ဤဘုရင်ငါးပါးတို့သည်မဟာမိတ်ဖွဲ့၍ ယခုအခါပင်လယ်သေဟုခေါ်သော စိဒ္ဒိမ် ချိုင့်ဝှမ်းတွင်စစ်စခန်းချလျက်ရှိကြ၏။-
ယောရှု 12:3 - Common Language Bible ထို့အပြင်မြောက်ဘက်ဂါလိလဲအိုင်မှ ပင်လယ်သေအရှေ့ဘက်ရှိ ဗက်ယေရှိမုတ် မြို့တိုင်အောင်တည်ရှိသောယော်ဒန်မြစ်ဝှမ်း၊ ထိုမှတစ်ဖန်ပိသဂါတောင်ခြေအထိ ကျယ်ပြန့်သောနယ်မြေလည်းပါဝင်သည်။ Judson Bible အရှေ့မျက်နှာ၌လွင်ပြင်မှစ၍ ဂင်္နေသရက်အိုင်နှင့် လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်အရှေ့ဘက် ဗက်ယေရှိမုတ်မြို့သို့ သွားရာလမ်း၊ အာဇုတ်ပိသဂါမြို့အနား၊ တောင်မျက်နှာမှ လာရာလမ်းတိုင်အောင်လည်းကောင်း အစိုးရ၍၊ ဟေရှဘုန်မြို့၌နေသော အာမောရိရှင်ဘုရင်ရှိဟုန်တစ်ပါး၊ မြန်မာ့စံမီသမ္မာကျမ်း အရာဗလွင်ပြင်မှ ဂင်နေသရက်အိုင်အရှေ့ဘက်အထိ၊ ဆားပင်လယ်ဟုခေါ်သောအရာဗပင်လယ်မှ အရှေ့ဘက်ဗက်ယေရှိမုတ်မြို့အထိ၊ တောင်ဘက် ပိသဂါတောင်ခြေအထိ၊ |
ဤဘုရင်ငါးပါးတို့သည်မဟာမိတ်ဖွဲ့၍ ယခုအခါပင်လယ်သေဟုခေါ်သော စိဒ္ဒိမ် ချိုင့်ဝှမ်းတွင်စစ်စခန်းချလျက်ရှိကြ၏။-
ထိုမြို့များနှင့်ချိုင့်ဝှမ်းတစ်လျှောက်လုံးရှိလူတို့နှင့်အပင်တို့ကိုသေကြေပျက်စီးစေတော်မူ၏။-
ဗင်္ဟာဒဒ်မင်းသည် အာသအကြံပေးသည့်အတိုင်း ဆောင်ရွက်ရန်သဘောတူသဖြင့် မိမိ၏တပ်မှူး များနှင့်စစ်သည်တော်တို့ကိုစေလွှတ်၍ဣသရေလ မြို့များကိုတိုက်ခိုက်စေတော်မူ၏။ သူတို့သည် နဿလိနယ်မြေတစ်ခုလုံးအပြင်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့နှင့်ဂင်္နေသရက် နယ်တို့ကိုသိမ်းဆည်းကြ၏။-
ငါသည်ထိုပြည်၏ကျက်သရေဆောင်ဗက် ယေရှိမုတ်၊ ဗာလမောင်နှင့်ကိရယသိမ်မြို့ များအပါအဝင်နယ်ခြားခံတပ်မြို့တို့ ကိုရန်သူတို့အားတိုက်ခိုက်စေမည်။-
ဗာမုတ်စခန်းမှသဲကန္တာရကိုမျက်နှာမူနေသော ပိသဂါတောင်ခြေရှိမောဘချိုင့်ဝှမ်းသို့လည်း ကောင်းခရီးဆက်ကြလေသည်။
ထိုမှတစ်ဖန်တောင်ဘက်အဣနအရှေ့သို့ လည်းကောင်း၊ ထိုနောက်ဂါလိလဲအိုင်အရှေ့ ဘက်ကမ်းခြေရှိ တောင်ကုန်းများကိုဖြတ် ကျော်ပြီးလျှင်၊-
တစ်နေ့သ၌ကိုယ်တော်သည်ဂင်နေသရက် အိုင်ကမ်းခြေတွင်ရပ်လျက်နေတော်မူစဉ် လူ တို့သည်ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာရန်ကိုယ်တော်၏အနီးသို့တိုးကြိတ် လာကြ၏။-
ထိုသို့မိန့်တော်မူပြီးနောက်သခင်ယေရှုသည် ဂါလိလဲအိုင် (တိဗေရိအိုင်ဟုလည်းခေါ်သည်) ကိုကူးတော်မူ၏။-
သူတို့၏နယ်မြေသည်အနောက်ဘက်ယော်ဒန် မြစ်သို့လည်းကောင်း၊ မြောက်ဘက်ဂါလိလဲ အိုင်သို့လည်းကောင်း၊ တောင်ဘက်ပင်လယ်သေ သို့လည်းကောင်း၊ အရှေ့ဘက်ပိသဂါတောင် ခြေသို့လည်းကောင်းကျယ်ဝန်းသည်။''
ထိုနယ်မြေတွင်ယော်ဒန်မြစ်အရှေ့ဘက်ရှိ ဒေသတစ်ခုလုံးပါဝင်၏။ ယင်းဒေသသည် တောင်ဘက်ပင်လယ်သေအထိ အရှေ့ဘက် ပိသဂါတောင်ခြေအထိကျယ်ဝန်းလေသည်။
မြောက်ဘက်တောင်ကုန်းဒေသ၊ ဂါလိလဲ အိုင်တောင်ဘက်ယော်ဒန်မြစ်ဝှမ်း၊ တောင်ခြေ ရပ်နှင့်အနောက်ဘက်ဒေါရနယ်ကမ်းခြေ ရှိမင်းများထံသို့လည်းကောင်းအကြောင်း ကြားလိုက်လေသည်။-
ဗက်ပေဂုရမြို့၊ ပိသကာတောင်စောင်းနှင့် ဗက်ယေရှိမုတ်မြို့များပါဝင်သည်။-
တောင်ဘက်နယ်နိမိတ်သည်ပင်လယ်သေတောင် ဘက်စွန်းမှစ၍ တောင်ဘက်ရှိအကရဗ္ဗိမ် တောင်ကြားကိုဖြတ်ပြီးလျှင်ဇိနမြို့အထိ ရောက်သည်။ ထိုမှတစ်ဖန်ကာဒေရှဗာနာမြို့ ၏တောင်ဘက်သို့သွား၍ဟေဇရုန်မြို့ကိုဖြတ် လျက်အာဒါမြို့ဘက်သို့တက်ပြီးလျှင် ကာ ကာမြို့ဘက်သို့ကွေ့ပြီးနောက်အဇမုန်မြို့ သို့ရောက်လေသည်။ ထိုနောက်အီဂျစ်ပြည်နယ် စပ်ရှိချောင်းကိုလိုက်၍မြေထဲပင်လယ်တွင် အဆုံးသတ်သည်။ ဤကားယုဒနယ်မြေ၏ တောင်ဘက်နယ်နိမိတ်ဖြစ်သတည်း။
အရှေ့ဘက်နယ်နိမိတ်သည်ပင်လယ်သေ တောင်ဘက်စွန်းမှ ယော်ဒန်မြစ်စီးဝင်သည့် မြစ်ဝအထိဖြစ်သည်။ မြောက်ဘက်နယ်နိမိတ်သည်ထိုမြစ်ဝမှ အစပြု၍၊-
ရေစီးရပ်တန့်၍မြစ်ညာဘက်အတန်ကွာ ဝေးသောနေရာ၌ တည်ရှိသည့်ဇာရတန် မြို့အနီးအာဒံမြို့၌ရေစုပုံလျက်ရှိလေ သည်။ ပင်လယ်သေထဲသို့စီးဆင်းသောမြစ် ရေသည်ပြတ်သွားသဖြင့် လူအပေါင်းတို့ သည်ယေရိခေါမြို့အနီးတစ်ဘက်ကမ်း သို့ဖြတ်ကူးနိုင်ကြလေသည်။-