ထာဝရအရှင်ဘုရားသခင်ကမိန်းမအား``သင် သည်အဘယ်ကြောင့်ထိုသို့ပြုရသနည်း'' ဟု မေးတော်မူလျှင် ``မြွေကကျွန်မကိုလှည့်စား သဖြင့်စားမိပါသည်'' ဟုပြန်လည်လျှောက် လေ၏။
ယောန 1:10 - Common Language Bible ထိုနောက်ဆက်လက်၍မိမိသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးတိမ်းရှောင်လာသူဖြစ်ကြောင်းကိုလည်းထိုသူတို့အားပြောပြ၏။ သင်္ဘောသားတို့သည်ကြောက်လန့်ကြကုန်လျက် ``သင်ပြုသည့်အမှုသည်ထိတ်လန့်ဖွယ်ကောင်းလှပါသည်တကား'' ဟုဆိုကြ၏။- Garrad Bible ထို သူ တို့ သည် အ လွန် ကြောက် လန့်၍၊ သင် သည် မည် သို့ ပြု ဘိ သ နည်း ဟု မေး ကြ၏။ ထို သို့ မေး သည့် အ ကြောင်း ကား၊ ယော န သည် ထာ ဝ ရ ဘု ရား ထံ တော် မှ ထွက် ပြေး ကြောင်း ကို သူ တို့ အား ဖော် ပြ၍ သိ နှင့် ကြ သော ကြောင့် တည်း။ Judson Bible ထိုသူတို့သည် အလွန်ကြောက်ရွံ့၍၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မေးကြ၏။ ယောနသည် ထာဝရဘုရားထံတော်မှ မိမိပြေးကြောင်းကို ဖော်ပြသောကြောင့် သူတို့သိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် သူသည် ထာဝရဘုရားထံတော်မှ ထွက်ပြေးခဲ့ကြောင်းကို လူတို့အား ပြောပြသဖြင့် သူတို့သိသွားကြသောအခါ အလွန်ကြောက်ရွံ့ထိတ်လန့်၍ သူ့အား “အဘယ်ကြောင့် ဤသို့ပြုသနည်း”ဟု ဆိုကြ၏။ |
ထာဝရအရှင်ဘုရားသခင်ကမိန်းမအား``သင် သည်အဘယ်ကြောင့်ထိုသို့ပြုရသနည်း'' ဟု မေးတော်မူလျှင် ``မြွေကကျွန်မကိုလှည့်စား သဖြင့်စားမိပါသည်'' ဟုပြန်လည်လျှောက် လေ၏။
သို့ရာတွင်ယွာဘက``အရှင်မင်းကြီး၊ အရှင် ၏ဘုရားသခင်ထာဝရဘုရားသည်ဣသ ရေလအမျိုးသားတို့အား ယခုထက်အဆ တစ်ရာပို၍တိုးပွားအောင်ပြုတော်မူပါ စေသော။ အရှင်သည်လည်းယင်းသို့တိုးပွား သည်ကိုတွေ့မြင်ရသည်တိုင်အောင်အသက် ရှည်တော်မူပါစေသော။ သို့ရာတွင်အရှင် မင်းကြီးသည်အဘယ်ကြောင့်ဤအမှု ကိုပြုတော်မူလိုပါသနည်း'' ဟုဒါဝိဒ် အားလျှောက်လေ၏။-
ထိုအခိုက်တွင်လေမုန်တိုင်းသည်ပြင်းထန်သည်ထက်ပိုမိုပြင်းထန်၍လာ၏။ သို့ဖြစ်၍သင်္ဘောသားတို့က``လေမုန်တိုင်းရပ်စဲသွားစေရန်ငါတို့သည် သင့်အားအဘယ်သို့ပြုသင့်ပါသနည်း'' ဟုယောနအားမေးကြ၏။
သို့ရာတွင်ယောနသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးရန်ယုပ္ပေသင်္ဘောဆိပ်သို့သွား၏။ ယုပ္ပေမြို့သို့ရောက်လျှင်စပိန်ပြည်သို့ထွက်ခွာသွားတော့မည်ဖြစ်သောသင်္ဘောကိုအဆင်သင့်တွေ့လေ၏။ ယောနသည်သင်္ဘောခကိုပေးပြီးလျှင် ထာဝရဘုရားနှင့်ဝေးရာစပိန်မြို့သို့သင်္ဘောသားများနှင့်အတူလိုက်ရန်သင်္ဘောပေါ်သို့တက်လေ၏။
ယောရှုကအာခန်အား``သင်သည်အဘယ် ကြောင့်ငါတို့အားဒုက္ခရောက်စေသနည်း။ ယခုထာဝရဘုရားသည်သင့်အားဒုက္ခ ရောက်စေတော်မူမည်'' ဟုဆိုလေ၏။ ထိုနောက် ဣသရေလအမျိုးသားအပေါင်းတို့သည် အာခန်ကိုကျောက်ခဲဖြင့်ပစ်၍သတ်ကြ၏။ သူ၏မိသားစုကိုလည်းကျောက်ခဲဖြင့်ပစ် ၍သတ်ပြီးလျှင် သူ၏ပစ္စည်းများနှင့်အတူ မီးရှို့လိုက်ကြ၏။-