သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။ သူ၏ သွားတန်းတို့သည် ကြောက်မက်ဘွယ် ဖြစ်ကြ၏။
ယောဘဝတ္တု။ 41:15 - Common Language Bible လုံခြုံစွာ တံဆိပ်ခတ်သကဲ့သို့ တချပ်နှင့် တချပ် ပူးကပ်သောအကြေးများနှင့် ဝါကြွားတတ်၏။ Garrad Bible လုံ ခြုံ စွာ တံ ဆိပ် ခတ် နှိပ် သော ဒိုင်း လွှား တန် များ သည်၊ မောက် မာ ရာ အ ကြောင်း ဖြစ် လျက်၊ Judson Bible လုံခြုံစွာတံဆိပ်ခတ်သကဲ့သို့ တစ်ချပ်နှင့်တစ်ချပ် ပူးကပ်သောအကြေးများနှင့် ဝါကြွားတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ချိတ်ပိတ်ထားသလို တစ်ခုနှင့်တစ်ခုပူးကပ်နေသော ဒိုင်းလွှားသဖွယ် သူ့အကြေးခွံများသည် သူ့အဖို့ ဂုဏ်မောက်စရာ ဖြစ်၏။ |
သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။ သူ၏ သွားတန်းတို့သည် ကြောက်မက်ဘွယ် ဖြစ်ကြ၏။
ထာဝရဘုရားက၊ ``ပညာရှိသည်မိမိဉာဏ်ပညာရှိမှု၊ ခွန်အားကြီးမားသူသည်မိမိခွန်အားကြီး မားမှု၊ ချမ်းသာကြွယ်ဝသူသည်မိမိချမ်းသာ ကြွယ်ဝမှု၌ မဝါမကြွားအပ်။
သို့ဖြစ်၍ထိုသူတို့သည် သင်္ချိုင်းဂူသို့သွားပြီးလျှင် ကျောက်တုံးကိုချိပ်တံဆိပ်ခတ်နှိပ်ကာ သင်္ချိုင်းဂူကို လုံခြုံစွာပိတ်ထားကြ၏။ ထိုနောက်စောင့်ကြပ်ရန် အစောင့်တပ်သားများကိုချထားကြ၏။
ထိုအခါအကြီးအကဲတစ်ပါးကငါ့အား``မငို ပါနှင့်။ ကြည့်ရှုလော့။ ယုဒအနွယ်ဝင်ခြင်္သေ့တည်း ဟူသောဒါဝိဒ်မှဆင်းသက်သူသည်အောင်မြင် လေပြီ။ သူသည်ဤစာလိပ်နှင့်ချိပ်တံဆိပ် ခုနစ်ခုကိုဖွင့်နိုင်၏'' ဟုပြောလေ၏။