ယောဘဝတ္တု။ 34:3 - Common Language Bible ခံတွင်းသည် အစာကို မြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းတတ်၏။ Judson Bible ခံတွင်းသည် အစာကို မြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား နားသည် စကားတို့ကို ဆန်းစစ်တတ်သကဲ့သို့ လျှာသည် အစားအစာကို အရသာခံတတ်၏။ |
ငါတို့သည် ကိုယ်အဘို့အလိုငှါ စစ်၍တရား သဖြင့် စီရင်ကြကုန်အံ့။ ကောင်းသောအရာကို ကိုယ်တိုင် အားဖြင့် သိမှတ်ကြကုန်အံ့။
ငါ့လျှာ၌ ကောက်သောသဘောရှိသလော။ ငါသည် မြည်းစမ်း၍ အပြစ်ပါသောအရာကို ပိုင်းခြား မသိနိုင်သလော။
ဝိညာဉ်တော်ကိုခံယူရရှိသူသည်အရာ ခပ်သိမ်း၏တန်ဖိုးကိုအကဲဖြတ်နိုင်၏။ သို့ ရာတွင်ထိုသူ့အားမည်သူမျှအကဲဖြတ် ၍မရ။-
မာသောအစားအစာသည်ကားအရွယ်ရောက် ပြီးသူတို့အတွက်ဖြစ်၏။ သူတို့သည်လေ့ကျင့် မှုအားဖြင့် အကောင်းနှင့်အဆိုးကိုပိုင်းခြားသိ ရှိသူများဖြစ်ကြ၏။