အာဟပ်သည်စားသောက်ရန်ထွက်ခွာသွားစဉ် ဧလိယသည်ကရမေလတောင်ထိပ်သို့တက် ပြီးလျှင် မိမိ၏ဒူးနှစ်ခုအကြားတွင်မြေ သို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ်လျက်၊-
ယောဘဝတ္တု။ 37:11 - Common Language Bible မိုဃ်းတိမ်မှမိုဃ်းရေကို သက်ရောက်စေ၍၊ ရောင်ခြည်တော်အားဖြင့် မိုဃ်းတိမ်ကို ပျောက်လွင့် စေတော်မူ၏။ Garrad Bible ရေ ဓာတ် ငွေ့ ဖြင့် မိုး သား ကို လေး လံ စေ၍၊ လျှပ် စစ် ပါ သော မိုး တိမ် ကို ဖြန့် တော် မူ သည့် ပြင်၊ Judson Bible မိုးတိမ်မှ မိုးရေကို သက်ရောက်စေ၍၊ ရောင်ခြည်တော်အားဖြင့် မိုးတိမ်ကို ပျောက်လွင့်စေတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း တိမ်တိုက်ကို ရေငွေ့များနှင့်ဖွဲ့ထား၍ လျှပ်စီးလက်သောအခါ မိုးတိမ်များကိုကွဲလွင့်သွားစေ၏။ |
အာဟပ်သည်စားသောက်ရန်ထွက်ခွာသွားစဉ် ဧလိယသည်ကရမေလတောင်ထိပ်သို့တက် ပြီးလျှင် မိမိ၏ဒူးနှစ်ခုအကြားတွင်မြေ သို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ်လျက်၊-
ထိုအမှုတို့ကို ဘုရားသခင်စီရင်၍၊ မိုဃ်းတိမ်တော်အလင်းကို ထွန်းလင်းစေတော်မူသောအခါ၊ သင်သည် သိသလော။
မိုဃ်းကောင်းကင်အောက်၌ အနှံ့အပြားလွှတ်၍၊ မြေကြီးစွန်းတိုင်အောင် လျှပ်စစ်ပြက်စေတော်မူ၏။
ထာဝရဘုရားကငါ့အား``အသီးအနှံ ရိတ်သိမ်းချိန်၏ပူအိုက်သည့်ညတို့၌ဆီးနှင်း များသည်ငြိမ်သက်စွာကျလာသကဲ့သို့ လည်းကောင်း၊ အပူရှိန်ပြင်းသည့်နေ့၌နေ သည်ကြည်လင်ဆိတ်ငြိမ်စွာထွန်းလင်းတောက် ပသကဲ့သို့လည်းကောင်း ငါသည်ကောင်းကင် ဘုံမှငြိမ်သက်စွာငုံ့၍ကြည့်တော်မူမည်။-
ဤသို့ပေတရုလျှောက်ထားစဉ်ပင်တောက်ပသော မိုးတိမ်တိုက်တစ်ခု၏အရိပ်သည်သူတို့အပေါ် သို့ကျလာ၏။ မိုးတိမ်တိုက်ထဲမှ ``ဤသူကား ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်မြတ်နိုး၏။ သူ၏စကားကို နားထောင်ကြလော့'' ဟုအသံတော်ထွက်ပေါ် လာ၏။