ယောဘဝတ္တု။ 32:20 - Common Language Bible ငါသည် သက်သာခြင်းငှါ မြွက်ဆိုရမည်။ နှုတ်ကို ဖွင့်၍ ပြန်ပြောရမည်။ Garrad Bible လွတ် ငြိမ်း စေ ရန် နှုတ် ဖွင့် လျက် တုံ့ ပြန် ပြော ဆို လိမ့် မည်။ Judson Bible ငါသည် သက်သာခြင်းငှာ မြွက်ဆိုရမည်။ နှုတ်ကိုဖွင့်၍ ပြန်ပြောရမည်။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ပြောမှ စိတ်သက်သာရာရတော့မည်။ နှုတ်ခမ်းကိုဖွင့်၍ ပြန်ပြောတော့မည်။ |
ငါ့အပြစ်ကို ဘော်ပြမည့်သူကား၊ အဘယ်သူနည်း။ ထိုသို့ဘော်ပြလျှင် ငါသည် တိတ်ဆိတ်စွာနေ၍ အသေခံပါမည်။
ငါပြန်ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော်သောကြောင့်၊ ပြောချင်သောစိတ်အားကြီး၏။
ငါပြောရသောအခွင့်ရှိစေခြင်းငှါ သည်းခံကြ လော့။ ငါပြောပြီးမှ ပြက်ယယ်ပြုချင်လျှင် ပြုကြလော့။
ငါတို့သည် သင်နှင့် နှုတ်ဆက်စမ်းလျှင်၊ သင်သည် စိတ်ပျက်ကောင်းပျက်လိမ့်မည်။ သို့သော်လည်း၊ အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည်နည်း။