ထိုနောက်ဖိနဟတ်နှင့်အကြီးအကဲတို့သည် ရုဗင်အနွယ်ဝင်နှင့်ဂဒ်အနွယ်ဝင်တို့နေထိုင် ရာဂိလဒ်ပြည်မှခါနာန်ပြည်သို့ပြန်ရောက် ပြီးလျှင် ဣသရေလအမျိုးသားတို့အား မိမိတို့ဆောင်ရွက်ခဲ့သမျှကိုပြန်ကြား ကြလေသည်။-
ထို သူ တို့ နေ ရာ ဂိ လဒ် နယ် မှ ဣ သ ရေ လ အ မျိုး သား တို့ နေ ရာ ခါ နာန် ပြည် သို့၊ အ ကြီး အ ကဲ တို့ နှင့် တ ကွ ပြန် သွား ကြား ပြော ကြ ၏။
ထိုအခါ ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်နှင့် မင်းများတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုးသားတို့နေရာ ဂိလဒ်ပြည်မှ ဣသရေလအမျိုးသားနေရာ ခါနာန်ပြည်သို့ ပြန်လာ၍ သတင်းကြားပြောသဖြင့်၊
ယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်နှင့်ခေါင်းဆောင်တို့သည် ဂိလဒ်ပြည်ရှိ ရုဗင်သားမြေးနှင့် ဂဒ်သားမြေးတို့ထံမှ အစ္စရေးအမျိုးသားတို့ရှိရာ ခါနာန်ပြည်သို့ပြန်လာ၍ ထိုသူတို့ ပြောသောစကားကို ပြန်ပြောပြကြ၏။
ထိုအခါယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်က``ထာဝရဘုရားသည်ငါတို့နှင့် အတူရှိတော်မူကြောင်းကိုငါတို့ယခုသိ ရကြပြီ။ ကိုယ်တော်အားမပုန်ကန်ခဲ့ကြ သဖြင့်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏ဒဏ်ခတ်တော်မူခြင်း မှလွတ်မြောက်ရကြပြီ'' ဟုသူတို့အား ဆို၏။
ထိုအခါဣသရေလအမျိုးသားတို့သည် ကျေနပ်ဝမ်းမြောက်လျက် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။ သူတို့သည်ရုဗင် အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်တို့နေထိုင်ရာပြည် ကိုစစ်ချီတိုက်ခိုက်ဖျက်ဆီးရန်မကြံစည် ကြတော့ချေ။-