ယောဘဝတ္တု။ 37:1 - Common Language Bible ဤအမှုကြောင့် ငါ့နှလုံးသည် တုန်လှုပ်၍ မိမိ နေရာမှ ရွေ့သွား၏။ Garrad Bible အ ကယ် စင် စစ် အ ကျွန်ုပ် နှ လုံး သည်၊ ဤ အ မှု ကြောင့် နေ ရာ မှ တုန် လှုပ် လန့် ခုန် တတ်၏။ Judson Bible ဤအမှုကြောင့် ငါ့နှလုံးသည် တုန်လှုပ်၍ မိမိနေရာမှ ရွေ့သွား၏။ မြန်မာ့စံမီသမ္မာကျမ်း ဤအမှုကြောင့် အကျွန်ုပ်သည် နှလုံးတုန်ရင်ခုန်ရပါ၏။ |
ထိုအခါ ထာဝရဘုရားသည် ယောဘစကားကို လှန်ပြန်၍၊ မိုဃ်းသက်မုန်တိုင်းထဲက မိန့်တော်မူသည် ကား၊
ကိုယ်တော်ရှင်ကိုကြောက်ရွံ့သဖြင့်ကွန်တော် မျိုးသည် ကြက်သီးမွေးညင်းထပါ၏။ ကိုယ်တော်ရှင်၏စီရင်တော်မူခက်တို့ကြောင့် ကွန်တော်မျိုးကြောက်ပါ၏။
ကိုယ်တော်ရှင်သည်သန့်ရှင်းသူတို့၏ကောင်စီတွင် ရိုသေလေးမြတ်ခြင်းကိုခံရပါ၏။ သူတို့သည်ကိုယ်တော်ရှင်အားလွန်စွာ ကြောက်ရွံ့ရိုသေကြပါ၏။
တတိယနေ့တွင်တောင်ပေါ်၌မိုးချုန်း၍ လျှပ်စီးလက်ပြီးလျှင်ထူထပ်သောမိုးတိမ် ကျရောက်လေသည်။ အလွန်ကျယ်လောင်သော တံပိုးမှုတ်သံလည်းထွက်ပေါ်လာ၏။ ထို အခါစခန်းထဲရှိလူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြ၏။-
ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည်အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ်ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ်နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့်အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ်မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထနိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည်ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော်မလွန်နိုင်။-
ထိုအခါရုတ်တရက်မြေငလျင်ပြင်းစွာလှုပ် သဖြင့် အကျဉ်းထောင်၏အုတ်မြစ်သည်လှုပ်ရှား သွား၏။ ထောင်တံခါးရှိသမျှသည်ချက်ချင်း ပင်ပွင့်ထွက်သွားကုန်၏။ အကျဉ်းသားအပေါင်း တို့သည် သံကြိုးအနှောင်အဖွဲ့မှလွတ်မြောက် ကြကုန်၏။-
ထောင်မှူးသည်မီးတိုင်ကိုတောင်းယူပြီးလျှင် ပြေးဝင်၍လာ၏။ သူသည်တုန်လှုပ်လျက် ပေါလုနှင့်သိလတို့၏ခြေရင်းတွင်ပျပ်ဝပ်၏။-
ဒန်အနွယ်ကိုရည်သန်၍ဤသို့ဖွဲဆိုလေသည်။ ``ဒန်အနွယ်သည်ခြင်္သေ့ပျိုဖြစ်၍ဗာရှန်ပြည်မှ ခုန်ပေါက်၍ထွက်လာ၏။''