ယောဘဝတ္တု။ 5:12 - Common Language Bible ပရိယာယ်ပြုသောသူတို့၏ အမှုကိုမအောင်စေခြင်းငှါ သူတို့အကြံကို ဖျက်တော်မူ၏။ Garrad Bible စဉ်း လဲ သူ တို့၏ လက် မှု ပ ညာ အ ထ မ မြောက် ရ စေ ခြင်း ငှာ၊ အ ကြံ အ စည် များ ကို လည်း ကွယ် ပ စေ တော် မူ၏။ Judson Bible ပရိယာယ်ပြုသောသူတို့၏ အမှုကို မအောင်စေခြင်းငှာ သူတို့အကြံကို ဖျက်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဉာဏ်များသောသူ၏အကြံကို ဖျက်တော်မူသဖြင့် သူတို့လုပ်ဆောင်သောအရာတို့သည် မအောင်မြင်ပေ။ |
သို့ရာတွင်ဥရိယသည်အိမ်သို့မပြန်ဘဲ အစောင့်တပ်သားများနှင့်အတူနန်းတော် တံခါးဝ၌အိပ်လေသည်။-
အဗရှလုံနှင့်ဣသရေလအမျိုးသား အပေါင်းတို့က``ဟုရှဲ၏အကြံသည်အဟိ သောဖေလ၏အကြံထက်ကောင်း၏'' ဟု ဆိုကြ၏။ အဗရှလုံ၌ဘေးရောက်စေခြင်း ငှာ ထာဝရဘုရားသည်အဟိသောဖေလ ပေးသောအကြံကောင်းကိုပျက်စေရန် စီရင်တော်မူသတည်း။
သို့ရာတွင်ဧလိရှဲကဣသရေလဘုရင်အား``ဤ မည်သောနေရာတွင်ရှုရိအမျိုးသားတို့သည် ခြုံ ခိုတိုက်ခိုက်ရန်စောင့်လျက်နေကြပါသည်။ သို့ ဖြစ်၍ထိုနေရာသို့မသွားပါနှင့်'' ဟုလူလွှတ် ၍သတိပေးလေသည်။-
ရန်သူများသည်မိမိတို့အကြံအစည်ကို ငါတို့သိရှိသွားကြောင်းကြားကြသော အခါ သူတို့၏အကြံအစည်ကိုဘုရားသခင်ပယ်ဖျက်တော်မူပြီဖြစ်ကြောင်းရိပ် မိကြ၏။ ထိုနောက်ငါတို့ရှိသမျှသည်မြို့ ရိုးကိုဆက်လက်တည်ဆောက်ကြလေသည်။
သို့ရာတွင်ငါတို့သည်ငါတို့၏ဘုရားသခင်ထံဆုတောင်းပတ္ထနာပြုလျက် ရန်သူ တို့၏ဘေးမှကာကွယ်ရန်နေ့ရောညဥ့်ပါ ကင်းစောင့်ထားကြ၏။
သူတို့သည်မင်းကြီးကိုလုပ်ကြံရန်မသမာ သော အကြံအစည်များကိုပြုကြ၏။ သို့ရာတွင်အောင်မြင်ကြလိမ့်မည်မဟုတ်။
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် သူယုတ်မာတို့၏စွမ်းရည်ကိုသိမ်းယူ၍ သူတော်ကောင်းတို့အားကွယ်ကာ စောင့်ရှောက်တော်မူမည်ဖြစ်သောကြောင့် တည်း။
ငါသည်အီဂျစ်အမျိုးသားတို့၏ အကြံ အစည်များကိုပျက်စီးစေ၍ သူတို့၏စိတ် ဋ္ဌာတ်ကိုလည်းပျက်ပြားသွားစေမည်။ သူတို့ သည်မိမိတို့ကိုးကွယ်သည့်ရုပ်တုများထံ တွင်အကူအညီတောင်းခံကြလိမ့်မည်။ နတ် ဝင်သည်များထံသွားရောက်မေးမြန်းစုံစမ်း ကာ၊ သူသေတို့၏ဝိညာဉ်များအားအကြံ ဉာဏ်တောင်းခံကြလိမ့်မည်။-
ထိုညဥ့်၌ထာဝရဘုရား၏ကောင်းကင်တမန် သည် အာရှုရိတပ်စခန်းသို့ဝင်၍တပ်သား တစ်သိန်းရှစ်သောင်းငါးထောင်ကိုသုတ်သင်ပစ် လေသည်။ နောက်တစ်နေ့အရုဏ်တက်ချိန်၌ ထိုသူအပေါင်းတို့သည်လဲ၍သေနေကြ၏။-
ငါသည်ဗေဒင်ဆရာတို့ကိုအရူးဖြစ်စေ၍ နက္ခတ်ဆရာတို့၏ဟောကြားချက်များကို ပျက်ပြားစေ၏။ ပညာရှိတို့၏စကားများကိုချေပ၍သူတို့ ပညာရှိမှုသည်မိုက်မဲမှုဖြစ်နေပုံကိုပြသ ပေး၏။
သင်တို့၏စီမံကိန်းများကိုရေးဆွဲကြလော့။ သို့ရာတွင်ထိုစီမံကိန်းတို့သည်အဘယ်အခါ ၌မျှအောင်မြင်လိမ့်မည်မဟုတ်။ သင်တို့ပြော လိုသမျှသောစကားများကိုပြောဆိုကြလော့။ သို့ရာတွင်ယင်းတို့သည်အချည်းနှီးသာလျှင် ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည်ငါတို့နှင့်အတူရှိတော်မူသော ကြောင့်ဖြစ်၏။
တန်ခိုးတော်အရှင်ထာဝရဘုရားသခင် သည်ဧဒုံပြည်ကိုရည်မှတ်၍``ဧဒုံပြည်သား တို့သည်ဆင်ခြင်တိုင်းထွာနိုင်စွမ်းမရှိကြ တော့ပြီလော။ သူတို့၏ပညာရှိများသည် လည်းအဘယ်အမှုကိုပြုသင့်ကြောင်း အကြံဉာဏ်မပေးနိုင်ကြတော့ပြီလော။ သူတို့၏အသိပညာမှန်သမျှသည် ပျောက်ကွယ်သွားလေပြီလော။-
ငါ၏တရားတော်ကိုသိရှိ၍သင်တို့သည် ပညာရှိကြ၏ဟုအဘယ်သို့လျှင်သင် တို့ဆိုနိုင်ကြမည်နည်း။ ကြည့်ရှုကြလော့၊ မရိုးမဖြောင့်သည့်ကျမ်းကူးဆရာတို့က တရားတော်ကိုပြောင်းလဲစေကြလေပြီ။-
``ငါသည်ဧဒုံပြည်ကိုအပြစ်ဒဏ်ခတ်ချိန်၌၊ သူ၏ပညာရှိများကိုသုတ်သင်၍၊ အသိပညာရှိသမျှကို ပယ်ရှင်းပစ်မည်။
ပေတရုသည်ပြန်၍သတိရလာသောအခါ ``သခင်ဘုရားသည်မိမိ၏ကောင်းကင်တမန် ကိုစေလွှတ်၍ ငါ့ကိုဟေရုဒ်၏လက်မှလည်း ကောင်း၊ ယုဒအမျိုးသားတို့ငါ့အားသက်ရောက် စေရန် မျှော်လင့်သမျှသောဘေးမှလည်းကောင်း ကယ်ဆယ်တော်မူသည်ကိုယခုငါသိပြီ'' ဟု ဆို၏။
ထို့ကြောင့်ဒါဝိဒ်နှင့်ခြောက်ရာခန့်ရှိသောအပေါင်း ပါတို့သည် ချက်ချင်းပင်ကိလမြို့မှထွက်၍သင့် ရာသို့ဆုတ်ခွာသွားကြ၏။ ကိလမြို့မှဒါဝိဒ် ထွက်ပြေးသွားကြောင်းရှောလုကြားသိသော အခါ မိမိ၏အကြံအစည်ကိုဖျက်သိမ်းလိုက် လေသည်။