ဤအတောအတွင်း၌ယွာဘသည် အမ္မုန်ပြည် ၏မြို့တော်ရဗ္ဗာမြို့ကိုတိုက်ခိုက်သဖြင့်မြို့ တော်ကျခါနီးသောအခါ၊-
ယောရှု 10:2 - Common Language Bible ယေရုရှလင်မြို့သားတို့သည်အလွန်ကြောက် လန့်ကြ၏။ အဘယ်ကြောင့်ဆိုသော်ဂိဗောင် မြို့သည်မင်းနေပြည်တော်မြို့များကဲ့သို့ ကြီးကျယ်ခမ်းနားသောမြို့ဖြစ်သောကြောင့် လည်းကောင်း၊ အာဣမြို့ထက်ကြီး၍မြို့သား တို့သည်တိုက်ရည်ခိုက်ရည်ကောင်းသူများ ဖြစ်သောကြောင့်လည်းကောင်းဖြစ်သတည်း။- Judson Bible ဂိဗောင်မြို့သည် မြို့တော်ကဲ့သို့ ကြီးစွာသောမြို့၊ အာဣမြို့ထက်ကြီး၍ မြို့သားယောက်ျားအပေါင်းတို့သည် ခွန်အားနှင့်ပြည့်စုံသောကြောင့် အလွန်ကြောက်ရွံ့ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အလွန်ကြောက်လေ၏။ အကြောင်းမူကား ဂိဗောင်မြို့သည် မင်းနေပြည်တော်မြို့ကဲ့သို့ ခမ်းနားကြီးကျယ်သောမြို့ဖြစ်၏။ အာဣမြို့ထက်ကြီး၍ ထိုမြို့ရှိယောက်ျားအပေါင်းတို့သည်လည်း စစ်သူရဲများဖြစ်ကြ၏။ |
ဤအတောအတွင်း၌ယွာဘသည် အမ္မုန်ပြည် ၏မြို့တော်ရဗ္ဗာမြို့ကိုတိုက်ခိုက်သဖြင့်မြို့ တော်ကျခါနီးသောအခါ၊-
မတရားသောသူကြောက်တတ်သော အမှုသည် သူ့အပေါ်သို့ ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူ တောင့်တသော အကျိုးကိုကား၊ ဘုရားသခင် ပေးတော်မူ မည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရား ကတိတော်ရှိသည့်အတိုင်း သင်တို့ရောက်ရာ အရပ်တွင်ရှိသောလူအပေါင်းတို့သည် သင် တို့ကိုကြောက်ရွံ့ကြလိမ့်မည်။ မည်သူကမျှ သင်တို့ကိုမခုခံနိုင်။''
ယနေ့တွင်အရပ်ရပ်ရှိလူအပေါင်းတို့သည် သင်တို့ကိုကြောက်ရွံ့ထိတ်လန့်စေရန်ငါစီရင် မည်။ သင်တို့နာမည်ကိုကြားရရုံမျှနှင့် လူ တိုင်းကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်' ဟုမိန့် တော်မူ၏။''
ထိုအခါသင်တို့သည်ထာဝရဘုရားရွေး ချယ်သောလူမျိုးတော်ဖြစ်ကြောင်းကို ကမ္ဘာ ပေါ်ရှိလူမျိုးအပေါင်းတို့ကသိမြင်သဖြင့် သင်တို့ကိုကြောက်ရွံ့ကြလိမ့်မည်။-
ငါတို့သည်တရားစီရင်တော်မူခြင်းကိုလည်း ကောင်း၊ ဘုရားသခင်ကိုအတိုက်အခံပြုသူ တို့အားကျွမ်းလောင်စေမည့်အမျက်တော်မီး ကိုလည်းကောင်းကြောက်ရွံ့တုန်လှုပ်လျက်စောင့် မျှော်နေကြရန်သာရှိတော့၏။-
အသက်ရှင်တော်မူသောဘုရားသခင်၏ လက်တော်သို့ကျရောက်ရခြင်းသည် ကြောက် မက်ဖွယ်ကောင်းလှပါသည်တကား။
ထာဝရဘုရားသည်အကျွန်ုပ်တို့အား ထိုပြည်တစ်ပြည်လုံးကိုမုချပေးတော်မူ ပြီ။ ပြည်သူပြည်သားအပေါင်းတို့သည် အကျွန်ုပ်တို့ကိုကြောက်လန့်လျက်ရှိကြ ပါသည်'' ဟုဆိုကြ၏။
ထိုအခါသူတို့က``ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် ဤပြည်တစ်ပြည်လုံးကို သင်တို့အားပေးမည်ဟူ၍လည်းကောင်း၊ ပြည် သူပြည်သားအားလုံးတို့ကိုသတ်ဖြတ်သုတ် သင်ရမည်ဟူ၍လည်းကောင်း မိမိ၏အစေခံ မောရှေအားမိန့်တော်မူကြောင်းအကျွန်ုပ်တို့ ကြားသိရသဖြင့် သေဘေးကိုကြောက်ရွံ့ သောကြောင့်ထိုကဲ့သို့ပြုမိပါပြီ။-
ဟိဝိအမျိုးသားများဖြစ်သောဂိဗောင်မြို့ သားတို့သည် ယေရိခေါမြို့နှင့် အာဣမြို့များ ကိုယောရှုမည်ကဲ့သို့တိုက်ခိုက်အောင်မြင်ခဲ့ ကြောင်းကြားသိရသောအခါ၊-
ဒါဝိဒ်သည်အာခိတ်အား``အရှင်သည်အကျွန်ုပ် အပေါ်မိတ်ဆွေကဲ့သို့သဘောထားပါလျှင် အကျွန်ုပ်အားမြို့ကလေးတစ်မြို့တွင်နေထိုင် ခွင့်ပြုတော်မူပါ။ ဤမြို့တော်ကြီးတွင်အရှင် နှင့်အတူအကျွန်ုပ်နေထိုင်ရန်မလိုပါ'' ဟု လျှောက်၏။-