ထိုသို့ခံရသောသူသည် ဆွေးမြေ့သောအရာကဲ့သို့၎င်း၊ ပိုးရွကိုက်စားသောအဝတ်ကဲ့သို့၎င်း အားလျော့ ပျက်ရပါ၏။
ယောဘဝတ္တု။ 33:21 - Common Language Bible အသားအရေပိန်လျော့ ကွယ်ပျောက်၍၊ မထင် ရှားဘူးသော အရိုးတို့လည်း ပေါ်ကြ၏။ Garrad Bible မ မြင် ရ သည့် တိုင် အောင် အ သား ကုန် ခန်း ၍၊ မ ထင် ရှား သော အ ရိုး များ သည် ပေါ်၏။ Judson Bible အသားအရေ ပိန်လျော့ကွယ်ပျောက်၍၊ မထင်ရှားဖူးသော အရိုးတို့လည်း ပေါ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူ၏အသားအရေများလည်း မမြင်ရလောက်အောင် ပိန်လှီသွားပြီး သူ၏မထင်ရှားဖူးသောအရိုးများမှာလည်း ငေါထွက်လေ၏။ |
ထိုသို့ခံရသောသူသည် ဆွေးမြေ့သောအရာကဲ့သို့၎င်း၊ ပိုးရွကိုက်စားသောအဝတ်ကဲ့သို့၎င်း အားလျော့ ပျက်ရပါ၏။
ကိုယ်တော်သည် လူကို အစဉ်နိုင်တော်မူ၍၊ လူသည်ကွယ်ပျောက်တတ်ပါ၏။ ထူးခြားသောမျက်နှာ ကို ပေး၍ အခြားသို့ လွှတ်လိုက်တော်မူ၏။
ငါ့ကိုခြေချင်းခတ်တော်မူ၍၊ ထိုခြေချင်းသည်ငါ့ တဘက်က သက်သေခံ၏။ ငါပိန်ကြုံခြင်းအရာသည် လည်း ငါ့တဘက်ကထ၍ မျက်နှာချင်းဆိုင်လျက် သက် သေခံ၏။
လောက်နှင့်ရွှံ့တို့သည် အဝတ်ကဲ့သို့ ငါ့ကိုယ်ကို ဖုံးလွှမ်းကြ၏။ ငါ့အရေသည်ကွဲ၍ ယိလျက်ရှိ၏။
ကိုယ်တော်ရှင်သည်လူအားသူ၏ အပြစ်ဒုစရိုက်အတွက်ဆုံးမ၍အပြစ်ဒဏ် ပေးတော်မူပါ၏။ သူနှစ်သက်စွဲလန်းသောအရာတို့ကိုပိုးဖလံ ကဲ့သို့ ကိုယ်တော်ဖျက်ဆီးပစ်တော်မူပါ၏။ အကယ်စင်စစ်လူသည်ထွက်သက်ဝင်သက်မျှသာ ဖြစ်ပါသည်တကား။