ယောဘဝတ္တု။ 31:23 - Common Language Bible23 ငါသည် ဘုရားသခင်ဖျက်ဆီးတော်မူခြင်းဘေး ကို ကြောက်ရွံ့၍၊ တန်ခိုးအာနုဘော်တော်ကြောင့် မပြစ် မှားဝံဘဲနေပါပြီ။ အခန်းကိုကြည့်ပါ။Garrad Bible23 အ သို့ ဆို သော်၊ ဘု ရား သ ခင် ထံ မှ သင့် လ တ္တံ့ သော ဘေး ဥ ပဒ် ကို ကြောက် ရွံ့၍၊ မြင့် မြတ် တော် မူ သော ကြောင့်၊ မည် သည့် အ ပြစ် ကို မျှ ငါ မ ပြု ဝံ့ ချေ။ အခန်းကိုကြည့်ပါ။Judson Bible23 ငါသည် ဘုရားသခင် ဖျက်ဆီးတော်မူခြင်းဘေးကို ကြောက်ရွံ့၍၊ တန်ခိုးအာနုဘော်တော်ကြောင့် မပြစ်မှားဝံ့ဘဲနေပါပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 ဘုရားသခင်ထံမှလာမည့်ဘေးဒုက္ခကို ငါကြောက်၏။ ဘုန်းတော်ကြောင့် မည်သည့်အမှုကိုမျှ ငါမပြုဝံ့ပါ။ အခန်းကိုကြည့်ပါ။ |
ဤအိမ်တွင်သခင်၏သြဇာညောင်းရသကဲ့သို့ ကျွန်တော်၏သြဇာလည်းညောင်းရပါသည်။ သခင်သည်သခင်မမှလွဲလျှင်ကျွန်တော်၏ လက်သို့မအပ်သောအရာဟူ၍မရှိပါ။ သို့ ဖြစ်၍ကျွန်တော်သည်အဘယ်သို့လျှင် ဤမျှ ဆိုးယုတ်သောအမှုကိုပြု၍ဘုရားသခင် ကိုပြစ်မှားနိုင်ပါမည်နည်း'' ဟုပြောလေ၏။-
ငါ၏အလျင်ဘုရင်ခံလုပ်ခဲ့သူတို့သည် ပြည်သူတို့အားဝန်လေးစေခဲ့ကြ၏။ သူ တို့ထံမှရိက္ခာနှင့်စပျစ်ရည်အတွက်တစ် နေ့လျှင် ငွေဒင်္ဂါးလေးဆယ်တောင်းယူခဲ့ ကြလေသည်။ ထိုဘုရင်ခံတို့၏အစေ အပါးများသည်ပင်လျှင်ပြည်သူတို့အား ညှဉ်းပန်းနှိပ်စက်ခဲ့ကြ၏။ ငါမူကား ဘုရားသခင်အားကြောက်ရွံ့ရိုသေသူ ဖြစ်သဖြင့်ထိုသို့မပြု။-