ထိုမြို့တို့နှင့်သက်ဆိုင်ရာလယ်များ၊ ရွာများကို မူယေဖုန္န၏သားကာလက်ကရရှိလေသည်။-
ယောရှု 21:6 - Common Language Bible ဂေရရှုံသားချင်းစုတို့အတွက်မြို့တစ်ဆယ့် သုံးမြို့ကိုဣသခါနယ်မြေ၊ အာရှာနယ်မြေ၊ နဿလိနယ်မြေ၊ အရှေ့မနာရှေနယ်မြေထဲ မှသတ်မှတ်ပေးကြသည်။ Garrad Bible ဂေ ရ ရှုံ့ သား မြေး တို့ သည် ဣ သ ခါ၊ အာ ရှာ၊ နဿ လိ၊ ဗာ ရှန် ပြည် ရှိ မ နာ ရှေ့ အ နွယ် တစ် ဝက် နယ် များ တွင် မဲ ကျ သည့် အ တိုင်း ဆယ့် သုံး မြို့ ကို ရ ကြ ၏။ Judson Bible ဂေရရှုံသားတို့သည် စာရေးတံပြုသောအားဖြင့်၊ ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်၌ မနာရှေခရိုင်ဝက်ထဲက၊ ဆယ်သုံးမြို့ကိုရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း မဲချရာတွင် ဂေရရှုန်အမျိုးတို့သည် ဣသခါအမျိုးအနွယ်၏မျိုးနွယ်စု၊ အာရှာအမျိုးအနွယ်၊ နဿလိအမျိုးအနွယ်၊ ဗာရှန်ပြည်ရှိ မနာရှေအမျိုးအနွယ်တစ်ဝက်တို့ထံမှ မြို့တစ်ဆယ့်သုံးမြို့ကို ရရှိ၏။ |
ထိုမြို့တို့နှင့်သက်ဆိုင်ရာလယ်များ၊ ရွာများကို မူယေဖုန္န၏သားကာလက်ကရရှိလေသည်။-
ဂေရရှုံသားချင်းစုတို့သည် ဣသခါနယ်၊ အာရှာနယ်၊ နဿလိနယ်၊ ဗာရှန်ပြည်အရှေ့ မနာရှေနယ်တို့မှမြို့တစ်ဆယ့်သုံးမြို့ကို အိမ်ထောင်စုအလိုက်မဲချ၍ခွဲဝေယူရ ကြ၏။-
ကျန်ရှိနေသောကောဟတ်သားချင်းစုတို့ အတွက်မြို့ဆယ်မြို့ကိုဧဖရိမ်နယ်မြေ၊ ဒန် နယ်မြေ၊ အနောက်ဘက်မနာရှေနယ်မြေ ထဲမှသတ်မှတ်ပေးကြသည်။
မေရာရိသားချင်းစုတို့အတွက်မြို့တစ်ဆယ့် နှစ်မြို့ကိုရုဗင်နယ်မြေ၊ ဂဒ်နယ်မြေ၊ ဇာဗုလုန် နယ်မြေထဲမှသတ်မှတ်ပေးကြလေသည်။