ယောဘဝတ္တု။ 34:27 - Common Language Bible အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်ကိုငြင်းပယ်ကြ၏။ ပြုတော်မူသော အမှုတို့ကို အလျှင်းမဆင် ခြင်ကြ။ Judson Bible အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်ကို ငြင်းပယ်ကြ၏။ ပြုတော်မူသောအမှုတို့ကို အလျှင်းမဆင်ခြင်ကြ။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမှာ သူတို့သည် ကိုယ်တော့်နောက်လိုက်ရာမှ ပြန်လှည့်သွားကြ၏။ နည်းလမ်းတော်များကို အလေးမထားကြ။ |
အသိပညာရှိသူတို့သည်ဤအမှုအရာ တို့ကို နှလုံးသွင်း၍ ထာဝရဘုရား၏ခိုင်မြဲသောမေတ္တာတော် အကြောင်းကိုစဉ်းစားဆင်ခြင်ကြစေ။
သို့ရာတွင်မကောင်းမှုပြုသူတို့အားအပြစ်ဒဏ် စီရင်တော်မူသောအခါ နည်းလမ်းတော်ကိုစွန့်သူတို့ကိုလည်း အပြစ်ဒဏ်စီရင်တော်မူပါ။ ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း သာယာမှုကိုခံစားရကြပါစေသော။
သူတို့သည်ထာဝရဘုရားပြုတော်မူသော အမှုတော်တို့ကိုလည်းကောင်း၊ကိုယ်တော် ဖန်ဆင်းတော်မူသောအရာများကိုလည်းကောင်း ပမာဏမပြုကြပါ။ သို့ဖြစ်၍ကိုယ်တော်သည်သူတို့အား အပြစ်ဒဏ်ခတ်တော်မူ၍ထာဝစဉ်ဆုံးပါး ပျက်စီးစေတော်မူလိမ့်မည်။
လမ်းလွှဲသောသူသည် ဆုံးမသောစကားကို နားမခံလို။ သို့သော်လည်း၊ အပြစ်တင်ခြင်းကို မုန်းသော သူသည် သေရမည်။
သို့ရာတွင်ကိုယ်တော်သည်အပြစ်ကူးလွန်သူနှင့် မိမိကိုပုန်ကန်သူအပေါင်းတို့အားချေမှုန်းပစ်တော်မူလိမ့်မည်။ မိမိအားစွန့်ပစ်သူမှန်သမျှကိုသုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။
ကျွဲနွားများသည်မိမိတို့ပိုင်ရှင်ကိုသိကြ၏။ မြင်းများသည်လည်းမိမိတို့သခင်၏မြင်းစောင်း၊ မိမိတို့သခင်အစာကျွေးရာအရပ်တို့ကိုသိကြ၏။ သို့ရာတွင်ငါ၏လူမျိုးတော်ဣသရေလအမျိုးသားတို့မူကား ထိုမျှပင်မသိကြ။ သူတို့သည်အသိပညာခေါင်းပါးကြပါသည်တကား'' ဟုမိန့်တော်မူပါ၏။
သင်တို့၏ပွဲလမ်းသဘင်များတွင်စောင်းများ၊ ပတ်သာများ၊ ပလွေများနှင့်စပျစ်ရည်ပါ တတ်၏။ သို့ရာတွင်ထာဝရဘုရားအဘယ် သို့ပြုတော်မူလျက်နေသည်ကို သင်တို့မသိ ကြ။-
အို ဣသရေလ၊ဤအမှုသည်သင်ပြုသည့်အမှုပင် ဖြစ်ပါသည်တကား။ ငါသည်သင့်အားလမ်းပြပို့ဆောင်၍လာစဉ် သင်သည်မိမိတို့ဘုရားသခင်၊ငါထာဝရ ဘုရားအား စွန့်ပစ်ခဲ့၏။
ငါ့နောက်သို့မလိုက်တော့ဘဲ လှည့်၍ထွက် ခွာသွားသူများအားလည်းကောင်း၊ ငါ့ထံ မချဉ်းကပ် ငါ၏ပို့ဆောင်လမ်းပြမှုကို လည်းမတောင်းခံသူများအားလည်းကောင်း ငါသုတ်သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။
သို့သော်ပေါလုကမိမိတို့နှင့်သာသနာ ပြုခရီးအဆုံးတိုင်အောင်မလိုက်ဘဲ ပံဖုလိ ပြည်တွင်မိမိတို့ထံမှထွက်ခွာသွားခဲ့သူ ကိုခေါ်ဆောင်ရန်မသင့်လျော်ဟုယူဆ၏။-
ဒေမသည်ဤလောကကိုစွဲလမ်းသဖြင့်ငါ့ကို စွန့်ခွာ၍သက်သာလောနိတ်မြို့သို့ထွက်ခွာသွား လေသည်။ ကရက္ကေသည်ဂလာတိပြည်သို့လည်း ကောင်း၊ တိတုသည်ဒါလမာတိပြည်သို့လည်း ကောင်းသွားပြီ။-
ငါတို့သည်တွန့်ဆုတ်သဖြင့်ဆုံးပါးပျက် စီးရသူများမဟုတ်ဘဲ ယုံကြည်သဖြင့် ကယ်တင်ခြင်းကိုခံရသူများဖြစ်ကြ၏။