သူသည်ကိရယတ်ယာရိမ်မြို့ကြီးတွင်နေ ထိုင်ကြကုန်သောဣသရိ၊ ဖုဟိ၊ ရှုမသိနှင့် မိရှရိသားချင်းစုတို့၏ဘိုးဘေးလည်း ဖြစ်၏။ (ဇာရာသိနှင့်ဧရှတောလိအမျိုး သားတို့ကားထိုသားချင်းစုများမှဆင်း သက်လာသူများတည်း။)
ယောရှု 19:41 - Common Language Bible ထိုနယ်မြေတွင်ဇောရာမြို့၊ ဧရှတောလ မြို့၊ ဣရရှေမက်မြို့၊- Judson Bible သူတို့အမွေခံရသော မြို့များဟူမူကား၊ ဇောရာမြို့၊ ဧရှတောလမြို့၊ ဣရရှေမက်မြို့၊ မြန်မာ့စံမီသမ္မာကျမ်း သူတို့ရရှိသောအမွေမြေ၏နယ်နိမိတ်သည် ဇောရာမြို့၊ ဧရှတောလမြို့၊ ရှေမက်မြို့၊ |
သူသည်ကိရယတ်ယာရိမ်မြို့ကြီးတွင်နေ ထိုင်ကြကုန်သောဣသရိ၊ ဖုဟိ၊ ရှုမသိနှင့် မိရှရိသားချင်းစုတို့၏ဘိုးဘေးလည်း ဖြစ်၏။ (ဇာရာသိနှင့်ဧရှတောလိအမျိုး သားတို့ကားထိုသားချင်းစုများမှဆင်း သက်လာသူများတည်း။)
သတ္တမအကြိမ်မဲချ ၍ခွဲဝေပေးသောအခါဒန်အနွယ်မိသား စုတို့သည်နယ်မြေကိုရရှိကြ၏။-
ထိုကာလ၌ဒန်အနွယ်ဝင်ဇောရာမြို့သား မာနော်ဆိုသူလူတစ်ယောက်ရှိ၏။ သူ၏ ဇနီးမှာမြုံ၍နေသဖြင့်သားသမီးမရ နိုင်ပေ။-
သူငယ်သည်ဇောရာမြို့နှင့်ရှေတောလမြို့ စပ်ကြားဒန်တပ်စခန်း၌ရှိနေစဉ် ထာဝရ ဘုရား၏တန်ခိုးတော်သည်သူ့အားစတင် ၍ခွန်အားကြီးမားလာစေတော်မူသည်။
ရှံဆုန်၏ညီများနှင့်အခြားအိမ်ထောင်စု သားတို့သည် လာရောက်၍သူ၏ရုပ်အလောင်း ကိုယူပြီးလျှင် ဇောရာမြို့နှင့်ဧရှတောလ မြို့စပ်ကြားရှိဖခင်ဖြစ်သူမာနော်၏သင်္ချိုင်း ဂူတွင်သင်္ဂြိုဟ်ကြ၏။ သူသည်နှစ်ပေါင်းနှစ် ဆယ်တိုင်တိုင်ဣသရေလလူမျိုး၏ခေါင်း ဆောင်ဖြစ်ခဲ့သတည်း။
ဒန်အမျိုးသားတို့သည်နယ်မြေကိုစူးစမ်း ရှာဖွေရန် မိမိတို့အနွယ်ဝင်အိမ်ထောင်စု အပေါင်းမှ အရည်အချင်းရှိသူလူငါး ယောက်ကိုရွေးချယ်၍ဇောရာမြို့နှင့်ဧရှ တောလမြို့တို့မှစေလွှတ်လိုက်ကြ၏။ ထို သူတို့သည်တောင်ကုန်းဒေသဖြစ်သော ဧဖရိမ်ပြည်သို့ရောက်လာသောအခါ မိက္ခာ၏အိမ်တွင်တည်းခိုကြ၏။-