ရှုရိတပ်ချဉ်းကပ်လာသောအခါဧလိရှဲက``အို ထာဝရဘုရား၊ ထိုသူတို့အားမျက်စိကွယ် စေတော်မူပါ'' ဟုဆုတောင်းသည့်အတိုင်း ထာဝရဘုရားသည်ထိုသူတို့အားမျက်စိ ကွယ်စေတော်မူ၏။-
ယောဘဝတ္တု။ 38:15 - Common Language Bible လူဆိုးတို့၏ အလင်းသည်ကွယ်၍ ချီကြွသော လက်လည်း ကျိုးတတ်၏။ Garrad Bible လူ ဆိုး တို့၌ မူ ကား၊ အ လင်း ကို ချုပ် ချယ် လျက်၊ ချီ သော လက် ရုံး လည်း ကျိုး ပြတ် လေ ပြီ။ Judson Bible လူဆိုးတို့၏အလင်းသည် ကွယ်၍ ချီကြွသောလက်လည်း ကျိုးတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း လူဆိုးတို့ထံမှ အလင်းကိုရုပ်သိမ်းတော်မူ၏။ မြှောက်ထားသောလက်ကို ချိုးပစ်တော်မူ၏။ |
ရှုရိတပ်ချဉ်းကပ်လာသောအခါဧလိရှဲက``အို ထာဝရဘုရား၊ ထိုသူတို့အားမျက်စိကွယ် စေတော်မူပါ'' ဟုဆုတောင်းသည့်အတိုင်း ထာဝရဘုရားသည်ထိုသူတို့အားမျက်စိ ကွယ်စေတော်မူ၏။-
အချို့သောသူတို့သည် အလင်းကို ဆန့်ကျင်ဘက်ပြု၍ အလင်းသဘောကိုမသိ။ လင်းသောလမ်းသို့ မလိုက်တတ်ကြ။
ထိုသူတို့သည် နေ့အချိန်၌ မှောင်မိုက်ကိုတွေ့၍၊ ညဉ့်အချိန်၌ကဲ့သို့ မွန်းတည့်အချိန်၌ စမ်းသပ်လျက် သွားလာကြ၏။
ထိုသူတို့စီရင်သောထားဘေးမှ၎င်း၊ အားကြီးသောသူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ၏။
ယုတ်မာသူနှင့်ဆိုးညစ်သူတို့၏လက်ရုံးကို ချိုးတော်မူပါ။ ထိုသူတို့သည်ဒုစရိုက်ကိုမပြုတော့သည့်တိုင် အောင် အပြစ်ဒဏ်ခတ်တော်မူပါ။
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် သူယုတ်မာတို့၏စွမ်းရည်ကိုသိမ်းယူ၍ သူတော်ကောင်းတို့အားကွယ်ကာ စောင့်ရှောက်တော်မူမည်ဖြစ်သောကြောင့် တည်း။
မတရားသောသူတို့၏လမ်းမူကား၊ မှောင်မိုက် ကဲ့သို့ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ်အရာကို တိုက်မိသည်ဟု မသိရကြ။
သင်တို့ဘုရားသခင်ထာဝရဘုရား သည် မိုးချုပ်စေတော်မူသဖြင့် သင်တို့သည်တောင်ပေါ်တွင်၊ခြေချော်၍ မလဲမီအခါ၌လည်းကောင်း၊ ကိုယ်တော်သည်သင်တို့စောင့်မျှော်ရာအလင်း ကို မှောင်မိုက်အဖြစ်သို့၊ ပြောင်းလဲစေတော်မမူမီအခါ၌လည်း ကောင်း သင်တို့ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည်အီဂျစ်ဘုရင် ၏ရန်သူဖြစ်၏။ သူ၏လက်နှစ်ဖက်စလုံး ကိုငါချိုးမည်။ ကျိုးနေသောလက်နှင့်မ ကျိုးသေးသောလက်ကိုပါချိုးမည်။ ထို အခါသူ၏လက်မှဋ္ဌားသည်ကျသွား လိမ့်မည်။-
တိုင်းရင်းဖွားဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြားဖြစ်စေတမင်သက်သက်အပြစ် ပြုမိလျှင်မူကား ထိုသူသည်ထာဝရဘုရား အားမထီမဲ့မြင်ပြုခြင်းဖြစ်သောကြောင့် သူ့ကိုသေဒဏ်စီရင်ရမည်။-