သူတို့ကိုမြေမှုန့်၌ တစုတည်း ဝှက်ထားလော့။ သူတို့မျက်နှာများကို မှောင်မိုက်၌ ဖုံးအုပ်လော့။
ယောဘဝတ္တု။ 40:14 - Common Language Bible သို့ပြုလျှင် သင်၏လက်ျာလက်ရုံးသည် သင့်ကို ကယ်တင်နိုင်သည်ဟု ငါဝန်ခံမည်။ Garrad Bible သို့ ပြု လျှင်၊ ကိုယ့် လက် ရုံး ဖြင့် ကိုယ် ကို ကယ် နိုင် လေ စွ ဟု၊ ငါ ချီး မွမ်း လိမ့် သ တည်း။ Judson Bible သို့ပြုလျှင် သင်၏လက်ယာလက်ရုံးသည် သင့်ကို ကယ်တင်နိုင်သည်ဟု ငါဝန်ခံမည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ပြုနိုင်လျှင် သင့်လက်ရုံးသည် သင့်ကို ကာကွယ်နိုင်ပါသည်တကားဟု ငါအသိအမှတ်ပြုမည်။ |
သူတို့ကိုမြေမှုန့်၌ တစုတည်း ဝှက်ထားလော့။ သူတို့မျက်နှာများကို မှောင်မိုက်၌ ဖုံးအုပ်လော့။
သင်နှင့်အတူ ငါဖန်ဆင်းသော ဗေဟမုတ်ခြင်း ကို ကြည့်ရှုလော့။ နွားကဲ့သို့ မြက်ကို စားတတ်၏။
ကိုယ်တော်ရှင်၏လူစုတော်သည်ထိုပြည်ကို ဋ္ဌားလက်နက်ဖြင့်သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ မိမိတို့၏ကိုယ်ပိုင်စွမ်းရည်အားဖြင့်လည်း သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော် အားဖြင့်လည်းကောင်း၊ ကိုယ်တော်သည်သူတို့အားချစ်တော်မူသဖြင့် သူတို့နှင့်အတူကိုယ်တော်ရှင်ရှိတော်မူခြင်း အားဖြင့်လည်းကောင်း သူတို့သည်ထိုပြည်ကိုသိမ်းပိုက်နိုင်ကြပါ၏။
ကျွန်တော်မျိုးသည်မိမိ၏လေးကိုအားမကိုးပါ။ ကျွန်တော်မျိုး၏ဋ္ဌားသည်လည်းကျွန်တော်မျိုးကို မကယ်နိုင်ပါ။
ငါတို့သည်ခိုကိုးရာမဲ့ဖြစ်လျက်ရှိနေကြ စဉ် ခရစ်တော်သည်ဘုရားသခင်သတ်မှတ်တော် မူရာနေ့ရက်ကာလ၌ဆိုးယုတ်သူတို့ အတွက်အသေခံတော်မူ၏။-