သူတို့အဖက``သင်တို့သည်ငါ့သားများကို တစ်ယောက်ပြီးတစ်ယောက်ဆုံးပါးစေတော့ မည်လော။ ယောသပ်လည်းမရှိ။ ရှိမောင်လည်း မရှိ။ ယခုဗင်္ယာမိန်ကိုခေါ်ဆောင်သွားကြ ဦးမည်လော။ ငါ၌အတိဒုက္ခရောက်ရပါ သည်တကား'' ဟုဆိုလေ၏။
ယောဘဝတ္တု။ 7:7 - Common Language Bible ငါ့အသက်သည် လေသက်သက်ဖြစ်ကြောင်းကို အောက်မေ့တော်မူပါ။ နောက်တဖန်ကောင်းသော အကျိုးကို ငါမမြင်ရ။ Garrad Bible အ ကျွန်ုပ် အ သက် သည် လေ ဖြစ် ကြောင်း ကို သ တိ ရ တော် မူ ပါ။ ကောင်း စား ခြင်း ကို ထပ် မံ၍ မြင် ရ တော့ မည် မ ဟုတ်။ Judson Bible ငါ့အသက်သည် လေသက်သက်ဖြစ်ကြောင်းကို အောက်မေ့တော်မူပါ။ နောက်တစ်ဖန် ကောင်းသောအကျိုးကို ငါမမြင်ရ။ မြန်မာ့စံမီသမ္မာကျမ်း ငါ့အသက်သည် လေသက်သက်သာဖြစ်ကြောင်း အောက်မေ့တော်မူပါ။ ကောင်းစားခြင်းကို ပြန်ကြုံတွေ့ရတော့မည်မဟုတ်ပါ။ |
သူတို့အဖက``သင်တို့သည်ငါ့သားများကို တစ်ယောက်ပြီးတစ်ယောက်ဆုံးပါးစေတော့ မည်လော။ ယောသပ်လည်းမရှိ။ ရှိမောင်လည်း မရှိ။ ယခုဗင်္ယာမိန်ကိုခေါ်ဆောင်သွားကြ ဦးမည်လော။ ငါ၌အတိဒုက္ခရောက်ရပါ သည်တကား'' ဟုဆိုလေ၏။
ကိုယ်တော်ကမောရှေအားထားတော်မူသည့် ကတိတော်ကိုသတိရတော်မူပါ။ ``သင် တို့သည်ငါ့ကိုသစ္စာဖောက်လျှင် ငါသည် သင်တို့အားလူအမျိုးမျိုးတို့တွင်ကွဲ လွင့်စေမည်။-
သရွတ်ကိုလုပ်သကဲ့သို့ အကျွန်ုပ်ကိုလုပ်တော်မူကြောင်းကို အောက်မေ့တော်မူပါ။ တဖန်မြေမှုန့် ဖြစ်စေတော်မူမည်လော။
ငါသည်အားလျော့လျက်ရှိ၏။ အစဉ်မပြတ်အသက်မရှင်ရာ။ ငါ့ကိုတတ်တိုင်း ရှိစေတော်မူပါ။ ငါ့အသက်သည် အခိုးအငွေ့ဖြစ်၏။
တမြို့မှတမြို့သို့ စာပို့သောလုလင်ထက်၊ ငါ့နေ့ ရက်တို့သည် လျင်မြန်၍၊ ကောင်ကျိုးကိုမခံရဘဲ ပြေးတတ် ကြ၏။
အရိပ်တမျှခဏသာအသက်ရှင်ပါ၏။ သူပြုသမျှသောအမှုအရာတို့သည်ဘာမျှ အကျိုးမရှိ။ သူသည်စည်းစိမ်ဥစ္စာကိုစုဆောင်းသော်လည်း အဘယ်အရာကိုအဘယ်သူရရှိလိမ့်မည်ကို သူမသိ။
``အို ထာဝရဘုရား၊ ကောင်းချီးမင်္ဂလာကိုထပ်မံ၍ချပေးတော်မူပါ။ ကျွန်တော်မျိုးတို့အားကရုဏာစိတ်ဖြင့် ကြည့်တော်မူပါ'' ဟုလူအများကဆုတောင်း ကြ၏။
သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ရန်သူတို့သည်ကိုယ်တော်ရှင် အား ပြက်ရယ်ပြုကြသည်ကိုလည်းကောင်း၊ သူတို့သည်ဘုရားမဲ့၍ကိုယ်တော်ရှင်အား မထီမဲ့မြင် ပြုကြသည်ကိုလည်းကောင်းသတိရတော်မူပါ။
အို ဘုရားသခင်၊ ထတော်မူ၍ကိုယ်တော်ရှင်၏အာဏာကို တည်စေတော်မူပါ။ ဘုရားမဲ့သူတို့သည်ကိုယ်တော်ရှင်အားတစ်နေ့လုံး ပြက်ရယ်ပြုကြသည်ကိုသတိရတော်မူပါ။
ထိုသူတို့ကားလူသားများသာဖြစ်ကြောင်း၊ အနီးမှဖြတ်၍တိုက်ကာ ပျောက်ကွယ်သွားတတ်သောလေကဲ့သို့ ဖြစ်ကြောင်းကိုသတိရတော်မူ၏။
ကျွန်တော်မျိုး၏အသက်သည်အဘယ်မျှတိုကြောင်း အောက်မေ့သတိရတော်မူပါ။ ကိုယ်တော်ရှင်သည်သေမျိုးဖြစ်သော ကျွန်တော်မျိုးအပေါင်းတို့အားဖန်ဆင်းထား တော်မူသည်ကိုအောက်မေ့သတိရတော်မူပါ။
ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုးသည် အဘယ်သို့ အစော်ကားခံရသည်ကိုလည်းကောင်း၊ ဘုရားမဲ့သူတို့၏ကျိန်ဆဲခြင်းများကို အဘယ်သို့ကျွန်တော်မျိုးခံရသည်ကို လည်းကောင်း မေ့တော်မမူပါနှင့်။
ထိုအခါငါက``ကိုယ်တော်ရှင်သိရှိနားလည် တော်မူပါ၏။ ကျွန်တော်မျိုးတို့ကိုအောက်မေ့ သတိရ၍ကူမတော်မူပါ။ ကျွန်တော်မျိုးကို ညှင်းဆဲနှိပ်စက်သူတို့အားလက်စားချေရ သောအခွင့်ကိုပေးတော်မူပါ။ သူတို့သည် ကျွန်တော်မျိုးအားသတ်ဖြတ်ကြသည့်တိုင် အောင်သည်းခံလျက်နေတော်မမူပါနှင့်။ ကျွန်တော်မျိုးအစော်ကားခံရသည်မှာ ကိုယ်တော်ရှင်၏အတွက်ကြောင့်ဖြစ်သည် ကိုအောက်မေ့သတိရတော်မူပါ။-
သင်တို့သည်နက်ဖြန်နေ့၌မည်သို့ဖြစ်မည်ကို ပင်မသိနိုင်ကြ။ လူ့ဘဝဟူသည်ခေတ္တခဏ မျှသာပေါ်လာပြီးနောက်ပျောက်ကွယ်သွား တတ်သည့်မီးခိုးနှင့်တူ၏။-