အကျွန်ုပ်သည်ရန်သူတို့အားနာလန်မထူ နိုင်အောင် ချေမှုန်းပါ၏။ သူတို့သည်အကျွန်ုပ်၏ခြေရင်းတွင်လဲ၍ အညံ့ခံကြပါ၏။
ယောရှု 10:24 - Common Language Bible ယောရှုထံသို့ခေါ်ဆောင်ခဲ့ကြလေသည်။ ထို အခါယောရှုသည်ဣသရေလအမျိုးသား အပေါင်းတို့နှင့် မိမိနှင့်အတူစစ်ချီတိုက် ခိုက်ခဲ့သောဗိုလ်မှူးများကိုမိမိထံသို့ဆင့် ခေါ်၏။ ဗိုလ်မှူးတို့အား``ထိုမင်းတို့၏လည်ပင်း ကိုခြေဖြင့်နင်းကြ'' ဟုအမိန့်ပေးသည့် အတိုင်းသူတို့သည်ခြေဖြင့်နင်းကြ၏။- Garrad Bible ယော ရှု သည် ဣ သ ရေ လ သူ ရဲ အ ပေါင်း တို့ ကို ခေါ် ပြီး လျှင်၊ နောက် ပါ စစ် ကဲ တို့ အား ထို ဘု ရင် တို့ လည် ကို ချဉ်း၍ နင်း ကြ လော့ ဟု မိန့် ဆို သည့် အ လျောက်၊ ချဉ်း ၍ နင်း ကြ ရာ၊ Judson Bible ယောရှုထံသို့ရောက်ပြီးမှ၊ ယောရှုသည် မိမိနှင့်အတူ စစ်ချီသော ဗိုလ်မင်းတို့နှင့် ဣသရေလလူအပေါင်းတို့ကိုခေါ်လျှင်၊ ချဉ်းလာကြ။ ဤမင်းကြီးတို့၏ လည်ကုပ်အပေါ်၌ ခြေကိုတင်ကြဟု ဗိုလ်မင်းတို့အားဆိုသည်အတိုင်း၊ သူတို့သည် ချဉ်းလာ၍ ထိုမင်းကြီးတို့၏ လည်ကုပ်အပေါ်၌ ခြေကိုတင်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုရှင်ဘုရင်တို့ကို ယောရှုထံခေါ်ဆောင်လာသောအခါ ယောရှုက အစ္စရေးတစ်မျိုးသားလုံးကို ဆင့်ခေါ်ပြီးလျှင် သူနှင့်အတူစစ်ချီခဲ့သောစစ်သူရဲအကြီးအမှူးတို့အား “လာကြ၊ ဤရှင်ဘုရင်တို့၏လည်ပင်းကို တက်နင်းကြ”ဟု ဆို၏။ သူတို့လည်း လာ၍ရှင်ဘုရင်တို့၏လည်ပင်းကို တက်နင်းကြ၏။ |
အကျွန်ုပ်သည်ရန်သူတို့အားနာလန်မထူ နိုင်အောင် ချေမှုန်းပါ၏။ သူတို့သည်အကျွန်ုပ်၏ခြေရင်းတွင်လဲ၍ အညံ့ခံကြပါ၏။
ကိုယ်တော်ရှင်သည်အကျွန်ုပ်၏ရှေ့မှရန်သူများကို ထွက်ပြေးစေတော်မူပါ၏။ အကျွန်ုပ်သည်မိမိကိုမုန်းသောသူတို့အား သုတ်သင်ဖျက်ဆီးခွင့်ကိုရပါ၏။
ကိုယ်တော်သည်ယင်းသို့ဖိစီးနှိပ်စက်သူများအား စက်ဆုပ်ရွံရှာ၍ လမ်းမရှိသည့်သဲကန္တာရတွင်လှည့်လည် သွားလာစေတော်မူ၏။
ထာဝရဘုရားက ``ငါသည်သင်၏ရန်သူများကိုသင်၏ ခြေတင်ခုံဖြစ်စေမည်။ ယင်းသို့မဖြစ်မီကာလငါ၏လက်ယာဘက် တွင် ထိုင်နေလော့'' ဟု ငါ၏အရှင်မင်းမြတ်အားမိန့်တော်မူ၏။
ဘုရားရှင်သည်အရှင်မင်းကြီး၏လက်ယာ ဘက်တွင် ရှိတော်မူပါ၏။ အမျက်ထွက်တော်မူရာနေ့ရက်၌ကိုယ်တော် သည် ဘုရင်အပေါင်းတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ထံမှရန်သူ များကို ထွက်ပြေးစေတော်မူပါ၏။ ကျွန်တော်မျိုးသည်လည်းမိမိကိုမုန်းသူတို့အား ချေမှုန်းသုတ်သင်ပစ်ပါ၏။
သင်သည်ခြင်္သေ့နှင့်မြွေ၊ကြောက်မက်ဖွယ်ကောင်းသည့် ခြင်္သေ့နှင့်မြွေဆိုးတို့ကိုခြေဖြင့်နင်းရလိမ့် မည်။
ထိုစပျစ်ရည်ကိုသင်တို့အားညှဉ်းဆဲနှိပ်စက် သူများ၊ သင်တို့အားလမ်းများပေါ်တွင်လဲလျောင်းစေ၍၊ မြေမှုန့်သဖွယ်ခြေနှင့်နင်းကြသူများအား ငါပေးအပ်မည်'' ဟုမိန့်တော်မူပါ၏။
ငါတရားစီရင်တော်မူရာနေ့ရက်ကာလ ၌ သင်တို့သည်သူယုတ်မာများကိုအနိုင် ရကြလိမ့်မည်။ သူတို့သည်သင်တို့ခြေ ဖဝါးအောက်မှမြေမှုန့်သဖွယ်ဖြစ်လိမ့်မည်။''
ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်စာတန် အား သင်တို့၏ခြေအောက်တွင်မကြာမီချေမှုန်း တော်မူလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်ကိုသင်တို့ ခံစားကြရပါစေသော။
ဣသရေလအမျိုးသားတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားသင်တို့ကိုကယ်တင်သောကြောင့် သင်တို့သည်ထူးခြားသည့်လူမျိုးဖြစ်သည်။ သင်တို့ကိုကာကွယ်ရန်နှင့်ရန်သူကိုအောင် မြင်ရန် ထာဝရဘုရားကိုယ်တော်တိုင် သင်တို့၏ဒိုင်းလွှားသင်တို့၏ဋ္ဌားဖြစ်တော် မူ၏။ သင်တို့၏ရန်သူတို့သည်အသနားခံရန် သင်တို့ထံသို့လာကြလိမ့်မည်။ ထိုအခါသင်တို့သည်သူတို့ကိုနင်းချေ ကြလိမ့်မည်။
ဘုရားသခင်က၊ ``သင့်ရန်သူများကိုသင်၏ခြေဖဝါးအောက်သို့ ငါမရောက်စေမီကာလအတွင်း၊ ငါ၏လက်ယာဘက်တွင်ထိုင်နေလော့'' ဟုအဘယ်ကောင်းကင်တမန်ကိုမျှမိန့်တော် မမူခဲ့ဘူးပါ။
ထိုနောက်သူသည်မိမိ၏သားဦးယေသာ အား ထိုသူတို့ကိုထ၍သတ်ရန်စေခိုင်းလေ သည်။ သို့ရာတွင်သူငယ်သည်မိမိဋ္ဌားကိုဆွဲ ၍မထုတ်ဘဲနေ၏။ သူသည်အသက်အရွယ် ငယ်သောကြောင့်ယင်းသို့တုံ့နှေးလျက်နေ ခြင်းဖြစ်သည်။