ငါသည် ဆင်းရဲသားတောင့်တသော အရာကို မပေးဘဲနေဘူးသလော။ မုတ်ဆိုးမမျက်စိကို ပျက်စေ ခြင်းငှါ ပြုဘူးသလော။
ယောဘဝတ္တု။ 5:16 - Common Language Bible ထိုသို့ ဆင်းရဲသားတို့သည် မြော်လင့်ရာအခွင့် ရှိကြ၏။ အဓမ္မသည်လည်း မိမိနှုတ်ကို ပိတ်ထားရ၏။ Garrad Bible နွမ်း ပါး သူ တို့ သည် ထို သို့ ပင် မျှော် လင့် ခွင့် ရ ကြ၍၊ ဒု စ ရိုက် လည်း ကိုယ့် နှုတ် ကို ပိတ် ရ၏။ Judson Bible ထိုသို့ ဆင်းရဲသားတို့သည် မျှော်လင့်ရာအခွင့် ရှိကြ၏။ အဓမ္မသည်လည်း မိမိနှုတ်ကို ပိတ်ထားရ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဆင်းရဲသောသူ၌ မျှော်လင့်ခြင်းရှိ၍ မတရားသောသူကား နှုတ်ဆိတ်နေရ၏။ |
ငါသည် ဆင်းရဲသားတောင့်တသော အရာကို မပေးဘဲနေဘူးသလော။ မုတ်ဆိုးမမျက်စိကို ပျက်စေ ခြင်းငှါ ပြုဘူးသလော။
သူတော်ကောင်းတို့သည်ဤအခြင်းအရာကို မြင်၍ဝမ်းမြောက်ကုန်၏။ သူယုတ်မာအပေါင်းတို့သည်ကားနှုတ်ပိတ်၍ နေရကြ၏။
ဘုရားသခင်သည်မင်းကြီးအားအောင်ပွဲ ပေးတော်မူသဖြင့် မင်းကြီးသည်ဝမ်းမြောက်ပါလိမ့်မည်။ ထာဝရဘုရား၏နာမတော်အားဖြင့် သစ္စာကတိပြုသူအပေါင်းတို့သည်ကိုယ်တော် အား ထောမနာပြုကြလိမ့်မည်။ သို့ရာတွင်မုသားကိုသုံးသောသူတို့၏ နှုတ်များမူကားပိတ်လျက်နေရလိမ့်မည်။
ထာဝရဘုရားသည်ချို့တဲ့နွမ်းပါးသူတို့ကို အစဉ်အမြဲမေ့လျော့တော်မူလိမ့်မည်မဟုတ်။ ဆင်းရဲသောသူတို့သည်လည်းထာဝစဉ် မျှော်လင့်ရာမဲ့ဖြစ်ရကြလိမ့်မည်မဟုတ်။
သို့သော်လည်းဣသရေလအမျိုးသားလူ သို့မဟုတ်တိရစ္ဆာန်အားခွေးတစ်ကောင်မျှပင် ဟောင်မည်မဟုတ်။ ဤနည်းအားဖြင့်ငါထာဝရ ဘုရားသည်အီဂျစ်အမျိုးသားနှင့် ဣသရေလ အမျိုးသားတို့ကိုခွဲခြားကြောင်းသင်တို့သိရ ကြမည်' ဟုမိန့်တော်မူ၏။-
ဖိလိတ္တိပြည်မှရောက်ရှိလာသောသံတမန် တို့အား ငါတို့အဘယ်သို့ပြန်ကြားရပါ မည်နည်း။ ထာဝရဘုရားသည်ဇိအုန်မြို့ ကိုတည်တော်မူပြီဖြစ်၍ ထိုမြို့တွင်ကိုယ် တော်၏ဒုက္ခသည်လူစုသည်ဘေးမဲ့လုံခြုံ မှုကိုရရှိကြတော့မည်ဖြစ်ကြောင်း သူတို့ အားငါတို့ပြောကြားကြကုန်အံ့။
ဘုရားသခင်သည်လည်းဒံယေလအပေါ်တွင် ကိုယ်ချင်းစာ၍သနားလာစေရန်အာရှပေနတ်၏စိတ်ကိုပြုပြင်တော်မူ၏။-
အချင်းပြည်နှင်ဒဏ်သင့်သူတို့ပြန်လာကြလော့။ မျှော်လင့်ချက်ရှိကြပေပြီ။ ဘေးမဲ့လုံခြုံရာသင်တို့၏ရဲတိုက်သို့ပြန်လာ ကြလော့။ သင်တို့ခံခဲ့ရသည့်ဆင်းရဲဒုက္ခများ၏ နှစ်ဆမျှသော ကောင်းချီးမင်္ဂလာကိုသင်တို့အားငါပေးမည် ဖြစ်ကြောင်းယခုပင်ပြောကြားပါ၏။
ပညတ်တရားတွင်ပါရှိသည့်ပြဋ္ဌာန်းချက်မှန် သမျှသည် ပညတ်တရားစိုးမိုးမှုလက်အောက် တွင်ရှိနေသူများအတွက်ဖြစ်ကြောင်းယခု ငါတို့သိကြ၏။ ဤသို့ဖြစ်ရခြင်းအကြောင်း မှာလူတို့၏ဆင်ခြေဆင်လက်မှန်သမျှကို ရပ်စဲစေရန်နှင့် လူသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်တော်မူခြင်း ကိုခံစေရန်ဖြစ်ပေသည်။-