ပညာရှိသောသူသည် လေနှင့်တူသော အချည်း နှီးစကားကို ပြောသင့်သလော။ မိမိဝမ်းကို အရှေ့လေ နှင့်ပြည့်စေသင့်သလော။
ယောဘဝတ္တု။ 33:3 - Common Language Bible ငါသဘောဖြောင့်သည်နှင့်အညီ ငါ့စကား ဖြောင့်လိမ့်မည်။ ငါ့နှုတ်သည်ရှင်းလင်းသော ပညာစကား ကို မြွက်ဆိုလိမ့်မည်။ Garrad Bible အ ကျွန်ုပ် စ ကား များ သည်၊ ဖြောင့် မှန် သော စိတ် သ ဘော နှင့် ယှဉ် လျက်၊ တတ် သိ သ မျှ ကို ရိုး သား စွာ နှုတ် မြွက် လိမ့် မည်။ Judson Bible ငါသဘောဖြောင့်သည်နှင့်အညီ ငါ့စကားဖြောင့်လိမ့်မည်။ ငါ့နှုတ်သည် ရှင်းလင်းသောပညာစကားကို မြွက်ဆိုလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မှန်သောစိတ်သဘောဖြင့် ပြောပါမည်။ သိထားသောအရာများကို နှုတ်ခမ်းဖြင့် ရိုးသားစွာပြောပါမည်။ |
ပညာရှိသောသူသည် လေနှင့်တူသော အချည်း နှီးစကားကို ပြောသင့်သလော။ မိမိဝမ်းကို အရှေ့လေ နှင့်ပြည့်စေသင့်သလော။
တခါမျှအဓမ္မစကားကို ငါ့နှုတ်မမြွက်။ လှည့်စားသော စကားကို ငါ့လျှာဖြင့် ငါမပြောဘဲနေမည်။
သူတပါးကို ချီးမွမ်းသောစကားနှင့် မချော့မော့ တတ်။ ထိုသို့ပြုလျှင်၊ ငါ့ကိုဖန်ဆင်းတော်မူသော ဘုရား သည် ငါ့ကို ချက်ခြင်းပယ်ရှားတော်မူမည်။
ပညာရှိသော သူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။
ပညာရှိသော သူ၏နှုတ်ခမ်းတို့သည် ပညာ အတတ်ကို စွန့်ကြဲတတ်၏။ မိုက်သောသူ၏ နှလုံးမူကား ပညာမရှိ။
ရွှေရှိ၏။ ပတ္တမြားလည်းရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသော နှုတ်မူကား၊ အလွန် အဘိုးထိုက်သော ရတနာ ဖြစ်၏။