ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လစ်ဗြားနှင့်ခါနာန်တို့သည်ကား သူတို့၏ နာမည်ကိုခံယူကြသူလူမျိုးတို့၏ဖခင် များဖြစ်ကြ၏။-
ယောရှု 13:3 - Common Language Bible နှင့်တောင်ပိုင်းရှိအာဝိအမျိုးသားတို့ပိုင်တစ် နယ်လုံးကိုသိမ်းယူရန်ကျန်ရှိနေသေးသည်။ (အီဂျစ်ပြည်နယ်နိမိတ်တွင်ရှိသောရှိဟောရ ချောင်းမှ မြောက်ဘက်ဧကြုန်နယ်နိမိတ်အထိ ကျယ်ပြန့်သောနယ်မြေသည် ခါနာန်အမျိုး သားတို့နေထိုင်ရာနယ်မြေဖြစ်၏။ ဖိလိတ္တိ မင်းတို့သည်ဂါဇမြို့၊ အာဇုတ်မြို့၊ ဧရှ ကလုန်မြို့၊ ဂဒ်မြို့နှင့်ဧကြုန်မြို့များတွင် စိုးစံသည်။-) Judson Bible အဲဂုတ္တုပြည်အရှေ့၊ ရှိဟောရမြစ်မှစ၍ မြောက်မျက်နှာ၌ ဧကြုန်မြို့နယ်တိုင်အောင်၊ ခါနနိလူနေသောပြည်၊ ဖိလိတ္တိမင်းငါးပါးတည်းဟူသော ဂါဇသိလူ၊ အာဇောတိလူ၊ ဧရှကလောနိလူ၊ ဂိတ္တိလူ၊ ဧကြောနိလူနှင့်တကွ၊ အာဝိလူနေသောပြည်၊ မြန်မာ့စံမီသမ္မာကျမ်း ခါနာန်လူမျိုးတို့နေထိုင်ရာ အီဂျစ်ပြည်အရှေ့ဘက်ရှိဟောရမြစ်မှ မြောက်ဘက်ဧကြုန်နယ်နိမိတ်အထိ၊ ဖိလိတ္တိဘုရင်ငါးပါးအုပ်ချုပ်သည့် ဂါဇပြည်၊ အာဇုတ်ပြည်၊ အာရှကေလုန်ပြည်၊ ဂိတ္တိပြည်၊ ဧကြုန်ပြည်မှစ၍ အာဝိပြည်အပါအဝင် |
ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လစ်ဗြားနှင့်ခါနာန်တို့သည်ကား သူတို့၏ နာမည်ကိုခံယူကြသူလူမျိုးတို့၏ဖခင် များဖြစ်ကြ၏။-
ထိုအချိန်ထိုနေရာ၌ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူ၏။ ထာဝရ ဘုရားက၊-
ဗိမာန်တော်တွင်ရှောလမုန်နှင့်ဣသရေလ အမျိုးသားအပေါင်းတို့သည် သစ်ခက်တဲနေ ပွဲတော်ကိုခုနစ်ရက်တိုင်တိုင်ကျင်းပကြလေ သည်။ လူအုပ်ကြီးမှာမြောက်ဘက်ဟာမတ်တောင် ကြားလမ်းမှသည် တောင်ဘက်အီဂျစ်ပြည်နယ် စပ်တိုင်အောင်အနှံ့အပြားအရပ်ရပ်မှလာ ရောက်သူများဖြစ်သတည်း။-
သို့ဖြစ်၍ဒါဝိဒ်သည်တောင်ဘက်အီဂျစ်နယ် စပ်မှ မြောက်ဘက်ဟာမတ်တောင်ကြားလမ်းသို့ တိုင်အောင် နိုင်ငံတစ်ဝှမ်းလုံးမှဣသရေလ ပြည်သားအပေါင်းတို့အားလာရောက်စုဝေး ကြရန်ခေါ်ယူလေသည်။ သူတို့သည်ကိရ ယတ်ယာရိမ်မြို့မှ ပဋိညာဉ်သေတ္တာတော်ကို ဆောင်ယူကြရန်စုဝေးကြ၏။-
ပင်လယ်ရပ်ခြားသို့စေလွှတ်၍အီဂျစ် ပြည်မှထွက်သည့်ကောက်ပဲသီးနှံများ ကိုရောင်းဝယ်ကာလူမျိုးတကာတို့နှင့် ကုန်သွယ်မှုကိုပြုစေကြ၏။
ယခုသင်သည်နိုင်းမြစ်ရေသောက်ရန်အီဂျစ်ပြည်သို့ သွားခြင်းဖြင့်အကျိုးရှိမည်ဟုထင်သလော။ ဥဖရတ်မြစ်ရေသောက်ရန်အာရှုရိပြည်သို့ သွားခြင်းဖြင့်အကျိုးရှိမည်ဟုထင်သလော။
ကရေတေကျွန်းသားတို့သည်မြေထဲ ပင်လယ်ကမ်းခြေတွင် အခြေချနေထိုင် ကြ၏။ သူတို့သည်မူလနေထိုင်သူအာဝိမ် လူမျိုးကိုသုတ်သင်ဖယ်ရှားပြီးလျှင် သူ တို့၏ပြည်ကိုတောင်ဘက်ဂါဇာမြို့အထိ သိမ်းပိုက်လိုက်ကြသည်။)
သို့ရာတွင်ဣသရေလအမျိုးသားတို့ သည်ဂေရှုရိအမျိုးသားနှင့်မာခါအမျိုး သားတို့ကိုနှင်မထုတ်ကြသဖြင့် သူတို့ သည်ယနေ့တိုင်အောင်ဣသရေလနိုင်ငံ တွင်နေထိုင်လျက်ရှိကြသည်။
ဖိလိတ္တိဘုရင်ငါးပါးတို့သည်ဒေလိလထံ သို့လာ၍``ရှံဆုန်သည်အဘယ်ကြောင့်ဤမျှ ခွန်အားကြီးရကြောင်းကိုလည်းကောင်း၊ သူ့ အားအဘယ်သို့နှိမ်နင်း၍ချည်နှောင်ထား နိုင်ကြောင်းကိုလည်းကောင်းသိရှိရန်သူ့အား ဖြားယောင်း၍မေးပါ။ ငါတို့တစ်ယောက်လျှင် ငွေတစ်ဆယ့်တစ်ပိဿာစီပေးပါမည်'' ဟုပြော၏။
ထိုပြည်တွင်ကျန်ရှိနေသောလူမျိုးများမှာ ဖိလိတ္တိမြို့ငါးမြို့မှဖိလိတ္တိလူမျိုး၊ ခါနာန် လူမျိုးအားလုံး၊ ဇိဒုန်လူမျိုးနှင့်ဗာလဟေ ရမုန်တောင်မှဟာမတ်တောင်ကြားလမ်းအထိ တည်ရှိသောလေဗနုန်တောင်ပေါ်တွင်နေထိုင် သည့်ဟိဝိလူမျိုးတို့ဖြစ်ကြ၏။-
ဖိလိတ္တိအမျိုးသားတို့သည်ပဋိညာဉ်သေတ္တာ တော်ကိုသိမ်းယူကြပြီးလျှင် ဧဗနေဇာမြို့ မှမိမိတို့နေထိုင်ရာအာဇုတ်မြို့သို့ပင့်ဆောင် ကာ၊-
သို့ဖြစ်၍သူတို့သည်ပဋိညာဉ်သေတ္တာတော်ကို အခြားဖိလိတ္တိမြို့တစ်မြို့ဖြစ်သောဧကြုန်မြို့ သို့ပို့လိုက်ကြ၏။ ထိုမြို့သို့သေတ္တာတော်ရောက် ရှိသောအခါလူတို့က``သူတို့သည်ငါတို့ ရှိသမျှကိုသတ်ရန်ဣသရေလအမျိုးသား တို့ကိုးကွယ်သည့်ဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုငါတို့ထံသို့ပင့်ဆောင်လာကြလေ ပြီ'' ဟုဟစ်အော်ကြကုန်၏။-
ထို့ကြောင့်သူတို့သည်ဖိလိတ္တိဘုရင်ငါးပါး တို့ထံစေတမန်များလွှတ်၍ဖိတ်ခေါ်ပြီး လျှင်``ဣသရေလအမျိုးသားတို့ကိုးကွယ် သောဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုငါ တို့အဘယ်သို့ပြုရကြမည်နည်း'' ဟုမေး ကြ၏။ ဘုရင်တို့က``ဂါသမြို့သို့ပင့်ဆောင်သွား ကြလော့'' ဟုဆိုသဖြင့်ပဋိညာဉ်သေတ္တာ တော်ကိုအခြားဖိလိတ္တိမြို့တစ်မြို့ဖြစ် သောဂါသမြို့သို့ပင့်ဆောင်သွားကြ၏။-
ဖိလိတ္တိခေါင်းဆောင်များက``ငါတို့သည် အဘယ်ပူဇော်သကာကိုပေးလှူရပါမည် နည်း'' ဟုမေးကြလျှင် သူတို့က``သင်တို့သည်ဘုရင်ငါးပါးကိုတစ် ပါးလျှင် ရွှေအနာစိမ်းရုပ်ငါးခုနှင့်ရွှေကြွက် ရုပ်ငါးခုပြုလုပ်၍ပေးလှူရကြမည်။ ဘုရင် ငါးပါးနှင့်သင်တို့အပေါင်းသည် ကပ်ရောဂါ တစ်မျိုးတည်းသင့်ရကြသည်ဖြစ်ရာ၊-