်းစေရန် အစောင့်ထားကြ၏။ ထိုအစောင့်တို့သည်ဖြတ် သန်းသွားလာသူတို့၏ဥစ္စာပစ္စည်းများကို လု ယူကြ၏။ ထိုသတင်းကိုအဘိမလက်ကြား သိရလေသည်။
သို့ဖြစ်၍ကိုယ်တော်သည်မိမိ၏လူစုနှင့်ညဥ့် အခါ လာရောက်၍လယ်တောများတွင်ပုန်း အောင်းနေပြီးလျှင်၊-
ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှထွက်လာသောအခါ အာမလက် အမျိုးသားတို့ကဆီးတားကြ၏။ ထို့ကြောင့် ကိုယ်တော်သည်သူတို့အားဒဏ်ခတ်တော် မူမည်။-
ထိုနောက်သူသည်မိမိစစ်သူရဲများနှင့် အတူ အာမလက်မြို့သို့ချီတက်၍ခြောက် သွေ့နေသောမြစ်ဝှမ်းတွင်တပ်စခန်းချ လျက်နေ၏။-