Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 18:2 - Common Language Bible

2 ဒန်​အ​မျိုး​သား​တို့​သည်​နယ်​မြေ​ကို​စူး​စမ်း ရှာ​ဖွေ​ရန် မိ​မိ​တို့​အ​နွယ်​ဝင်​အိမ်​ထောင်​စု အ​ပေါင်း​မှ အ​ရည်​အ​ချင်း​ရှိ​သူ​လူ​ငါး ယောက်​ကို​ရွေး​ချယ်​၍​ဇော​ရာ​မြို့​နှင့်​ဧ​ရှ တော​လ​မြို့​တို့​မှ​စေ​လွှတ်​လိုက်​ကြ​၏။ ထို သူ​တို့​သည်​တောင်​ကုန်း​ဒေ​သ​ဖြစ်​သော ဧ​ဖ​ရိမ်​ပြည်​သို့​ရောက်​လာ​သော​အ​ခါ မိက္ခာ​၏​အိမ်​တွင်​တည်း​ခို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ဆွေ မျိုး သား ချင်း တို့ အ နက် သူ ရဲ ကောင်း ငါး ယောက် တို့ အား ပြည် ကို အ စစ် အ ဆေး သွား ကြ လော့ ဟု ပြော ဆို လျက် တစ် ပြည် လုံး ကို စူး စမ်း စစ် ဆေး ရန် ဇော ရာ မြို့၊ ဧ ရှ တော လ မြို့ များ မှ စေ လွှတ် လိုက် သည့် အ တိုင်း ဧ ဖ ရိမ် ခင် တန်း ရှိ မိ က္ခာ အိမ် အ နီး ရောက်၍ တည်း ခို နေ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 သို့​ဖြစ်၍ ဒန်​အ​မျိုး​သား​တို့​သည် ပြည်​ကို ကြည့်​ရှု​စူး​စမ်း​စေ​ခြင်း​ငှာ မိ​မိ​တို့​အ​မျိုး​သား ခွန်​အား​ကြီး​သော သူ​ရဲ​ငါး​ယောက်​တို့​ကို သူ​တို့​နေ​ရာ​အ​ရပ် ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ​မြို့​မှ စေ​လွှတ်​လျက်၊ ပြည်​ကို​သွား၍ စူး​စမ်း​ကြ​လော့​ဟု မှာ​လိုက်​ကြ​သည်​အ​တိုင်း၊ သူ​တို့​သည် ဧ​ဖ​ရိမ်​တောင်၊ မိ​က္ခာ​အိမ်​သို့ ရောက်​ပြီး​လျှင် တည်း​ခို၍ နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ထို့ကြောင့် နယ်မြေ​ကို​စူးစမ်း​ရှာဖွေ​ရန် ဒန်​အမျိုးသား​တို့​သည် ဇောရာ​မြို့​၊ ဧရှတောလ​မြို့​ရှိ မိမိ​တို့​မျိုးနွယ်စု​အားလုံး​ထဲမှ ရဲစွမ်းသတ္တိ​ရှိ​သူ​ငါး​ယောက်​အား “​နယ်မြေ​ကို သွား​ရှာ​ကြ​လော့​”​ဟု မှာကြား​၍ စေလွှတ်​လိုက်​၏​။ ထို​သူ​တို့​သည် ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ မိက္ခာ​ဝတ်ကျောင်း​သို့​ရောက်​၍ ညအိပ်နား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 18:2
20 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​သူ​တို့​အ​ကြောင်း​နှင့်​ပတ်​သက်​သော အိပ်​မက်​ကို​သ​တိ​ရ​၍``သင်​တို့​သည်​သူ​လျှို​များ ဖြစ်​၏။ ဤ​တိုင်း​ပြည်​၏​အား​နည်း​ချက်​ကို​ထောက် လှမ်း​ရန်​လာ​ကြ​သူ​များ​ဖြစ်​သည်'' ဟု​စွပ်​စွဲ လိုက်​လေ​၏။


အကြံရှိသောသူသည် သူတပါးနှင့်တိုင်ပင်လျှင်၊ အကြံထမြောက်တတ်၏။ ကောင်းသော တိုင်ပင်ခြင်း ရှိမှသာ စစ်မှုကို ပြုရမည်။


မော​ရှေ​သည်​သူ​တို့​ကို​မ​စေ​လွှတ်​မီ``သင်​တို့ သည်​ဤ​အ​ရပ်​မှ​မြောက်​ဘက်​သို့​သွား​၍ ခါ​နာန် ပြည်​တောင်​ပိုင်း​သို့​ဝင်​ပြီး​လျှင်​တောင်​ကုန်း ဒေ​သ​ပေါ်​သို့​တက်​လော့။-


အ​ခြား​တစ်​နည်း​ဆို​သော်၊ အ​ဘယ်​မည်​သော ဘု​ရင်​သည်​အ​ခြား​ဘု​ရင်​တစ်​ပါး​နှင့်​စစ်​ပြိုင် ရန်​ထွက်​မည်​ပြု​သော​အ​ခါ မိ​မိ​၏​စစ်​သည် တစ်​သောင်း​ဖြင့် စစ်​သည်​နှစ်​သောင်း​နှင့်​ချီ​လာ သော​ဘု​ရင်​အား​ခု​ခံ​နိုင်​ပါ​မည်​လော​ဟု ဦး စွာ​ထိုင်​၍​မ​စဉ်း​စား​ဘဲ​နေ​ပါ​မည်​လော။-


တောင်​ခြေ​များ​ရှိ​မြို့​များ​မှာ​ဧ​ရှ​တော​လ မြို့၊ ဇော​ရာ​မြို့၊ အာ​ရှ​နာ​မြို့၊-


ထို​နယ်​မြေ​တွင်​ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ မြို့၊ ဣ​ရ​ရှေ​မက်​မြို့၊-


ထို​နောက်​ယော​ရှု​သည်​ခါ​နာန်​ပြည်​၏​အ​ခြေ​အ​နေ၊ အ​ထူး​သ​ဖြင့်​ယေ​ရိ​ခေါ​မြို့​၏​အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း​ရန် သူ​လျှို​နှစ်​ဦး​ကို​စ​ခန်း​ချ​ရာ​အ​ကေ​ရှ​အ​ရပ်​မှ​စေ​လွှတ်​လိုက်​လေ​သည်။ သူ​တို့​သည်​ယေ​ရိ​ခေါ​မြို့​သို့​သွား​ရောက်​သော အ​ခါ​ရာ​ခပ်​နာ​မည်​ရှိ​ပြည့်​တန်​ဆာ​မ​အိမ် တွင်​တစ်​ည​တည်း​ခို​ကြ​လေ​သည်။-


ယေ​ရိ​ခေါ​မြို့​မင်း​ကြီး​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ချို့ တိုင်း​ပြည်​၏​အ​ခြေ​အ​နေ ကို​ထောက်​လှမ်း​ရန်​ရောက်​ရှိ​နေ​သည့်​သ​တင်း ကို​ကြား​သိ​ရ​သ​ဖြင့်၊-


ထို​ကာ​လ​၌​ဒန်​အ​နွယ်​ဝင်​ဇော​ရာ​မြို့​သား မာ​နော်​ဆို​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ​၏ ဇ​နီး​မှာ​မြုံ​၍​နေ​သ​ဖြင့်​သား​သ​မီး​မ​ရ နိုင်​ပေ။-


သူ​ငယ်​သည်​ဇော​ရာ​မြို့​နှင့်​ရှေ​တော​လ​မြို့ စပ်​ကြား​ဒန်​တပ်​စ​ခန်း​၌​ရှိ​နေ​စဉ် ထာ​ဝ​ရ ဘု​ရား​၏​တန်​ခိုး​တော်​သည်​သူ့​အား​စ​တင် ၍​ခွန်​အား​ကြီး​မား​လာ​စေ​တော်​မူ​သည်။


ရှံ​ဆုန်​၏​ညီ​များ​နှင့်​အ​ခြား​အိမ်​ထောင်​စု သား​တို့​သည် လာ​ရောက်​၍​သူ​၏​ရုပ်​အ​လောင်း ကို​ယူ​ပြီး​လျှင် ဇော​ရာ​မြို့​နှင့်​ဧ​ရှ​တော​လ မြို့​စပ်​ကြား​ရှိ​ဖ​ခင်​ဖြစ်​သူ​မာ​နော်​၏​သင်္ချိုင်း ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။ သူ​သည်​နှစ်​ပေါင်း​နှစ် ဆယ်​တိုင်​တိုင်​ဣ​သ​ရေ​လ​လူ​မျိုး​၏​ခေါင်း ဆောင်​ဖြစ်​ခဲ့​သ​တည်း။


အ​ခါ​တစ်​ပါး​က​မိက္ခာ​အ​မည်​ရှိ​သော​လူ တစ်​ယောက်​သည် ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ တွင်​နေ​ထိုင်​၏။-


သို့​ဖြစ်​၍​ဒန်​အ​နွယ်​ဝင်​လူ​ပေါင်း​ခြောက်​ရာ တို့​သည် တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ပြင်​လျက် ဇော​ရာ​မြို့​နှင့်​ဧ​ရှ​တော​လ​မြို့​တို့​မှ​ထွက်​ခွာ သွား​လေ​သည်။-


သူ​တို့​သည်​ထို​အ​ရပ်​မှ​ဆက်​လက်​၍​ခ​ရီး ပြု​ကြ​ရာ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​ရှိ​မိက္ခာ ၏​အိမ်​သို့​ရောက်​ကြ​၏။


ထို​အိမ်​တွင်​ရှိ​နေ​စဉ်​လူ​တို့​သည်​လေဝိ​လူ ငယ်​ပြော​ဆို​သည့်​စ​ကား​သံ​ကို​သ​တိ​ထား မိ​ကြ​သ​ဖြင့် သူ့​ထံ​သို့​သွား​ပြီး​လျှင်``သင် သည်​ဤ​အ​ရပ်​သို့​အ​ဘယ်​ကြောင့်​ရောက်​နေ ပါ​သ​နည်း။ သင့်​အား​ဤ​အ​ရပ်​သို့​အ​ဘယ် သူ​ခေါ်​ဆောင်​လာ​ပါ​သ​နည်း'' ဟု​မေး​ကြ​၏။


ထို​သူ​ငါး​ယောက်​တို့​သည်​ဇော​ရာ​မြို့​နှင့် ဧ​ရှ​တော​လ​မြို့​တို့​သို့​ပြန်​လည်​ရောက်​ရှိ ကြ​သော​အ​ခါ အ​မျိုး​သား​ချင်း​တို့​က``သင် တို့​အ​ဘယ်​သို့​စုံ​စမ်း​တွေ့​ရှိ​ခဲ့​ရ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။-


ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ရှင်​ဘု​ရင်​မ​ပေါ်​မ​ရှိ သေး​မီ​ကာ​လ​၌ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ အ​စွန်​အ​ဖျား​တွင်​နေ​ထိုင်​သော​လေ​ဝိ​အ​မျိုး သား​တစ်​ယောက်​သည် ယု​ဒ​ပြည်​ဗက်​လင်​မြို့ သူ​တစ်​ယောက်​ကို​အ​ပျော်​မ​ယား​အ​ဖြစ် သိမ်း​ယူ​၏။-


လေ​ဝိ​အ​မျိုး​သား​က​လည်း``ကျွန်ုပ်​တို့​သည် ယု​ဒ​ပြည်​ဗက်​လင်​မြို့​သို့​သွား​ရောက်​ခဲ့​ပြီး နောက် ကျွန်ုပ်​တို့​၏​နေ​အိမ်​ရှိ​ရာ​ဧ​ဖ​ရိမ် တောင်​ကုန်း​ဒေ​သ​အ​စွန်း​အ​ဖျား​သို့​ပြန် ရန်​ခ​ရီး​သွား​နေ​ကြ​ပါ​၏။ ကျွန်ုပ်​တို့​အား ဤ​ည​အ​တွက်​တည်း​ခို​ရန်​ဖိတ်​ခေါ်​သူ မ​ရှိ​ပါ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ