ယောဘဝတ္တု။ 38:19 - Common Language Bible အလင်းနေရာသို့ အဘယ်မည်သော လမ်းဖြင့် ရောက်ရသနည်း။ မှောင်မိုက်နေရာလည်း အဘယ်မှာ ရှိသနည်း။ Garrad Bible သင် သည် အ လင်း အိမ် နှင့် မှောက် မိုက် အိမ် သို့ ရောက် ရာ လမ်း များ ကို သိ၍၊ ၎င်း နယ် နိ မိတ် တိုင် အောင်၊ နှစ် ရပ် လုံး ကို ပို့ ဆောင် ရ ခြင်း ငှာ၊ မှောင် မိုက် နေ ရာ ရင်း နှင့်၊ အ လင်း စံ ရာ သို့ ရောက် သော လမ်း ကား၊ အ ဘယ် မှာ နည်း။ Judson Bible အလင်းနေရာသို့ အဘယ်မည်သောလမ်းဖြင့် ရောက်ရသနည်း။ မှောင်မိုက်နေရာလည်း အဘယ်မှာရှိသနည်း။ မြန်မာ့စံမီသမ္မာကျမ်း အလင်းရှိရာသို့ ရောက်သောလမ်းကား အဘယ်မှာနည်း။ အမှောင်ထု၏နေရာကား အဘယ်မှာနည်း။ |
အကယ်စင်စစ်သင်သည် အလင်းအမိုက်အပိုင်း အခြားသို့ ငါတို့ ကိုပို့ဆောင်နိုင်၏။ သူတို့နေရာအိမ်သို့ ရောက်သောလမ်းတို့ကို သိလိမ့်မည်။
ကိုယ်တော်ရှင်သည်ညဥ့်ကိုဖန်ဆင်းတော်မူသဖြင့် မှောက်မိုက်ချိန်တွင်တောတိရစ္ဆာန်အပေါင်းတို့ ထွက်လာကြပါ၏။
ကိုယ်တော်သည်တစ်ပြည်လုံးတွင်အမှောင် ကျစေတော်မူ၏။ သို့သော်လည်းအီဂျစ်အမျိုးသားတို့သည် ကိုယ်တော်၏အမိန့်တော်ကိုနားမထောင် ကြ။
ကိုယ်တော်သည်မိမိကိုယ်ကိုအမှောင်ဖြင့် ဖုံးလွှမ်းတော်မူ၏။ ကိုယ်တော်၏ပတ်လည်တွင်ရေဖြင့်ပြည့်လျက် ထူထပ်သောမိုးတိမ်များရှိ၏။
ငါသည်အလင်းနှင့်အမှောင်ကိုဖန်ဆင်း၏။ ကောင်းကြီးမင်္ဂလာနှင့်ဘေးအန္တရာယ်ကိုပါ ဆောင်ယူပေး၏။ ဤအမှုအရာအပေါင်းကိုငါထာဝရဘုရား ပြုတော်မူပေသည်။
သင်တို့ဘုရားသခင်ထာဝရဘုရား သည် မိုးချုပ်စေတော်မူသဖြင့် သင်တို့သည်တောင်ပေါ်တွင်၊ခြေချော်၍ မလဲမီအခါ၌လည်းကောင်း၊ ကိုယ်တော်သည်သင်တို့စောင့်မျှော်ရာအလင်း ကို မှောင်မိုက်အဖြစ်သို့၊ ပြောင်းလဲစေတော်မမူမီအခါ၌လည်း ကောင်း သင်တို့ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
ငါသည်မိုးကောင်းကင်မှအလင်းအိမ်ရှိ သမျှကိုကွယ်ပျောက်စေ၍သင့်ပြည်၌ အမှောင်ကျစေမည်။ ဤကားငါအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
တောင်များကိုတည်၍လေအဟုန်တို့ကို ဖန်ဆင်းသောအရှင်သည်ဘုရားသခင်ပင် ဖြစ်၏။ ကိုယ်တော်ရှင်သည်မိမိ၏အကြံအစည် တော်တို့ကို လူသားတို့အားသိစေတော်မူပြီ။ နေ့ချိန်တာကိုညဦးယံအဖြစ်သို့ကူးပြောင်း စေခဲ့ပြီ။ ကမ္ဘာမိုးမြေအထွတ်အထိပ်တွင်အုပ်စိုးလျက် နေတော်မူပြီ။ ကိုယ်တော်၏ဘွဲ့နာမတော်ကားကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရားပေတည်း။
မွန်းတည့်ချိန်မှအစပြု၍မွန်းလွဲသုံးနာရီတိုင် အောင် မြေတစ်ပြင်လုံးတွင်မှောင်အတိကျလေ၏။-
ထိုအလင်းတော်သည်လောကသို့ကြွလာ၍ လူသားအပေါင်းတို့အပေါ်တွင် ထွန်းလင်း တောက်ပသည့်စစ်မှန်သောအလင်းဖြစ်ပေ သည်။
တစ်ဖန်သခင်ယေရှုကဖာရိရှဲတို့အား ``ငါ သည်လောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည်အသက်၏အလင်းကိုရ ၍အဘယ်အခါမျှအမှောင်တွင်သွားလာ ရလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
မိုးကောင်းကင်တွင်မြင်ရသောနေ၊ လနှင့် ကြယ်နက္ခတ်စသည်များကိုလည်းဝတ်မပြု၊ မကိုးကွယ်မိစေရန်သတိပြုကြလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရား သည်အခြားလူမျိုးအပေါင်းတို့အား ထို အရာများကိုကိုးကွယ်ခွင့်ပေးတော်မူ၏။-