သူတို့သည်ဒေါသထွက်၍လူတို့ကိုသတ် လျက် နွားထီးများ၏ခြေတို့ကိုအပျော်သက်သက် ရိုက်ချိုးခဲ့ကြသောကြောင့် ငါသည်သူတို့၏လျှို့ဝှက်ကြံစည်မှု၌ ပါဝင်မည်မဟုတ်။ သူတို့၏အစည်းအဝေးသို့လည်း တက်ရောက်မည်မဟုတ်။
ယောရှု 11:9 - Common Language Bible ယောရှုသည်ထာဝရဘုရားမိန့်တော်မူ သည့်အတိုင်း ရန်သူမြင်းများ၏ခြေကြော များကိုဖြတ်၍ စစ်ရထားများကိုမီးရှို့ ဖျက်ဆီးလေသည်။ Garrad Bible ယော ရှု လည်း ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း၊ မြင်း များ၏ သ ခေါက် ကြော ကို ဖြတ် ခြင်း၊ ရ ထား တပ် ကို မီး တိုက် ခြင်း များ ကို ပြု လေ၏။ Judson Bible ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် မြင်းတို့၏ခြေကြောကိုဖြတ်၍ ရထားတို့ကို မီးရှို့လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယောရှုသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မြင်းများ၏တံကောက်ကြောကိုဖြတ်၍ စစ်ရထားများကို မီးရှို့ပစ်လေ၏။ |
သူတို့သည်ဒေါသထွက်၍လူတို့ကိုသတ် လျက် နွားထီးများ၏ခြေတို့ကိုအပျော်သက်သက် ရိုက်ချိုးခဲ့ကြသောကြောင့် ငါသည်သူတို့၏လျှို့ဝှက်ကြံစည်မှု၌ ပါဝင်မည်မဟုတ်။ သူတို့၏အစည်းအဝေးသို့လည်း တက်ရောက်မည်မဟုတ်။
မြင်းတပ်သားတစ်ထောင်ခုနစ်ရာနှင့်ခြေလျင် တပ်သားနှစ်သောင်းကိုဖမ်းဆီးရမိတော် မူ၏။ မင်းကြီးသည်ရထားအစီးတစ်ရာ အတွက်မြင်းတစ်ရာကိုသိမ်း၍ ကျန်သော မြင်းရှိသမျှတို့၏ခြေကြောကိုဖြတ် လေ၏။-
ကိုယ်တော်က``တိုက်ခိုက်မှုကိုရပ်စဲကြလော့၊ ငါသည်လူမျိုးတကာတို့တွင်လည်းကောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်း ဘုရားဖြစ်တော်မူသည်ကိုသိမှတ်ကြလော့'' ဟု မိန့်တော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် သင်၏ရန်သူဖြစ်၏။ သင့်ရထားများကိုငါ မီးရှို့ပစ်မည်။ သင်၏စစ်သည်တပ်သားတို့သည် စစ်ပွဲတွင်ကျဆုံးကြလိမ့်မည်။ သူတစ်ပါး တို့ထံမှ သင်သိမ်းယူထားသည့်ဥစ္စာပစ္စည်း မှန်သမျှကိုငါဖယ်ရှားမည်။ သင်၏သံတမန် တို့၏တောင်းဆိုသံများကိုကြားကြရ တော့မည်မဟုတ်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားကယောရှုအား``သူတို့ ကိုမကြောက်နှင့်။ နက်ဖြန်နေ့ဤအချိန် သို့ရောက်လျှင်ငါသည်သူတို့အားလုံးကို ဣသရေလအမျိုးသားတို့လက်သို့ အသေအပ်မည်။ သင်သည်သူတို့၏မြင်း များခြေကြောကိုဖြတ်၍စစ်ရထား များကိုမီးရှို့ရမည်'' ဟုမိန့်တော်မူ၏။-