သူတို့က``ကျွန်ုပ်တို့၏နှမကိုအရေဖျားလှီး ခြင်းမင်္ဂလာမခံရသူနှင့်ထိမ်းမြားပေးခွင့် မရှိပါ။ ထိုသို့ပြုလျှင်ကျွန်ုပ်တို့အတွက် ရှက်ဖွယ်ဖြစ်ပါသည်။-
ယောရှု 5:9 - Common Language Bible ထိုနောက်ထာဝရဘုရားသည်ယောရှုအား``အီဂျစ် ပြည်တွင်သင်တို့ကျွန်ခံရသောအရှက်ကိုငါ သည်ယနေ့ဖယ်ရှားပြီ'' ဟုမိန့်တော်မူ၏။ ထို့ ကြောင့်ထိုအရပ်သည်ယနေ့တိုင်အောင်ဂိလ ဂါလ ဟုနာမည်တွင်လေသည်။ Garrad Bible ယော ရှု အား ထာ ဝ ရ ဘု ရား က၊ အိ ဂျစ် ပြည် သား တို့ ကဲ့ ရဲ့ သော ဝန် ကို သင် တို့ အ ပေါ် မှ ယ နေ့ ငါလှိမ့် ချ လိုက် ပြီ ဟု မိန့် တော် မူ သည် ကို အ စွဲ ပြု လျက်၊ ထို အ ရပ် ကို ဂိလ ဂါလ ဟူ၍ ယ နေ့ တိုင် အောင် တွင် သ တည်း။ Judson Bible ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်နှင့်ဆိုင်သော ကဲ့ရဲ့စရာအကြောင်းကို သင်တို့မှ ယနေ့ ငါပယ်ရှင်းပြီဟု ယောရှုအားမိန့်တော်မူ၏။ သို့ဖြစ်၍ ထိုအရပ်ကို ဂိလဂါလဟု ယနေ့တိုင်အောင် ခေါ်ဝေါ်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက ယောရှုအား “သင်တို့ခံရသောအီဂျစ်ပြည်သားတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ယနေ့ ငါဖယ်ရှားပစ်ပြီ”ဟု မိန့်တော်မူ၏။ ထို့ကြောင့် ထိုအရပ်ကို ဂိလဂါလဟု ယနေ့တိုင်ခေါ်ဆိုလေ၏။ |
သူတို့က``ကျွန်ုပ်တို့၏နှမကိုအရေဖျားလှီး ခြင်းမင်္ဂလာမခံရသူနှင့်ထိမ်းမြားပေးခွင့် မရှိပါ။ ထိုသို့ပြုလျှင်ကျွန်ုပ်တို့အတွက် ရှက်ဖွယ်ဖြစ်ပါသည်။-
အပြန်ခရီးတွင်မင်းကြီးအားမြစ်တစ်ဘက် ကမ်းသို့ပို့ဆောင်ပေးရန် ဂိလဂါလမြို့သို့ လာရောက်ကြသည့်ယုဒပြည်သားတို့ သည်ယော်ဒန်မြစ်မှနေ၍ခရီးဦးကြို ပြုကြလေသည်။-
ကွန်တော်မျိုးကြောက်လန့်သည့်စော်ကားမှုမားမှ ကယ်တော်မူပါ။ ကိုယ်တော်ရှင်၏စီရင်ဆုံးဖြတ်တော်မူခက်တို့သည် အံ့သြဖွယ်ကောင်းလှပါသည်တကား။
ထာဝရဘုရားက``အီဂျစ်ပြည်သားများ၊ ယုဒ ပြည်သားများ၊ ဧဒုံပြည်သားများ၊ အမ္မုန်ပြည် သားများ၊ မောဘပြည်သားများနှင့်သဲကန္တာရ တွင်နေထိုင်ကာ ဆံပင်တိုထားသောလူမျိုး အားငါအပြစ်ဒဏ်ခတ်မည့်နေ့ရက်ကာလ ကျရောက်လာတော့မည်။ ထိုသူအပေါင်းတို့ သည်ပဋိညာဉ်သေတ္တာတော်၏သင်္ကေတဖြစ် သည့်အရေဖျားလှီးမင်္ဂလာကိုခံသော်လည်း ငါ၏ပဋိညာဉ်တော်ကိုမစောင့်ထိန်းကြ။ ထို သူအပေါင်းနှင့်ဣသရေလပြည်သားတို့ သည်ငါ၏ပဋိညာဉ်ကိုမစောင့်ထိန်းကြ'' ဟုမိန့်တော်မူ၏။
သူတို့သည်ငယ်ရွယ်စဉ်အခါက အီဂျစ် ပြည်၌နေထိုင်စဉ် ရင်သားကိုပွတ်နယ်ခံရ လျက်အပျိုရည်ပျက်၍ပြည့်တန်ဆာများ ဖြစ်သွားကြ၏။-
သူသည်မိမိအပျိုရည်ပျက်ရသည့်အီဂျစ် ပြည်တွင် စတင်ခဲ့သည့်ပြည့်တန်ဆာအလုပ် ကိုဆက်၍လုပ်၏။ သူငယ်မအရွယ်ကပင် လျှင်ယောကျာ်းတို့သည် သူနှင့်အတူအိပ်စက် ကာသူ့အားပြည့်တန်ဆာကဲ့သို့ပြုကျင့် ခဲ့ကြ၏။-
``အသင်ဣသရေလပြည်သားတို့သည် ငါ့အားသစ္စာမဲ့ကြသော်လည်း ယုဒပြည် သားတို့သည်ထိုအပြစ်မျိုးကိုမကူး လွန်မိပါစေနှင့်၊ ဂိလဂါလမြို့သို့မ ဟုတ်ဗေသလမြို့များတွင်ဘုရားဝတ် ပြုခြင်းမပြုကြနှင့်။ ထိုမြို့များတွင် အသက်ရှင်တော်မူသောထာဝရဘုရား ၏နာမတော်ကိုတိုင်တည်၍ကျိန်တွယ် ပြောဆိုမှုမပြုကြနှင့်။-
``ထိုသူကိုစခန်းအပြင်သို့ထုတ်လော့။ သူ ကျိန်ဆဲခြင်းကိုကြားရသူတိုင်းသည်သူ၏ ဦးခေါင်းပေါ်သို့လက်ကိုတင်၍ဟုတ်မှန်ကြောင်း သက်သေခံရမည်။ ထို့နောက်ဣသရေလ အမျိုးသားအပေါင်းတို့ကသူ့အားခဲဖြင့် ပစ်သတ်ရမည်။-
ဗေရရှေဘမြို့သို့သွား၍မကိုးကွယ်လေ နှင့်။ ငါ့ကိုတွေ့ရန်ဗေသလမြို့၌လည်းမရှာ ကြနှင့်။ ဗေသလမြို့သည်အချည်းနှီးဖြစ် ရတော့မည်။ ဂိလဂါလမြို့သို့လည်းမသွား နှင့်။ ထိုမြို့သားတို့သည်ပြည်ပသို့ဖမ်းသွား ခြင်းကိုအမှန်ပင်ခံရလိမ့်မည်။''
ငါ၏လူမျိုးတော်တို့၊ မောဘပြည့်ရှင်ဗာလက် မင်းက သင်တို့ပျက်စီးရာပျက်စီးကြောင်းမည် ကဲ့သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ ဗောရ ၏သားဗာလမ်ကဘုရင်အားမည်ကဲ့သို့ပြန် ပြောသည်ကိုလည်းကောင်း သတိရကြလော့၊ အကေးရှားစခန်းမှဂိလဂါလမြို့သို့ သွားသောခရီးလမ်းတွင် တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကိုသတိရကြလျှင် ထာဝရဘုရားသည်သင်တို့အားမည်ကဲ့ သို့ ကယ်တင်တော်မူခဲ့ကြောင်းသင်တို့သိ မြင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရား က ``မောဘပြည်သားများနှင့်အမ္မုန်ပြည် သားများသည်ငါ၏လူမျိုးတော်ကိုစော် ကားရန်စကြသည်ကိုလည်းကောင်း၊ သူ တို့၏ပြည်ကိုဝင်ရောက်သိမ်းယူရန်ကြွား ဝါလျက်နေသည်ကိုလည်းကောင်းငါ ကြားသိတော်မူလေပြီ။-
ယောရှုကဆက်လက်၍``ယခုသင်တို့သည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ကိုယ် တော်၏အမှုတော်ကိုစိတ်ထက်သန်စွာသစ္စာ ဖြင့်ဆောင်ရွက်ကြလော့။ မက်ဆိုပိုတေးမီးယား ပြည်နှင့်အီဂျစ်ပြည်တွင်သင်တို့၏ဘိုးဘေး များကိုးကွယ်ခဲ့သောဘုရားများကိုစွန့်ပယ် ၍ထာဝရဘုရားကိုသာကိုးကွယ်ကြလော့။-
လူအပေါင်းတို့သည်ပထမလဆယ်ရက်နေ့ ၌ယော်ဒန်မြစ်ကိုဖြတ်ကူးကြပြီးနောက် ယေရိခေါမြို့အရှေ့၊ ဂိလဂါလအရပ် ၌စခန်းချကြသည်။-
အရေဖျားလှီးခြင်းမင်္ဂလာကိုစီရင်ပြီးနောက် ဣသရေလအမျိုးသားအပေါင်းတို့သည်အနာ ကျက်သည့်တိုင်အောင်စခန်းထဲတွင်နေထိုင် ကြလေသည်။-
ယောနသန်ကလူငယ်အား``ဘုရားမဲ့သူ ဖိလိတ္တိအမျိုးသားတို့၏တပ်စခန်းကို ငါတို့ဝင်ရောက်ကြစို့။ ထာဝရဘုရား သည်ငါတို့အားကူမကောင်းကူမလိမ့်မည်။ အကယ်၍ကိုယ်တော်ကူမတော်မူပါလျှင် ငါတို့သည်အဘယ်မျှပင်အရည်အတွက် အားဖြင့်နည်းသော်လည်းအောင်ပွဲကိုရရှိ ကြမည်'' ဟုဆို၏။
ဒါဝိဒ်သည်အနီး၌ရှိသောလူတို့အား``ဤ ဖိလိတ္တိအမျိုးသားကိုသတ်၍ဣသရေလ အမျိုးသားတို့၏အသရေကိုဆယ်နိုင်သူ သည် အဘယ်အကျိုးကိုခံစားရပါမည် နည်း။ အကယ်စင်စစ်ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားသည်အဘယ်သို့သောသူဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင် ၏တပ်မတော်ကိုအံတု၍နေပါသနည်း'' ဟုဆို၏။-
အကျွန်ုပ်သည်ခြင်္သေ့နှင့်ဝက်ဝံတို့ကိုသတ်ခဲ့သူ ဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင်၏ တပ်မတော်ကိုအံတုသူ၊ ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားအားလည်းသတ်ဖြတ်နိုင်ပါသည်။-
သူသည်နှစ်စဉ်နှစ်တိုင်းဗေသလမြို့၊ ဂိလ ဂါလမြို့၊ မိဇပါမြို့တို့သို့လှည့်လည်သွား ရောက်ကာထိုမြို့တို့တွင်အမှုအခင်းများ ကိုစစ်ဆေးစီရင်လေ့ရှိ၏။-