မြေပေါ်မှာဖြစ်စေဟု မိုဃ်းပွင့်ကို၎င်း၊ သုန်ဖျင်းသောမိုဃ်းရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဃ်းရေ ကို၎င်း မိန့်တော်မူ၏။
မိုး ပွင့် အားလည်း ကောင်း၊ မိုး သေး နှင့် သည်း ထံ သော မိုး အားလည်း ကောင်း၊ မြေ ပေါ် သို့ ကျ လော့ ဟု မိန့် မှာ တော် မူ၏။
မြေပေါ်မှာဖြစ်စေဟု မိုးပွင့်ကိုလည်းကောင်း၊ သုန်ဖျင်းသောမိုးရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုးရေကိုလည်းကောင်း မိန့်တော်မူ၏။
နှင်းပွင့်ကို ‘မြေကြီးပေါ်သို့ကျစေ’၊ မိုးစက်များကို ‘သည်းထန်စွာရွာသွန်းစေ’ဟု အမိန့်ပေးတော်မူ၏။
သို့ရာတွင်သူတို့ကဆက်လက်၍``ဤလူအုပ် သည်အလွန်ကြီးမား၍ မိုးသည်လည်းသည်း ထန်စွာရွာလျက်ရှိပါ၏။ အကျွန်ုပ်တို့သည် လဟာပြင်တွင် ဤသို့ရပ်လျက်မနေနိုင် ကြပါ။ အကျွန်ုပ်တို့အမြောက်အမြားပင် ထိုအပြစ်ကိုကူးလွန်ခဲ့ကြသည်ဖြစ်၍ ဤအမှုကိစ္စကိုတစ်ရက်နှစ်ရက်နှင့်ဆောင် ရွက်၍ပြီးမည်မဟုတ်ပါ။-
ယုဒနှင့်ဗင်္ယာမိန်နယ်မြေများတွင်နေထိုင် သူယောကျာ်းအပေါင်းတို့သည် သုံးရက်အတွင်း နဝမလနှစ်ဆယ်ရက်နေ့၌ ယေရုရှလင် မြို့ဗိမာန်တော်ရှေ့တံတိုင်းသို့လာရောက် စုဝေးကြ၏။ ထိုအခါ၌မိုးသည်းထန် စွာရွာလျက်နေ၏။ လူအပေါင်းတို့သည် ရာသီဥတုအခြေအနေကြောင့်လည်း ကောင်း၊ အစည်းအဝေးအရေးကြီးမှု ကြောင့်လည်းကောင်းတုန်လှုပ်လျက်နေ ကြ၏။
မိုဃ်းရွာမှုကိုစီရင်၍၊ မိုဃ်းကြိုးလျှပ်စစ်ပြက်ရာ လမ်းကို ဖန်ဆင်းသောအခါ၊
ရေကိုသုန်ဖျင်းစေ၍၊ အထက်သို့ဆွဲယူတော် မူသဖြင့်၊ ရေငွေ့ရှိသည်အတိုင်း မိုဃ်းရွာတတ်၏။
သင်သည် မိုဃ်းပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူး သလော။
မြေပေါ်မှာမိုဃ်းရွာစေသဖြင့် လယ်တို့၌ ရေကိုပေးတော်မူ၏။
ဆင်းရဲသားတို့ကို ညှဉ်းဆဲသော ဆင်းရဲသား သည် အဘယ်စားစရာမျှ မကြွင်းစေဘဲ၊ သုတ်သင်ပယ် ရှင်းသော မိုဃ်းရေနှင့်တူ၏။
ထိုမြို့ရိုးသည်ပြိုကျရလိမ့်မည်ဖြစ်ကြောင်း ထိုမြို့ရိုးကိုထုံးသုတ်သူတို့အားဆင့်ဆို လော့။ ငါသည်မိုးသည်းထန်စွာရွာသွန်းစေ မည်။ မိုးသီးများသည်မြို့ရိုးပေါ်သို့ကျ လျက်လေပြင်းမုန်တိုင်းတိုက်ခတ်လာ သဖြင့်၊-
အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ငါသည်အမျက်ထွက်၍ထိုမြို့ရိုး ကိုဖြိုရန်လေပြင်းမုန်တိုင်းကိုတိုက်စေမည်။ ဒေါသထွက်၍မိုးသည်းထန်စွာရွာသွန်း စေ၍မိုးသီးများကိုကျလျက်ပျက်စီး စေမည်။-
ထာဝရဘုရားသည်မိုးကောင်းကင်၌ မိမိအိမ်တော် ကိုတည်ဆောက်ခဲ့၏။ ကမ္ဘာမြေကြီးပေါ်တွင်လုံးဝန်းသော ကောင်းကင်ယံခုံးကိုတင်တော်မူ၏။ ပင်လယ်ရေများကိုခေါ်ယူလျက်မြေပေါ်၌ သွန်းလောင်းခဲ့၏။ ကိုယ်တော်ရှင်၏နာမတော်သည် အရှင်ထာဝရဘုရားပင်ဖြစ်တော်မူ၏။