သို့သော်လည်း သူသည်ဝစွာစားရ၏။ ဘုရားသခင်သည် အမျက်တော်အရှိန်ကို လွှတ်၍သူစားစရာဘို့ အမျက်တော် မိုဃ်းကို ရွာစေတော်မူမည်။
ယောဘဝတ္တု။ 40:11 - Common Language Bible သင်၏အမျက်အရှိန်ကို လွှတ်လော့။ မာန ထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချ လော့။ Garrad Bible ဒေါ သ အ မျက် ထ၍၊ စိတ် မြင့် ထောင် လွှား သ မျှ သော သူ တို့ ကို ရှု မှတ် ရှုတ် ချ နှိမ် နှင်း လျက်၊ လူ ဆိုး တို့ ကို လည်း နေ ရင်း အ ရပ် တွင် နင်း ချေ ပြီး နောက်၊ Judson Bible သင်၏အမျက်အရှိန်ကို လွှတ်လော့။ မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချလော့။ မြန်မာ့စံမီသမ္မာကျမ်း သင်၏ဒေါသအိုးကို ဖောက်ခွဲလိုက်ပြီး မောက်မာသောသူအပေါင်းတို့ကို မာန်စွယ်ချိုးကြည့်လိုက်ပါ။ |
သို့သော်လည်း သူသည်ဝစွာစားရ၏။ ဘုရားသခင်သည် အမျက်တော်အရှိန်ကို လွှတ်၍သူစားစရာဘို့ အမျက်တော် မိုဃ်းကို ရွာစေတော်မူမည်။
ဖျက်ဆီးရာနေ့ရက်ကာလဘို့ မတရားသော သူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက်ကာလဘို့ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသောသူတို့လက္ခဏာသက်သေများကို မသိကြသလော။
ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ထိုသူတို့သည် ပျက်စီး၍၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံးရကြ ၏။
လျှပ်စစ်ပြက်တော်မူ၍ကိုယ်တော်၏ရန်သူ တို့ကို ကစဥ့်ကရဲဖြစ်စေတော်မူပါ။ ကိုယ်တော်ရှင်၏လေးတော်တို့ကိုပစ်တော်မူ၍ သူတို့အားထွက်ပြေးစေတော်မူပါ။
ကိုယ်တော်ရှင်သည်လူအပေါင်းတို့အား တရားစီရင်တော်မူသောအရှင်ဖြစ်တော် မူပါ၏။ ထတော်မူ၍မာနကြီးသူတို့အားထိုက်လျောက်သည့် အပြစ်ဒဏ်ကိုပေးတော်မူပါ။
``အို ထာဝရဘုရား၊ လက်ယာလက်တော်၏အစွမ်းတန်ခိုးတော် သည် အံ့သြကြောက်မက်ဖွယ်ဖြစ်ပါ၏။ လက်ရုံးတော်ဖြင့်ရန်သူကိုချေမှုန်းတော်မူ ပါ၏။
ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အပေါ် မာနထောင်လွှားခဲ့သော အီဂျစ်အမျိုးသားတို့အပေါ်ပြုမူပုံ ကြောင့် ထာဝရဘုရားသည်ဘုရားအပေါင်း တို့ထက်ပို၍ဘုန်းတန်ခိုးကြီးတော်မူ ကြောင်းယခုငါသိပြီ'' ဟုဆို၏။-
လူတို့၏မာန်စွယ်သည်ကျိုး၍မောက်မာထောင် လွှားမှုများသည်ပျက်သုဉ်းရလိမ့်မည်။ ထို ကာလကျရောက်သောအခါထာဝရဘုရား တစ်ပါးတည်းသာလျှင် ချီးမြှောက်ခြင်းကို ခံတော်မူရလိမ့်မည်။-
ထာဝရဘုရားသည်သင့်ကိုအလုပ်မှ ထုတ်ပယ်တော်မူ၍ ကြီးမြင့်သည့်ရာထူး မှဖြုတ်ချတော်မူလိမ့်မည်'' ဟုပြော ကြားစေတော်မူပါ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားပင်ဖြစ် ပါသည်တကား။ ကိုယ်တော်သည်ထိုသူတို့ ၏မာန်မာနကိုချိုးတော်မူလိုသဖြင့်၊ သူ တို့တွင်ဂုဏ်အသရေရှိသူတို့အားရှုတ်ချ တော်မူလိုသဖြင့်ဤသို့ကြံစည်တော်မူ ခြင်းဖြစ်ပေသည်။
သူတို့သည်ရေကူးသူကဲ့သို့လက်များကို ဆန့်၍ကူးယက်ရန်ကြိုးစားပါသော်လည်း ထာဝရဘုရားသည်သူတို့၏မာန်မာန ကိုနှိမ့်ချသဖြင့်လက်များကိုလေးလံ ၍နေစေလိမ့်မည်။-
ကိုယ်တော်သည်မာန်မာနကြီးသူတို့ကို ရှုတ်ချတော်မူပြီးလျှင်၊ သူတို့နေထိုင်ရာခိုင်ခန့်သည့်မြို့ကို ဖျက်ဆီးတော်မူ၍၊ မြို့ရိုးများကိုဖုတ်ထဲသို့ပြိုကျစေတော်မူလေပြီ။
သို့ဖြစ်၍ကိုယ်တော်သည်ငါတို့အားမိမိ၏ အမျက်တော်အရှိန်ကိုလည်းကောင်း၊ ပြင်းထန်သောစစ်မက်အန္တရာယ်ကိုလည်းကောင်း ခံစေတော်မူ၏။ ကိုယ်တော်၏အမျက်တော်သည်မီးကဲ့သို့ ဣသရေလပြည်တစ်လျှောက်တွင် တောက်လောင်လျက်ရှိ၏။ သို့ရာတွင်အဘယ်အမှုအရာဖြစ်ပျက်နေ သည်ကို ငါတို့မသိကြ။ ငါတို့သည်ထိုအမှုအရာမှအဘယ် သင်ခန်းစာကိုမျှမရကြ။
မောဘပြည်သည်အလွန်မာနကြီး၏။ ပြည်သူ တို့သည်အဘယ်မျှစိတ်နေမြင့်၍၊ မောက်မာ ထောင်လွှားကာမာန်မာနကြီးကြကြောင်းကို လည်းကောင်း၊ အဘယ်မျှကိုယ်ကျိုးရှာတတ် ကြောင်းကိုလည်းကောင်းငါကြားသိတော် မူပြီ။-
ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် အားငါအရှင်ထာဝရဘုရား၏အမိန့် တော်ကိုဆင့်ဆိုရမည်မှာ သင်သည်မာန် မာနထောင်လွှားလျက်မိမိကိုယ်ကိုဘုရား ဟူ၍ပင်လယ်ဝိုင်းရံ၍နေသောရာဇပလ္လင် ပေါ်တွင် ဘုရားကဲ့သို့ထိုင်လျက်နေရသည် ဟုဆိုလေသည်။ သင်သည်ဘုရားနည်းတူ ပညာရှိသည်ဟုထင်သော်လည်း သင်သည် ဘုရားမဟုတ်။ အမှန်ပင်မဟုတ်။ လူသား မျှသာဖြစ်၏။-
``အရှင်မင်းကြီး၊ အမြင့်မြတ်ဆုံးသောဘုရားသခင်က အရှင်မင်းကြီးမည်သို့မည်ပုံဖြစ် ပျက်ရမည်ကိုမိန့်မြွက်ဖော်ပြတော်မူလေ ပြီ။ အိပ်မက်၏အနက်ကားဤသို့တည်း။-
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
ကိုယ်တော်အမျက်ထွက်တော်မူသောအခါ အဘယ်သူသည်ခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်၏ကြောက်မက်ဖွယ်ရာအမျက်တော် အရှိန်ကိုအဘယ်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်သည်မီးလျှံထသောအမျက်တော်ကို သွန်းလောင်းတော်မူသဖြင့်၊ ရှေ့တော်၌ကျောက်တို့သည်ကြေမွကာ အမှုန့်ဖြစ်၍သွားကုန်၏။
ကိုယ်တော်သည်အရှိန်ပြင်းစွာလွှမ်းမိုးသည့် မြစ်ရေကဲ့သို့ရန်သူတို့အားဆုံးပါး ပျက်စီးစေတော်မူ၏။ မိမိကိုအတိုက်အခံပြုသူတို့အား သေရွာသို့ ပို့ဆောင်တော်မူ၏။
အနန္တတန်ခိုးနှင့်ထာဝရဘုရားက``မာန် မာနထောင်လွှားသူနှင့်ယုတ်မာသူအပေါင်း တို့သည် ကောက်ရိုးသဖွယ်မီးကျွမ်းလောင် ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။ ထိုနေ့ရက်ကာလ၌သူတို့သည်မီး ကျွမ်းလောင်၍သွားကာ အမြစ်အကိုင်း အစအနမျှပင်ကျန်ရှိကြလိမ့်မည် မဟုတ်။-
သင်တို့အားငါဆိုသည်ကားဤသူသည် ဘုရားသခင်၏ရှေ့တော်တွင်သူတော်ကောင်း အဖြစ်ဖြင့်အိမ်သို့ပြန်ရ၏။ ဖာရိရှဲမူကား ထိုသို့မဟုတ်။ အဘယ်ကြောင့်ဆိုသော်မိမိ ကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်းခံရ ၍ မိမိကိုယ်ကိုနှိမ့်ချသူသည်ချီးမြှောက်ခြင်း ခံရမည်ဖြစ်သောကြောင့်တည်း'' ဟုမိန့်တော် မူ၏။
ငါ၏အမျက်တော်သည်မီးကဲ့သို့တောက်လောင်၍ မြေကြီးပေါ်တွင်ရှိသမျှတို့ကိုလောင်ကျွမ်း စေမည်။ အမျက်တော်မီးသည်မရဏာနိုင်ငံ တိုင်အောင်လည်းကောင်း၊ တောင်အောက်ခြေသို့တိုင်အောင်လည်းကောင်း လောင်လိမ့်မည်။
သို့ရာတွင်ငါတို့အားဘုရားသခင်ပေးသနား တော်မူသောကျေးဇူးတော်သည်ပို၍စွမ်းအား ကြီးပေသည်။ ``ဘုရားသခင်သည်မာနကြီး သူတို့အားဆန့်ကျင်ဘက်ပြုတော်မူ၍နှိမ့်ချ သောသူတို့အားကျေးဇူးတော်ကိုချပေးတော် မူ၏'' ဟုကျမ်းစာလာသည်နှင့်အညီဖြစ်၏။