ငါသည်ဧကရာဇ်မင်းအားမိမိ၏တိုင်းပြည် သို့ပြန်စေရန် သတင်းတစ်စုံတရာကိုကြား စေတော်မူမည်။ ထိုနောက်သူ့ကိုထိုပြည်၌ပင် လုပ်ကြံခြင်းကိုခံရစေလတ္တံ့'' ဟုပြန်ကြား လိုက်၏။
ယောဘဝတ္တု။ 4:9 - Common Language Bible ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ထိုသူတို့သည် ပျက်စီး၍၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံးရကြ ၏။ Garrad Bible ဘု ရား သ ခင် ရှု ထုတ် တော် မူ ခြင်း ဖြင့်၊ ထို သူ တို့ ပျက် စီး၍၊ အ မျက် တော် ရှိန် ဖြင့် ကုန် ဆုံး ရ ကြ၏။ Judson Bible ဘုရားသခင် မှုတ်တော်မူသဖြင့်၊ ထိုသူတို့သည်ပျက်စီး၍၊ ရှူတော်မူသော အသက်ဖြင့်လည်း ဆုံးရှုံးရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်ထံတော်မှ ထွက်သက်လေတစ်ချက်တည်းနှင့် ထိုသူတို့ ပျက်စီးရ၏။ အမျက်တော်အရှိန်နှင့် ထိုသူတို့ ဘဝနိဂုံးချုပ်ရ၏။ |
ငါသည်ဧကရာဇ်မင်းအားမိမိ၏တိုင်းပြည် သို့ပြန်စေရန် သတင်းတစ်စုံတရာကိုကြား စေတော်မူမည်။ ထိုနောက်သူ့ကိုထိုပြည်၌ပင် လုပ်ကြံခြင်းကိုခံရစေလတ္တံ့'' ဟုပြန်ကြား လိုက်၏။
တောမှလေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
သူသည် မှောင်မိုက်ဘေးနှင့်မလွတ်ရ။ မီးလျှံသည်သူ၏အခက်အလက်တို့ကို လောင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်တော်အသက်အားဖြင့် သုတ်သင် ပယ်ရှင်းခြင်းကို ခံရ၏။
သင်၏အမျက်အရှိန်ကို လွှတ်လော့။ မာန ထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချ လော့။
သူတို့ကိုမြေမှုန့်၌ တစုတည်း ဝှက်ထားလော့။ သူတို့မျက်နှာများကို မှောင်မိုက်၌ ဖုံးအုပ်လော့။
အို ထာဝရဘုရား၊ ကိုယ်တော်သည်ရန်သူတို့အားအမျက် ထွက်လျက် ဟိန်းသံဖြင့်ဆုံးမတော်မူလိုက်သောအခါ သမုဒ္ဒရာ အောက်ခံမြေသည်လည်းကောင်း၊ကမ္ဘာမြေကြီး၏ အခြေခံအုတ်မြစ်များသည်လည်းကောင်း ပွင့်လစ်ပေါ်ထွက်လာကုန်၏။
သို့သော်လည်းကိုယ်တော်သည်လေကို မှုတ်တော်မူလိုက်သဖြင့်၊ ပင်လယ်ရေသည်အီဂျစ်အမျိုးသားတို့ကို ဖုံးလွှမ်းလေ၏။ သူတို့သည်လှိုင်းတံပိုးကြားတွင်ခဲကဲ့သို့ နစ်မြုပ်ကုန်၏။
ကိုယ်တော်သည်ပင်လယ်ရေကိုမှုတ်တော်မူသဖြင့်၊ ရေသည်ကြွတက်လာ၍တံတိုင်းကဲ့သို့ တည့်မတ်လျက်နေပါ၏။ ပင်လယ်အောက်ခြေသည်လည်းခိုင်မာလျက် နေ၏။
ဆင်းရဲသားတို့အားဖြောင့်မှန်စွာတရားစီရင်၍ နိမ့်ကျသူတို့၏ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်လိမ့်မည်။ သူပေးသည့်ရာဇသံဖြင့်ပြည်သူတို့သည် ဒဏ်သင့်ကြလိမ့်မည်။ ဆိုးညစ်သူတို့သည်လည်း သေရကြလိမ့်မည်။
ရှေးမဆွကပင်အာရှုရိဘုရင်ကိုမီးသင်္ဂြိုဟ် ရန် လောင်တိုက်ကိုပြင်ဆင်၍ထားခဲ့၏။ ထိုလောင် တိုက်သည်အစောက်နက်၍ကျယ်ဝန်း၏။ ထို အရပ်တွင်မြင့်မားသောထင်းပုံကြီးတစ် ခုလည်းရှိ၏။ ထာဝရဘုရားသည်ခံတွင်း တော်မှမီးလျှံကိုမှုတ်ထုတ်တော်မူ၍ ထို ထင်းပုံကိုမီးစွဲလောင်စေတော်မူလိမ့်မည်။
ထာဝရဘုရားစေလွှတ်တော်မူသည့်လေနှင့် ထိသောအခါ၊ မြက်ပင်သည်သွေ့ခြောက်လျက်ပန်းများသည်လည်း ညှိုးနွမ်း၍သွားတတ်၏။ လူတို့သည်မြက်ပင်တမျှသာလျှင် သန်မာကြပါသည်တကား။
ထိုအခါသူယုတ်မာကြီးသည်ပေါ်လွင်ထင် ရှားလာပေအံ့။ သို့ရာတွင်အရှင်ယေရှုကြွ လာတော်မူသောအခါသူယုတ်မာကြီးအား မိမိ၏ထွက်သက်လေဖြင့်ကွပ်မျက်၍ဘုန်း ရောင်ခြည်တော်ဖြင့်ပယ်ရှားတော်မူလိမ့်မည်။-
ထို့ကြောင့်နောင်တရလော့။ နောင်တမရပါမူ မကြာမီ ငါလာ၍ထိုသူတို့အားငါ၏ခံ တွင်းမှထွက်သောသန်လျက်နှင့်တိုက်ခိုက်မည်။