ယောဘဝတ္တု။ 41:11 - Common Language Bible ငါသည် ကျေးဇူးတုံ့ပြုရမည်အကြောင်း အဘယ် သူသည် ငါ၌ ကျေးဇူးပြုဘူးသနည်း။ မိုဃ်းကောင်းကင် အောက်၌ ရှိသမျှတို့သည် ငါ၏ ဥစ္စာဖြစ်ကြ၏။ Garrad Bible ကောင်း ကင် အောက် ရှိ ရှိ သ မျှ ငါ ပိုင် ရာ ဖြစ်၍၊ ငါ တုံ့ ပြန် ရ စေ ခြင်း ငှာ၊ မည် သူ ပေး နှင့် ဖူး သ နည်း။ Judson Bible ငါသည် ကျေးဇူးတုံ့ပြုရမည်အကြောင်း အဘယ်သူသည် ငါ၌ ကျေးဇူးပြုဖူးသနည်း။ မိုးကောင်းကင်အောက်၌ ရှိသမျှတို့သည် ငါ၏ဥစ္စာ ဖြစ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း မည်သူသည် ငါ့ကို အလျင်ပေး၍ ငါပြန်ပြီးပေးရမည်နည်း။ မိုးကောင်းကင်အောက် ရှိသမျှတို့သည် ငါ့အပိုင် ဖြစ်၏။ |
သင်သည် ငြင်းပယ်သည်ဖြစ်စေ၊ ရွေးယူသည် ဖြစ်စေ၊ သင်၏အလိုသို့သာ ဘုရားသခင်လိုက်၍၊ အလို တော်သို့မလိုက်ဘဲ အကျိုးအပြစ်ကို ပေးတော်မူရမည် လော။ သို့ဖြစ်လျှင် နားလည်သည်အတိုင်း ပြောပါ။
သင်သည် ဖြောင့်မတ်သော်လည်း၊ ဘုရားသခင်၏ အကျိုးတော်ကို အဘယ်သို့ပြုစုနိုင်သနည်း။ သင့်လက် မှ အဘယ်ကျေးဇူးကို ခံတော်မူမည်နည်း။
ကောင်းကင်ကိုထာဝရဘုရားတစ်ပါးတည်း သာလျှင် ပိုင်တော်မူ၏။ ကမ္ဘာမြေကြီးကိုမူကားလူသားတို့အား ပေးတော်မူ၏။
ကိုယ်တော်ရှင်သည်သူ့အားမွန်မြတ်သော ကောင်းချီးမင်္ဂလာများကိုချပေးတော်မူပြီ။ သူ့အားရွှေသရဖူကိုဆောင်းစေတော်မူပြီ။
လောကနှင့်လောကတွင်ရှိသမျှသော အရာတို့ကိုလည်းကောင်း၊ ကမ္ဘာမြေကြီးနှင့်ကမ္ဘာမြေကြီးပေါ်တွင် ရှိသမျှသောလူသတ္တဝါတို့ကိုလည်းကောင်း ဘုရားသခင်ပိုင်တော်မူ၏။
``အကယ်၍ငါသည်ဆာမွတ်ခဲ့မူသင်တို့ထံမှ အစာကိုတောင်းမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ကမ္ဘာမြေကြီးနှင့်ကမ္ဘာပေါ်ရှိ အရာဟူသမျှကိုငါပိုင်သောကြောင့်ဖြစ်၏။
သင်တို့သည်ငါ၏စကားကိုနားထောင်၍၊ ငါ ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင်ငါပိုင်သော လူမျိုးဖြစ်ကြလိမ့်မည်။ ဤကမ္ဘာမြေကြီး အလုံးစုံကိုငါပိုင်တော်မူသည်။ သို့သော် သင်တို့သည်ငါရွေးကောက်တော်မူသော သူများဖြစ်ရကြမည်။-
ကိုယ်တော်ကကျေးဇူးဆပ်တော်မူရအောင် အဘယ်သူသည်ကိုယ်တော်အားကျေးဇူးပြုဖူး သနည်း'' ဟုဖော်ပြသည့်အတိုင်းပင်ဖြစ်သည်။-
အဘယ်ကြောင့်ဆိုသော်``ဤလောကနှင့်တကွ လောက၌ရှိသမျှသောအရာတို့ကိုထာဝရ ဘုရားပိုင်တော်မူ၏'' ဟုကျမ်းစာတော်ကဆို၏။
သို့ရာတွင်လူတစ်စုံတစ်ယောက်က``ဤအရာ သည်ယဇ်ပူဇော်သောအသားဖြစ်သည်'' ဟု ဆိုပါမူယင်းသို့ပြောဆိုသူကိုလည်းကောင်း၊ သြတ္တပ္ပစိတ်ကိုလည်းကောင်းထောက်၍ထို အသားကိုမစားကြနှင့်။-
ထာဝရဘုရားသည် မိုးကောင်းကင်အထက် ဘဝဂ်ကိုပင်ပိုင်တော်မူ၏။ ကမ္ဘာမြေကြီးနှင့် မြေကြီးပေါ်တွင် ရှိသမျှအရာခပ်သိမ်းတို့ ကိုလည်းပိုင်တော်မူ၏။-