ယောဘဝတ္တု။ 38:31 - Common Language Bible သင်သည် ခိမကြယ်စု၏သာယာစွာ ပြုပြင်ခြင်း ကို ချုပ်တည်းနိုင်သလော။ ကသိလကြယ်၏ ချည်နှောင် ခြင်းကို ဖြည်နိုင်သလော။ Garrad Bible သင် သည် ကြ တ္တိ ကာ၏ နိ ယ ထုံ ကို နှောင် ဖွဲ့ ခြင်း သော်လည်း ကောင်း၊ အဿ ဝ တီ၏ သီ ဟ ဇာ ကို ဖြေ လွှတ် ခြင်း သော်လည်း ကောင်း၊ တတ် နိုင် သ လော။ Judson Bible သင်သည် ခိမကြယ်စု၏ သာယာစွာပြုပြင်ခြင်းကို ချုပ်တည်းနိုင်သလော။ ကသိလကြယ်၏ ချည်နှောင်ခြင်းကို ဖြည်နိုင်သလော။ မြန်မာ့စံမီသမ္မာကျမ်း ခုနစ်စင်ကြယ်စုကို သင်ချည်ထားနိုင်သလော။ သရဝဏ်ကြယ်ကြိုးကို သင်ဖြေပေးနိုင်သလော။ |
မာဇရုတ်ကြယ်တို့ကို အချိန်ရောက်လျှင် ထုတ် ဘော်နိုင်သလော။ အာရှကြယ်နှင့်သူ၏သားတို့ကို ပဲ့ပြင် နိုင်သလော။
ထာဝရဘုရားသည်ကြယ်တာရာ အပေါင်းတို့ကို ဖန်ဆင်းတော်မူ၏။ ခိမကြယ်စုနှင့်ခသိလကြယ်စုကိုလည်း ဖန်ဆင်းတော်မူခဲ့ပြီ။ အမှောင်ကိုအလင်းဖြစ်စေ၍နေ့ကိုလည်း ညအဖြစ်သို့ပြောင်းလဲခဲ့ပြီ။ ပင်လယ်ရေအပေါင်းတို့ကိုခေါ်ယူကာ မြေကြီးပေါ်မှာသွန်းတော်မူခဲ့ပြီ။ ကိုယ်တော်ရှင်၏နာမတော်မှာထာဝရဘုရား ဖြစ်တော်မူ၏။