ဤရွှေ့ကား၊ အမှုတော်အရိပ်အမြွက်သာဖြစ်၏။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုဃ်းကြိုးသံကို အဘယ်သူနားလည်နိုင် သနည်းဟု မြွက်ဆို၏။
ယောဘဝတ္တု။ 37:4 - Common Language Bible လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက်၏။ ဘုန်းအာနုဘော်တော်အသံနှင့်မိုဃ်းချုန်းတော်မူ၏။ အသံ တော်မြည်သောအခါ မိုဃ်းသက်မုန်တိုင်းကို ချုပ်တည်း တော်မမူ။ Garrad Bible မိုး ချုန်း၍၊ ဘုန်း တန် ခိုး အ သံ ဗ လံ တော် နှင့် ထွက် သော ချုန်း သံ ကို ကြား ကြ သော အ ခါ၊ ဆီး တား တော် မ မူ။ Judson Bible လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက်၏။ ဘုန်းအာနုဘော်တော်အသံနှင့် မိုးချုန်းတော်မူ၏။ အသံတော်မြည်သောအခါ မိုးသက်မုန်တိုင်းကို ချုပ်တည်းတော်မမူ။ မြန်မာ့စံမီသမ္မာကျမ်း လျှပ်စီးလက်ပြီးမှ အသံတော်မြည်ဟိန်းထွက်လာ၏။ ဘုန်းကြီးသောအသံတော်ဖြင့် မိုးခြိမ်းစေတော်မူ၏။ အသံတော်ကိုကြားရသည်နှင့် လျှပ်စီးကို အတားအဆီးမရှိ လွှတ်လိုက်တော်မူ၏။ |
ဤရွှေ့ကား၊ အမှုတော်အရိပ်အမြွက်သာဖြစ်၏။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုဃ်းကြိုးသံကို အဘယ်သူနားလည်နိုင် သနည်းဟု မြွက်ဆို၏။
မိုဃ်းကောင်းကင်အောက်၌ အနှံ့အပြားလွှတ်၍၊ မြေကြီးစွန်းတိုင်အောင် လျှပ်စစ်ပြက်စေတော်မူ၏။
အံ့ဩဘွယ်သော အခြင်းအရာပါလျက်၊ ဘုရားသခင်သည် အသံတော်နှင့်မိုဃ်းချုန်းတော်မူ၏။ ကြီး သောအမှု ငါတို့နားမလည်နိုင်သော အမှုတို့ကို ပြုတော်မူ၏။
သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။
ကိုယ်တော်သည်မြားတော်တို့ကိုပစ်လွှတ်တော် မူလျက် ရန်သူများကိုကွဲလွင့်စေတော်မူ၏။ လျှပ်စစ်ပြက်စေတော်မူလျက်သူတို့အား ထွက်ပြေးစေတော်မူ၏။
ဣသရေလအမျိုးသားတို့၊ သင်တို့၏ဘုရား သခင်နှင့် နှိုင်းယှဉ်အပ်သောအခြားဘုရားမရှိ။ ကိုယ်တော်သည်ဘုန်းကျက်သရေကိုဆောင်လျက် မိုးတိမ်ကိုစီး၍၊ကောင်းကင်ကိုဖြတ်ကျော်ပြီးလျှင် သင်တို့ကိုကူမရန်ကြွလာတော်မူ၏။