ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်လာသူတို့ သည်ခြေခြောက်လှမ်းမျှလှမ်းမိသောအခါ ဒါဝိဒ်သည်သူတို့အားရပ်စေပြီးလျှင် ထာဝရ ဘုရားအားနွားထီးတစ်ကောင်နှင့်ဆူဖြိုးသော သိုးတစ်ကောင်ကိုယဇ်ပူဇော်လေသည်။-
ယောရှု 3:3 - Common Language Bible ``သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ယဇ်ပုရောဟိတ်များ ပင့်ဆောင်လာသည်ကိုမြင်လျှင် သင်တို့သည် စခန်းသိမ်း၍သူတို့နောက်သို့လိုက်ကြရ မည်။- Garrad Bible သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ ကိုလည်း ကောင်း၊ ပင့် ဆောင် သော လေ ဝိ ဂိုဏ်း သား ပ ရော ဟိတ် တို့ ကိုလည်း ကောင်း မြင် ကြ လျှင် Judson Bible သင်တို့ဘုရားသခင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာကိုလည်းကောင်း၊ သေတ္တာထမ်းသော ယဇ်ပုရောဟိတ်လေဝိသားတို့ကိုလည်းကောင်းမြင်လျှင်၊ သင်တို့သည် နေရာပြောင်း၍ လိုက်ရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း လူအပေါင်းတို့အား “သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်နှင့် သေတ္တာတော်ကိုသယ်ဆောင်သောလေဝိအမျိုးသားယဇ်ပုရောဟိတ်တို့ကို မြင်သောအခါ ကိုယ့်နေရာမှထွက်၍ သေတ္တာတော်နောက်သို့လိုက်ကြရမည်။ |
ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်လာသူတို့ သည်ခြေခြောက်လှမ်းမျှလှမ်းမိသောအခါ ဒါဝိဒ်သည်သူတို့အားရပ်စေပြီးလျှင် ထာဝရ ဘုရားအားနွားထီးတစ်ကောင်နှင့်ဆူဖြိုးသော သိုးတစ်ကောင်ကိုယဇ်ပူဇော်လေသည်။-
သူတို့သည်သေတ္တာတော်ကိုလှည်းသစ်တစ်စီး တွင်တင်၍ တောင်ကုန်းပေါ်တွင်ရှိသောအဘိ နဒပ်၏အိမ်မှပင့်ဆောင်သွားကြ၏။ အဘိ နဒပ်၏သားများဖြစ်ကြသောသြဇနှင့် အဟိသြတို့သည်ပဋိညာဉ်သေတ္တာတော် လှည်းကိုမောင်းနှင်ရကြ၏။-
ခေါင်းဆောင်အပေါင်းတို့လာရောက်စုဝေးကြ သောအခါ ယဇ်ပုရောဟိတ်တို့သည်ပဋိညာဉ် သေတ္တာတော်ကိုထမ်း၍၊-
ငါ၏ရှေ့မှောက်တွင်ရပ်လျက်မီးရှို့ရာပူဇော် သကာများကိုဆက်သ၍ ယဇ်များကိုပူဇော် ရန်အဘယ်အခါ၌မျှလေဝိအနွယ်ဝင် ယဇ်ပုရောဟိတ်မျိုးမပြတ်စေရန်လည်း ကောင်း ငါထာဝရဘုရားကတိပြု၏'' ဟု မိန့်တော်မူ၏။
ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရား၏သိနာတောင်တော်မှထွက်ခွာ၍ သုံး ရက်ကြာမျှခရီးပြုလေသည်။ သူတို့စခန်း ချရာအရပ်ကိုညွှန်ပြရန် ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်သည်သူတို့ရှေ့မှ အစဉ်သွားရ၏။-
စခန်းသိမ်းချိန်ရောက်၍အာရုန်နှင့်သူ၏သား များက သန့်ရှင်းသောအသုံးအဆောင်ပစ္စည်း အားလုံးတို့ကိုဖုံးအုပ်ပြီးမှသာလျှင် ကော ဟတ်၏သားချင်းစုတို့သည်လာ၍ထိုပစ္စည်း များကိုထမ်းရကြမည်။ ကောဟတ်၏သား ချင်းစုတို့သည်ထိုပစ္စည်းများကိုလက်နှင့် မထိရ။ ထိမိလျှင်အသက်သေဆုံးရ ကြမည်။ တဲတော်ကိုပြောင်းရွှေ့သည့်အခါတိုင်း ကောဟတ်၏သားချင်းစုတို့သည်အဆို ပါတာဝန်များကိုထမ်းဆောင်ကြရမည်။
ထိုနောက်သခင်ယေရှုက ``ငါ့တပည့်ဖြစ်လိုသူ သည်ကိုယ်ကျိုးကိုစွန့်ရမည်။ ကိုယ့်လက်ဝါးကပ် တိုင်ကိုထမ်း၍ငါ့နောက်သို့လိုက်ရမည်။-
ကျမ်းတတ်ဆရာတစ်ယောက်သည်လာ၍ကိုယ် တော်အား ``ဆရာတော်၊ အကျွန်ုပ်သည်အရှင် ကြွတော်မူရာသို့လိုက်ပါမည်'' ဟုလျှောက် ထား၏။
ထို့နောက်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ တော်ကိုထိန်းသိမ်းရသော လေဝိအနွယ်ဝင် ယဇ်ပုရောဟိတ်တို့အား၊-
သို့ဖြစ်၍မောရှေသည်ဘုရားသခင်၏ ပညတ်တရားတော်ကိုရေး၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရသောလေဝိအနွယ်ဝင် ယဇ်ပုရော ဟိတ်များနှင့်ဣသရေလအမျိုးသား ခေါင်းဆောင်များအားပေးအပ်လေသည်။-
သင်တို့သည်ဤလမ်းကိုတစ်ခါမျှမသွား ဘူးသဖြင့် သူတို့ကလမ်းပြလိမ့်မည်။ သို့ ရာတွင်သင်တို့သည်ပဋိညာဉ်သေတ္တာတော် အနီးသို့မချဉ်းကပ်ရ။ သေတ္တာတော်နောက် မှမိုင်ဝက်ခန့်ခွာ၍လိုက်ရကြမည်'' ဟု လူအပေါင်းတို့အားမှာကြားလေ၏။
ထိုနောက်သူသည်ယဇ်ပုရောဟိတ်တို့အား ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်၍ လူထု ရှေ့ကချီတက်ရန်စေခိုင်းသည့်အတိုင်းသူ တို့သည်ချီတက်သွားကြ၏။
ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ကြသော ယဇ်ပုရောဟိတ်များသည်မြစ်ကမ်းစပ်သို့ ရောက်သောအခါ သူတို့ကိုရေထဲ၌ရပ်နေ ရန်မှာကြားလော့'' ဟုမိန့်တော်မူ၏။
ယောရှုမှတစ်ဆင့်ထာဝရဘုရားမိန့်မှာ သမျှကို လူအပေါင်းတို့ဆောင်ရွက်ပြီးစီး သည်အထိ ယဇ်ပုရောဟိတ်တို့သည်ယော်ဒန် မြစ်လယ်တွင်ရပ်နေကြ၏။ ဤသို့ဆောင် ရွက်ရန်မောရှေမှာကြားခဲ့ခြင်းဖြစ်၏။ လူတို့သည်လည်းမြစ်ကိုအလျင်အမြန် ဖြတ်ကူးကြ၏။-
ယောရှုသည်ယဇ်ပုရောဟိတ်များကိုခေါ်ပြီး လျှင်``ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ကြ လော့။ သင်တို့အနက်ခုနစ်ယောက်တို့သည် တံပိုးခရာများကိုကိုင်လျက် ပဋိညာဉ် သေတ္တာတော်ရှေ့ကသွားကြလော့'' ဟုမှာ ကြား၏။-
ထိုသူတို့သည်ကာမဂုဏ်ခံစားမှုနှင့်ကင်း လွတ်သူလူပျိုစင်များဖြစ်၍ သိုးသူငယ် တော်သွားလေရာအရပ်သို့လိုက်ကြ၏။ သူ တို့သည်လူသားတို့အနက်ကရွေးနုတ် ကယ်တင်ခြင်းခံရသဖြင့် ဘုရားသခင်နှင့် သိုးသူငယ်တော်အား အဦးဆုံးဆက်သ ခြင်းခံရသူများဖြစ်ကြသတည်း။-
လေဝိအနွယ်ဝင်တို့သည်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်နှင့် ရွှေရုပ်များပါ ရှိသည့်သေတ္တာကိုချီပင့်ပြီးလျှင်ကျောက်တုံး ကြီးပေါ်တွင်တင်ထားကြ၏။ ထိုနောက်ဗက် ရှေမက်မြို့သားတို့သည်ထာဝရဘုရား အားမီးရှို့ရာယဇ်နှင့်အခြားပူဇော် သကာများကိုတင်လှူကြ၏။-