ထိုအခါ ထာဝရဘုရားသည် ယောဘစကားကို လှန်ပြန်၍၊ မိုဃ်းသက်မုန်တိုင်းထဲက မိန့်တော်မူသည် ကား၊
ယောဘဝတ္တု။ 37:9 - Common Language Bible လေဘွေသည် တောင်မျက်နှာမှ၎င်း၊ အချမ်း သည် မြောက်မျက်နှာမှ၎င်း ထွက်လာတတ်၏။ Garrad Bible မိုး သက် မုန် တိုင်း သည် မိ မိ တိုက် ခန်း မှလည်း ကောင်း၊ အ ချမ်း လည်း လေ ပြင်း မှလည်း ကောင်း၊ ထွက် လာ၍၊ Judson Bible လေပွေသည် တောင်မျက်နှာမှလည်းကောင်း၊ အချမ်းသည် မြောက်မျက်နှာမှလည်းကောင်း ထွက်လာတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း လေပွေသည် တောင်အရပ်မှလည်းကောင်း၊ အေးမြသောလေသည် မြောက်အရပ်မှလည်းကောင်း တိုက်ခတ်လာ၏။ |
ထိုအခါ ထာဝရဘုရားသည် ယောဘစကားကို လှန်ပြန်၍၊ မိုဃ်းသက်မုန်တိုင်းထဲက မိန့်တော်မူသည် ကား၊
မိုးမျက်နှာကျက်ရှိရေပြင်အထက်တွင်အိမ်တော်ကို တည်တော်မူပါ၏။ ကိုယ်တော်ရှင်သည်မိုးတိမ်တို့ကိုရထားသဖွယ်၊ လေကိုအတောင်များသဖွယ်စီးတော်မူ၏။
ကိုယ်တော်သည်မိုးသီးများကိုမုန့်ကျိုး မုန့်ပဲ့များသဖွယ်ကျစေတော်မူ၏။ ကိုယ်တော်ရှင်စေလွှတ်တော်မူလိုက်သည့် အအေးဋ္ဌာတ်ကိုအဘယ်သူမျှမခံ နိုင်ပေ။
ဤဗျာဒိတ်တော်သည်ဗာဗုလုန်နှင့်သက်ဆိုင် သောဗျာဒိတ်တော်ဖြစ်၏။ သဲကန္တာရကိုဖြတ်ကျော်၍တိုက်ခတ်လာ သောလေဗွေကဲ့သို့ ဘေးအန္တရာယ်ဆိုးတစ်ခု သည်ကြောက်မက်ဖွယ်ကောင်းသည့်တိုင်းပြည် တစ်ပြည်မှသက်ရောက်လာလိမ့်မည်။-
ထာဝရဘုရားသည်မိမိလူမျိုးတော်ရှိရာ အရပ်သို့ ကြွလာတော်မူ၍မြားတော်တို့ကိုလျှပ်စစ်ပြက် သကဲ့သို့ပစ်လွှတ်တော်မူလိမ့်မည်။ ထာဝရဘုရားသည်တံပိုးခရာမှုတ်တော်မူ၍ တောင်အရပ်မှလာသည့်လေမုန်တိုင်းနှင့်အတူ ချီတက်တော်မူလိမ့်မည်။