ဣဇာက်ကထိုရေတွင်းကိုရှေဘဟုမှည့်ခေါ်သော ကြောင့်ထိုမြို့ကိုဗေရရှေဘမြို့ဟုခေါ်တွင်လေ သည်။
ယောရှု 4:9 - Common Language Bible ယောရှုသည်ယော်ဒန်မြစ်လယ်တွင်ပဋိညာဉ် သေတ္တာတော်ကို ပင့်ဆောင်သောယဇ်ပုရောဟိတ် များရပ်သည့်နေရာ၌လည်း ကျောက်တုံးတစ် ဆယ့်နှစ်တုံးကိုစိုက်ထူထား၏။ (ထိုကျောက် တုံးများသည်ထိုနေရာတွင်ယနေ့တိုင် တည်ရှိ၏။-) Garrad Bible ယော် ဒန် မြစ် အ လယ်၊ ပ ဋိ ညာဉ် တော် သေ တ္တာ ကို ပင့် ဆောင် သူ ပ ရော ဟိတ် တို့ နင်း ရာ အ ရပ်၌ ယော ရှု စိုက် ထူ သော ကျောက် ဆယ် နှစ် လုံး သည်၊ ယ နေ့ တိုင် အောင် ရှိ သေး ၏။ Judson Bible တစ်ဖန်တုံ၊ ပဋိညာဉ်သေတ္တာတော်ကိုထမ်းသော ယဇ်ပုရောဟိတ်တို့ နင်းရာအရပ် ယော်ဒန်မြစ်အလယ်၌ ကျောက်တစ်ဆယ်နှစ်လုံးကို ယောရှုသည်စိုက်ထား၍ ယနေ့တိုင်အောင်ရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ယောရှုသည် ပဋိညာဉ်သေတ္တာကို ထမ်းရသောယဇ်ပုရောဟိတ်တို့ခြေချသောနေရာဖြစ်သော ဂျော်ဒန်မြစ်အလယ်၌ ကျောက်တုံးတစ်ဆယ့်နှစ်တုံးကို ချထားလေ၏။ ထိုကျောက်တုံးတို့သည် ယနေ့တိုင်အောင် ထိုနေရာ၌ရှိ၏။ |
ဣဇာက်ကထိုရေတွင်းကိုရှေဘဟုမှည့်ခေါ်သော ကြောင့်ထိုမြို့ကိုဗေရရှေဘမြို့ဟုခေါ်တွင်လေ သည်။
ယာကုပ်သည်နောက်တစ်နေ့နံနက်စောစော အိပ်ရာမှ နိုးထ၍သူခေါင်းအုံးသောကျောက်တုံးကိုယူပြီး လျှင် မှတ်တိုင်အဖြစ်စိုက်ထူလေသည်။ ထိုနောက်မှတ် တိုင်ပေါ်တွင်သံလွင်ဆီလောင်းလျက် ထိုမှတ်တိုင် ကိုဘုရားသခင်အားဆက်ကပ်လေ၏။-
ထိုမြို့တွင်လက်ဦးနေထိုင်ခဲ့ကြသောလူ တို့သည်ဂိတ္တိမ်မြို့သို့ထွက်ပြေးကာ ယနေ့တိုင် အောင်နေထိုင်လျက်ရှိသတည်း။)
သူသည်ဣသရေလဟူသောနာမည်ဖြင့် ထာဝရဘုရားသမုတ်တော်မူသူ ယာကုပ်မှ ဆင်းသက်လာသောတစ်ဆယ့်နှစ်နွယ်ကိုရည် စူး၍ကျောက်ဆယ့်နှစ်လုံးကိုယူပြီးလျှင်၊-
ထမ်းပိုးအဖျားများကိုသန့်ရှင်းရာဌာနတော် အဝင်ဝတစ်နေရာမှတွေ့မြင်နိုင်သော်လည်း အခြားမည်သည့်နေရာကမျှမတွေ့မမြင် နိုင်။ ထိုထမ်းပိုးများသည်ယနေ့တိုင်အောင်ထို နေရာတွင်ရှိပေသေး၏။-
ထာဝရဘုရားကမောရှေအား``ငါရှိရာ တောင်ပေါ်သို့တက်လာလော့။ လူတို့ကိုသွန် သင်ရန်အတွက် ငါရေးထားသောပညတ်အား လုံးပါရှိသည့်ကျောက်ပြားနှစ်ပြားကိုသင့် အားငါအပ်ပေးမည်'' ဟုမိန့်တော်မူ၏။-
ဣသရေလတစ်ဆယ်နှစ်မျိုးကိုရည်ဆောင်၍ ကျောက်မျက်တစ်ဆယ်နှစ်လုံးတွင်တစ်လုံးစီ ၌ ယာကုပ်၏သားတစ်ယောက်စီ၏နာမည်ကို ထွင်းထားရမည်။-
စစ်သားတို့သည်ငွေကိုယူ၍ယဇ်ပုရောဟိတ်ကြီး များသင်ကြားပေးလိုက်သည့်အတိုင်းပြောကြ၏။ စစ်သားတို့ပြောကြားသည့်သတင်းကိုယနေ့တိုင် အောင်ယုဒအမျိုးသားတို့သည်အနှံ့အြုပားပြောဆို ကြ၏။
ထာဝရဘုရားသည်မောဘပြည်၊ ဗက်ပေ ဂုရမြို့တစ်ဘက်ရှိချိုင့်ဝှမ်း၌ မောရှေ၏ အလောင်းကိုသင်္ဂြိုဟ်တော်မူ၏။ သို့ရာတွင် ယနေ့တိုင်အောင်မောရှေ၏သင်္ချိုင်းနေရာ အတိအကျကိုမည်သူမျှမသိရချေ။-
ယောရှုသည်ဤပညတ်များကိုဘုရားသခင်၏ ပညတ်ကျမ်းစာတွင်ရေးထားလေ၏။ ထိုနောက်သူ သည်ကျောက်တုံးကြီးတစ်တုံးကိုထာဝရဘုရား ၏သန့်ရှင်းရာဌာနတော်ရှိဝက်သစ်ချပင် အောက်တွင်စိုက်ထူလေသည်။-
ယောရှုမှတစ်ဆင့်ထာဝရဘုရားမိန့်မှာ သမျှကို လူအပေါင်းတို့ဆောင်ရွက်ပြီးစီး သည်အထိ ယဇ်ပုရောဟိတ်တို့သည်ယော်ဒန် မြစ်လယ်တွင်ရပ်နေကြ၏။ ဤသို့ဆောင် ရွက်ရန်မောရှေမှာကြားခဲ့ခြင်းဖြစ်၏။ လူတို့သည်လည်းမြစ်ကိုအလျင်အမြန် ဖြတ်ကူးကြ၏။-
ထိုသူသည်ဟိတ္တိပြည်သို့သွားပြီးလျှင် မြို့ တစ်မြို့ကိုတည်ထောင်ကာ ထိုမြို့ကိုလုဇမြို့ ဟုခေါ်ဝေါ်သမုတ်သဖြင့် ထိုမြို့သည်ယနေ့ တိုင်အောင်လုဇမြို့ဟူ၍နာမည်တွင်လျက် ရှိသတည်း။
ဒါဝိဒ်သည်ဤသို့ဥပဒေကိုပြုလုပ်ခဲ့သဖြင့် ဣသရေလပြည်တွင်ယင်းဥပဒေသည်ယနေ့ တိုင်အောင်တည်မြဲလျက်ရှိပေသည်။
ထိုနောက်ရှမွေလသည်ကျောက်တုံးတစ်ခုကို ယူ၍ မိဇပါမြို့နှင့်ရှင်မြို့စပ်ကြားတွင်စိုက်ထူ ကာ``ထာဝရဘုရားသည်ငါတို့အားယနေ့ တိုင်အောင်ကူမတော်မူလေပြီ'' ဟုဆိုပြီးလျှင် ထိုကျောက်တုံးကို``ကူမတော်မူရာကျောက်'' (ဧဗနေဇာ) ဟုနာမည်မှည့်လေသည်။-