ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိဿဟာယဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည်။
ယောဘဝတ္တု။ 33:24 - Common Language Bible ဘုရားသခင်က၊ သင်္ချိုင်းတွင်းထဲသို့ထိုသူကို မဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာအကြောင်းကို ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူသောအားဖြင့်၊ Garrad Bible သင်္ချိုင်း တွင်း သို့ မ ဆင်း ရ စေ ခြင်း ငှာ၊ ထို သူ့ ကို ကယ် တော် မူ ပါ။ အ ကျွန်ုပ် သည် ရွေး နုတ် ရာ အ ကြောင်း ကို တွေ့ ခဲ့ ပြီ ဟု၊ သ နား၍ လျှောက် ဆို လျှင်၊ Judson Bible ဘုရားသခင်က၊ သင်္ချိုင်းတွင်းထဲသို့ ထိုသူကိုမဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာအကြောင်းကို ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူသောအားဖြင့်၊ မြန်မာ့စံမီသမ္မာကျမ်း သူ့ကို သနားသောအားဖြင့် ကောင်းကင်တမန်က ‘သူ့ကို သေတွင်းမှ ကယ်တင်တော်မူပါ။ အကျွန်ုပ်သည် ရွေးနုတ်စရာအဖိုးအခကို တွေ့ပါပြီ’ဟု ဆိုလိမ့်မည်။ |
ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိဿဟာယဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည်။
သင်္ချိုင်းတွင်းထဲသို့ ငါ့ကိုမဆင်းစေဘဲ ကယ်တင် တော်မူသဖြင့်၊ ငါ့အသက်သည် မှောင်မိုက်နှင့် လွတ် လျက်ရှိ၏ဟု လူတို့တွင် သီချင်းဆိုရလိမ့်မည်။
အမျက်တော်ထွက်တတ်သည်ဖြစ်၍၊ ဒဏ်ခတ် တော်မူမည်ဟု စိုးရိမ်စရာရှိ၏။ အမှုရောက်မှများသော အဘိုးကိုပေးသော်လည်း ကိုယ်ကို မရွေးမနှုတ်နိုင်။
ကိုယ်တော်သည်အမိန့်တော်ပေး၍သူတို့အား ရောဂါပျောက်ကင်းစေတော်မူပြီးလျှင် သင်္ချိုင်းတွင်းမှကယ်တော်မူ၏။
ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်ကိုယ်တော်ကို ကိုးစားခဲ့ကြပါ၏။ ယင်းသို့သူတို့ကိုးစားသည့်အတိုင်း ကိုယ်တော်သည်လည်းသူတို့အား ကယ်တော်မူခဲ့ပါ၏။
ကိုယ်တော်သည်ကြောက်မက်ဖွယ်ကောင်းသည့် တွင်းနှင့်ရွှံ့နွံထဲမှငါ့ကိုဆွဲတင်တော်မူ၏။ ထိုနောက်ငါ့အားကျောက်ပေါ်တွင်တင်၍ ထားတော်မူပြီးလျှင်လုံခြုံမှုကိုပေးတော်မူ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ကျောက်တောင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကာကွယ်ရန်အတွက်ခိုင်ခံ့ သည့် ရဲတိုက်ဖြစ်တော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံသော၊ ကျွန်တော်မျိုးကိုကာကွယ်သောအရှင် ဖြစ်တော်မူပါ၏။
ကျွန်တော်မျိုးအပေါ်၌ကိုယ်တော်ရှင် ထားတော်မူသောခိုင်မြဲသောမေတ္တာတော်သည် ကြီးမားလှပါသည်တကား။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားမရဏာ နိုင်ငံမှ ကယ်နုတ်တော်မူပါပြီ။
အို ဘုရားရှင်၊ ကိုယ်တော်ရှင်သည်ချစ်ခင်ကြင်နာတတ်သောဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်အစဉ်အမြဲစိတ်ရှည် သည်းခံတော်မူပါ၏။ အစဉ်သနားလျက်သစ္စာရှိတော်မူပါ၏။
ကိုယ်တော်ရှင်၌ကျွန်တော်မျိုးတို့အပေါ် ကောင်းမြတ်သောသဘော၊အပြစ်လွှတ်တတ်သော သဘောရှိတော်မူပါ၏။ အထံတော်သို့ဆုတောင်းပတ္ထနာပြုသူ အပေါင်းတို့ အပေါ်ထားတော်မူသည့်ခိုင်မြဲသော မေတ္တာတော်သည်ကြွယ်ဝပါ၏။
ထာဝရဘုရားက``ငါ၏ဂုဏ်အသရေ တော်ရှိသမျှကိုသင့်အားပြသ၍၊ ငါ၏ နာမတော်ကိုလည်းသင့်အားကြေညာ မည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ငါ သနားကြင်နာလိုသူအားသနားကြင် နာမည်။ ငါကျေးဇူးပြုလိုသူအား ကျေးဇူးပြုမည်။
သို့နှင့်လည်းသူသည်ငါတို့၏အပြစ်များအတွက် ထိုးနှက်သည့်ဒဏ်ရာများကိုရရှိလျက်၊ ငါတို့ပြုသည်မကောင်းမှုများအတွက် ရိုက်နှက်ခြင်းကိုခံရ၏။ သူသည်ယင်းသို့အပြစ်ဒဏ်ခံယူသည်ဖြစ်၍ ငါတို့သည်အပြစ်ဖြေလွှတ်ခွင့်ကိုရရှိကြ၏။ သူခံရသောဒဏ်ရာဒဏ်ချက်အားဖြင့်ငါ တို့သည် အနာပျောက်ကင်းခွင့်ကိုရရှိကြ၏။
``အို ဣသရေလ၊သင်သည်ငါ၏အချစ်ဆုံးသား၊ ငါ၏အမြတ်နိုးဆုံးသားဖြစ်၏။ ငါသည်သင်၏နာမည်ကိုထုတ်ဖော်၍ ပြောဆိုရသည့်အခါတိုင်းသင့်အားလွမ်းဆွတ် သတိရလျက်နေ၏။ ငါသည်သင့်အားချစ်ခင်စွဲလန်းသည်ဖြစ်၍ ကရုဏာထားမည်။
ထာဝရဘုရားထံတော်သို့ပြန်လာ၍ ကိုယ် တော်ထံဤဆုတောင်းပတ္ထနာကိုဆက်သ လျှောက်ထားလော့``အကျွန်ုပ်တို့၏အပြစ်များ ကိုလွှတ်၍၊ ကျေးဇူးတော်အားဖြင့်အကျွန်ုပ် တို့အားလက်ခံတော်မူပါ။ အကျွန်ုပ်တို့ပြု ထားသောကတိအတိုင်း ကိုယ်တော်၏ဂုဏ် တော်ကိုချီးမွမ်းပါမည်။-
ထာဝရဘုရားက၊ ``ငါ၏လူမျိုးတော်ကိုငါ့ထံသို့ ပြန်လာစေမည်။ ငါသည်သူတို့အားအကြွင်းမဲ့ချစ်မည်။ သူတို့အပေါ်၌အမျက်တော်ပြေပြီ။
ထာဝရဘုရားက၊ ``ယဇ်ကောင်များ၏သွေးနှင့်တံဆိပ်ခတ် နှိပ်ကာ၊ သင်တို့နှင့်ငါပြုသည့်ပဋိညာဉ်တော်ကို ထောက်၍ ငါသည်သင်တို့၏အမျိုးသားများအား ကယ်လွှတ်မည်။ ရေမရှိသောတွင်းနက်တည်းဟူသောပြည်နှင်ဒဏ် ဘဝမှကယ်လွှတ်မည်။
လူသားပင်လျှင်သူတစ်ပါးအားစေစားရန် ကြွလာသည်မဟုတ်။ သူတစ်ပါး၏အစေကို ခံရန်နှင့် မိမိအသက်ကိုစွန့်၍လူများအား ရွေးနုတ်ရန်ကြွလာသတည်း'' ဟုမိန့်တော်မူ ၏။
ကိုယ်တော်သည်လူအပေါင်းတို့ကိုကယ်တင် တော်မူရန်မိမိကိုယ်ကိုစွန့်တော်မူ၏။ ဤကား အချိန်သင့်သောအခါလူအပေါင်းတို့အား ကယ်တင်ရန်ဘုရားသခင်အလိုရှိတော်မူ ကြောင်းသက်သေပြခြင်းပင်ဖြစ်သတည်း။-