ယောဘဝတ္တု။ 38:34 - Common Language Bible များစွာသော မိုဃ်းရေသည် သင့်ကို လွှမ်းမိုး စေခြင်းငှါ မိုဃ်းတိမ်တို့ကို အသံလွှင့်နိုင်သလော။ Garrad Bible ရေ များ သည် သင့် အ လို အ တိုင်း လွှမ်း စေ ခြင်း ငှာ၊ မိုး တိမ် အား အ သံ လွှင့်၍ မိန့် ခေါ် နိုင် သ လော။ Judson Bible များစွာသောမိုးရေသည် သင့်ကို လွှမ်းမိုးစေခြင်းငှာ မိုးတိမ်တို့ကို အသံလွှင့်နိုင်သလော။ မြန်မာ့စံမီသမ္မာကျမ်း သင့်ကို မိုးရေများ ရွှဲနစ်သွားစေမည့်အကြောင်း မိုးတိမ်ကို အော်ခေါ်ပြီး အမိန့်ပေးနိုင်သလော။ |
ထာဝရဘုရားသည်ကြယ်တာရာ အပေါင်းတို့ကို ဖန်ဆင်းတော်မူ၏။ ခိမကြယ်စုနှင့်ခသိလကြယ်စုကိုလည်း ဖန်ဆင်းတော်မူခဲ့ပြီ။ အမှောင်ကိုအလင်းဖြစ်စေ၍နေ့ကိုလည်း ညအဖြစ်သို့ပြောင်းလဲခဲ့ပြီ။ ပင်လယ်ရေအပေါင်းတို့ကိုခေါ်ယူကာ မြေကြီးပေါ်မှာသွန်းတော်မူခဲ့ပြီ။ ကိုယ်တော်ရှင်၏နာမတော်မှာထာဝရဘုရား ဖြစ်တော်မူ၏။
နွေဦးပေါက်သောအခါမိုးရွာစေရန်ထာဝရ ဘုရားအား လျှောက်ထားတောင်းခံကြလော့။ မိုး တိမ်များကိုစေလွှတ်ကာမိုးရွာစေ၍လူခပ် သိမ်းတို့အတွက် လယ်ပြင်များကိုစိမ်းလန်း စေတော်မူသောအရှင်ကားထာဝရဘုရား ပေတည်း။-
နောက်တစ်ဖန်ဧလိယဆုတောင်းသောအခါ ကောင်းကင်မှမိုးများရွာချလာသဖြင့် မြေ ဆီလွှာသည်အသီးအနှံများကိုဖြစ်ထွန်း စေ၏။
ရှမွေလသည်ဆုတောင်းပတ္ထနာပြုသဖြင့်ထို နေ့၌ပင်လျှင် ထာဝရဘုရားသည်မိုးကိုထစ် ချုန်းစွာရွာသွန်းစေတော်မူ၏။ ထိုအခါလူ အပေါင်းတို့သည်ထာဝရဘုရားနှင့် ရှမွေလ အားကြောက်လန့်ကြသည်ဖြစ်၍၊-