ဗုက္ကိ၏အဖသည်အဘိရွှ၊ အဘိရွှ၏အဖ သည် ဖိနဟတ်၊ ဖိနဟတ်၏အဖမှာဧလာဇာ၊ ဧလဇာ၏အဖကားအာရုန်ဖြစ်သတည်း။
ယောရှု 14:1 - Common Language Bible ယော်ဒန်မြစ်အနောက်ဘက်ရှိခါနာန်ပြည် ကို ဣသရေလအမျိုးသားတို့အားခွဲဝေ ပေးပုံကိုဖော်ပြပေအံ့။ ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုနှင့်ဣသရေလ အနွယ်များ၏မိသားစုခေါင်းဆောင်တို့က ဣသရေလအမျိုးသားတို့အားထိုပြည် ကိုခွဲဝေပေးကြ၏။- Garrad Bible မော ရှေ အား ဖြင့် ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည် နှင့် အ ညီ၊ ကိုး နွယ် နှင့် တစ် ဝက် တို့ အား ပ ရော ဟိတ် ဧ လာ ဇာ၊ နုန့် သား ယော ရှု နှင့် ဣ သ ရေ လ အ မျိုး အ နွယ် အိမ် ထောင် အ အုပ် အ ချုပ် တို့ မဲ ချ ဝေ ပေး ကြ သည့် အ တိုင်း၊ ခါ နာန် ပြည်၌ ဣ သ ရေ လ အ မျိုး သား တို့ အ ပိုင် ရ သော နယ် များ ကို ဆို ပေ အံ့။ Judson Bible ခါနာန်ပြည်၌လည်း ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုအစရှိသော ဣသရေလအမျိုးအနွယ်တို့၌ မင်းဖြစ်သောသူတို့သည် အမွေဝေဖန်၍ ဣသရေလ အမျိုးသားတို့သည် အမွေခံရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ခါနာန်ပြည်တွင် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သား ယောရှုနှင့် အစ္စရေးအမျိုးအနွယ်တို့၏အိမ်ထောင်စုအကြီးအမှူးများက အမွေခွဲပေး၍ အစ္စရေးအမျိုးသားတို့ ရရှိသောအမွေမြေကား ဤသို့တည်း။ |
ဗုက္ကိ၏အဖသည်အဘိရွှ၊ အဘိရွှ၏အဖ သည် ဖိနဟတ်၊ ဖိနဟတ်၏အဖမှာဧလာဇာ၊ ဧလဇာ၏အဖကားအာရုန်ဖြစ်သတည်း။
ဣသရေလအနွယ်အပေါင်းတို့အားမြေယာ ကိုခွဲဝေပေးပြီးနောက် ထာဝရဘုရားအဖို့ မြေတစ်ကွက်ကိုမြင့်မြတ်သန့်ရှင်းသောနယ် မြေအဖြစ်သီးသန့်ထားရမည်။ ယင်းသည် အလျားရှစ်မိုင်၊ အနံခြောက်မိုင်ရှိရမည်။ ထိုနယ်မြေတစ်ခုလုံးသည်မြင့်မြတ်သန့် ရှင်းလိမ့်မည်။-
သို့ဖြစ်၍မောရှေကဣသရေလအမျိုးသား တို့အား``ဤနယ်မြေသည်ထာဝရဘုရားက သင်တို့အနွယ်ကိုးနွယ်နှင့် အနွယ်တစ်ဝက်တို့ အားသတ်မှတ်ပေးသောနယ်မြေဖြစ်၍ သင်တို့ သည်မဲချယူကြရမည်။-
ထိုနောက်ခါနာန်ပြည်နေလူခုနစ်မျိုးတို့ ကိုဖယ်ရှားပြီးလျှင်ထိုပြည်ကို၊-
သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးပြီး သောအခါ ထာဝရဘုရားသည်ထိုပြည်ကို သင်တို့အားသိမ်းပိုက်နေထိုင်စေတော်မူလိမ့် မည်။ ထာဝရဘုရားသည်သင်တို့ကိုရန်သူ အပေါင်းတို့၏ဘေးရန်မှကာကွယ်တော်မူ သဖြင့် သင်တို့သည်ငြိမ်းချမ်းစွာနေထိုင် နိုင်လိမ့်မည်။-
သိမ်းယူရန်ကျန်ရှိနေသေးသောနယ်မြေ များတွင် လေဗနုန်တောင်နှင့်မိသရဖောသ မိမ်မြို့စပ်ကြားတောင်ကုန်းဒေသတွင် နေ ထိုင်သောဇိဒုန်အမျိုးသားတို့၏နယ်မြေ အားလုံးလည်းပါဝင်သည်။ ဣသရေလ အမျိုးသားတို့သည်ဤပြည်များကိုသိမ်း ယူရန်ချီတက်လာသည့်အခါ သူတို့အား လုံးကိုငါနှင်ထုတ်မည်။ ငါသည်သင့်အား မိန့်မှာထားသည့်အတိုင်းဣသရေလ အမျိုးသားတို့အတွက်နယ်မြေအားလုံး ကိုခွဲဝေပေးရမည်။-
ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု နှင့်ဣသရေလအနွယ်ဝင်မိသားစုတို့၏ အကြီးအကဲတို့သည်ရှိလောမြို့တွင်ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ နယ်မြေများကိုမဲချ ပြီးထာဝရဘုရား၏အလိုတော်နှင့်အညီ ခွဲဝေပေးလေသည်။ ဤနည်းအားဖြင့်ပြည် ကိုခွဲဝေပေးသည့်အမှုပြီးဆုံးလေ၏။
လေဝိအနွယ်မိသားစုခေါင်းဆောင်တို့သည် ခါနာန်ပြည်၊ ရှိလောမြို့နေယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုနှင့်ဣသရေလ အနွယ်အပေါင်းတို့၏မိသားစုအကြီးအကဲ တို့ထံသို့ချဉ်းကပ်၍``ထာဝရဘုရားသည် အကျွန်ုပ်တို့နေထိုင်ရန်မြို့များနှင့်အကျွန်ုပ် တို့၏သိုးနွားများအတွက် ယင်းမြို့များပတ် ဝန်းကျင်ရှိစားကျက်များကိုသတ်မှတ်ပေး ရမည်ဟူ၍ မောရှေမှတစ်ဆင့်မိန့်မှာတော် မူခဲ့ပါသည်'' ဟုလျှောက်ထားကြ၏။-