သင်တို့သည် တန်ခိုးအာနုဘော်တော်ကြောင့် မကြောက်ကြသလော။ ကြောက်မက်ဘွယ်သော ဂုဏ် တော်ကြောင့် မထိတ်လန့်ကြသလော။
ယောဘဝတ္တု။ 9:34 - Common Language Bible ငါ့ကိုဒဏ်ခတ်တော်မမူပါစေနှင့်။ ပြုတော်မူသော ဘေးကြောင့် ငါမကြောက်ပါစေနှင့်။ Garrad Bible အာ ဏာ တော့် ရိုက် ဒဏ် ကို၊ ငါ၌ ရပ် စဲ၍၊ ဘေး လည်း ငါ့ အား မ ချောက် ပါ စေ နှင့်။ Judson Bible ငါ့ကို ဒဏ်ခတ်တော်မမူပါစေနှင့်။ ပြုတော်မူသောဘေးကြောင့် ငါမကြောက်ပါစေနှင့်။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မိမိ၏ကြိမ်လုံးကို ငါ့ထံမှဖယ်ရှားတော်မူပါစေသော။ ကြောက်ရွံ့ထိတ်လန့်ဖွယ်သောအရာတို့ဖြင့် ငါ့ကိုမခြောက်လှန့်ပါစေနှင့်။ |
သင်တို့သည် တန်ခိုးအာနုဘော်တော်ကြောင့် မကြောက်ကြသလော။ ကြောက်မက်ဘွယ်သော ဂုဏ် တော်ကြောင့် မထိတ်လန့်ကြသလော။
ငါသည် ဘုရားသခင်ဖျက်ဆီးတော်မူခြင်းဘေး ကို ကြောက်ရွံ့၍၊ တန်ခိုးအာနုဘော်တော်ကြောင့် မပြစ် မှားဝံဘဲနေပါပြီ။
သင်သည် ကြောက်ရွံ့ရမည်အကြောင်း ငါ၌ ကြောက်မက်ဘွယ်သော အရာမရှိ။ သင့်အပေါ်မှာ ငါသည် လေးသောလက်ကိုမတင်။
ထပ်မံ၍ကျွန်တော်မျိုးအား အပြစ်ဒဏ်ပေးတော်မမူပါနှင့်။ ကိုယ်တော်ရှင်ပေးတော်မူသည့် ဒဏ်ရာဒဏ်ချက်များကြောင့်ကျွန်တော်မျိုး သည် သေလုပါပြီ။
ကိုယ်တော်ရှင်သည်လူအားသူ၏ အပြစ်ဒုစရိုက်အတွက်ဆုံးမ၍အပြစ်ဒဏ် ပေးတော်မူပါ၏။ သူနှစ်သက်စွဲလန်းသောအရာတို့ကိုပိုးဖလံ ကဲ့သို့ ကိုယ်တော်ဖျက်ဆီးပစ်တော်မူပါ၏။ အကယ်စင်စစ်လူသည်ထွက်သက်ဝင်သက်မျှသာ ဖြစ်ပါသည်တကား။
ငါသည်သူတို့ပြုသည့်ဒုစရိုက်များအတွက် အပြစ်ပေးမည်။ သူတို့၏အမှားများအတွက်ဒဏ်ခတ်မည်။
အဘယ်သူသည်ကိုယ်တော်ရှင်၏အမျက်တော် အရှိန် အပြည့်အဝကိုခံဖူးပါသနည်း။ ကိုယ်တော်ရှင်၏အမျက်တော်သည်မည်မျှ ကြောက်လန့်ဖွယ်ကောင်းကြောင်းကို အဘယ်သူသည်သိရှိပါသနည်း။