``အို ထာဝရဘုရား၊ အကျွန်ုပ်သည်ကိုယ်တော် ၏အမှုတော်ကိုသစ္စာနှင့်ဆောင်ရွက်လျက် ကိုယ် တော်ပြုစေလိုသည်အတိုင်းပြုသည်ကိုသတိ ရတော်မူပါ'' ဟုပတ္ထနာပြုပြီးလျှင်အလွန် ငိုကြွေးလေ၏။
ယောဘဝတ္တု။ 4:6 - Common Language Bible သင်၏ရိုသေသောသဘော၊ ယုံကြည်ကိုးစားသောသဘော၊ မြော်လင့်သောသဘော၊ တည်ကြည်သော သဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။ Garrad Bible သင်၏ ရို သေ ခန့် ညား ခြင်း သည်၊ သင် စိတ် ချ ရာ စိတ် ချ ကြောင်း၊ အ လေ့ အ လာ စုံ လင် ခြင်း လည်း၊ သင့် မျှော် လင့် ရာ မျှော် လင့် ကြောင်း ဖြစ် သည် မ ဟုတ် တုံ လော။ Judson Bible သင်၏ ရိုသေသောသဘော၊ ယုံကြည်ကိုးစားသောသဘော၊ မျှော်လင့်သောသဘော၊ တည်ကြည်သောသဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။ မြန်မာ့စံမီသမ္မာကျမ်း သင်၏ကြည်ညိုကိုင်းရှိုင်းခြင်းသည် သင်၏ယုံကြည်အားထားရာ မဟုတ်လော။ တည်ကြည်စွာ ပြုမူကျင့်ကြံခြင်းသည် သင်၏မျှော်လင့်ရာ မဟုတ်လော။ |
``အို ထာဝရဘုရား၊ အကျွန်ုပ်သည်ကိုယ်တော် ၏အမှုတော်ကိုသစ္စာနှင့်ဆောင်ရွက်လျက် ကိုယ် တော်ပြုစေလိုသည်အတိုင်းပြုသည်ကိုသတိ ရတော်မူပါ'' ဟုပတ္ထနာပြုပြီးလျှင်အလွန် ငိုကြွေးလေ၏။
ယောဘအမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံသောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။
ငါ့ကိုသတ်တော်မူ၍၊ ငါမြော်လင့်စရာမရှိသော်လည်း၊ ရှေ့တော်၌ ကိုယ်အပြစ်ဖြေရာစကားကို ငါလျှောက်ထားမည်။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်၍ ကိုယ်တော်အားအကြွင်းမဲ့ကိုးစားသူဖြစ် ပါ၏။ ထို့ကြောင့်ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာတော်မူပါ။
စစ်တပ်တစ်တပ်လုံးပင်ငါ့ကိုဝိုင်းရံထားစေကာမူ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ အကယ်၍ငါ၏ရန်သူများကပင်လျှင် ငါ့ကိုတိုက်ခိုက်စေကာမူငါသည် ထာဝရဘုရားအားကိုးစားမည်။
ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အားကြီး သော ကိုးစားရာအခွင့်ကိုဖြစ်စေတတ်၏။ သားတော်တို့ သည်လည်း ၊ ခိုလှုံရာအရပ်ကို ရကြလိမ့်မည်။
အကြောင်းမူကား၊ ထာဝရဘုရားသည် သင်ယုံကြည်ကိုးစားရာဖြစ်၍၊ သင်၏ခြေကိုမကျော့မိ စေခြင်းငှါ စောင့်မတော်မူလိမ့်မည်။
ဣသရေလအမျိုးသားတို့အားကြံ့ခိုင် တည်ငြိမ်မှုကိုပေးတော်မူလိမ့်မည်။ ကိုယ်တော် သည်မိမိ၏လူမျိုးတော်အားအစဉ်အမြဲ ကွယ်ကာစောင့်ရှောက်တော်မူ၍၊ ဉာဏ်ပညာ နှင့်အသိပညာကိုပေးတော်မူပါ၏။ သူ တို့၏အဖိုးအထိုက်ဆုံးဘဏ္ဍာကားထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေခြင်းပင်ဖြစ် သတည်း။
သို့ဖြစ်၍သင်တို့နိုးကြား၍ သမ္မာသတိရှိ ကြလော့။ ယေရှုခရစ်ကြွလာတော်မူသော အခါ သင်တို့ခံစားရမည့်ကောင်းချီးကို အဆုံးတိုင်အောင်မျှော်လင့်လျက်နေကြလော့။-
ထို့အပြင်လူခပ်သိမ်းတို့အားမျက်နှာကြီး ငယ်မလိုက်ဘဲသူတို့၏အကျင့်အလျောက် တရားစီရင်တော်မူတတ်သောဘုရားသခင် ထံသို့ဆုတောင်းပတ္ထနာပြုသောအခါ သင် တို့သည်ကိုယ်တော်အားအဖဟုခေါ်လျက် ဆုတောင်းပတ္ထနာပြုကြ၏။ သို့ဖြစ်၍ဤ လောကတွင်အသက်ရှင်သမျှကာလပတ် လုံးထိုအရှင်အားကြောက်ရွံ့ရိုသေကြ လော့။-