အိုမင်းလာချိန်၌လူမျိုးခြားတို့၏ဘုရား များကိုဝတ်ပြုကိုးကွယ်စေကြ၏။ မင်းကြီး သည်ခမည်းတော်ဒါဝိဒ်ကဲ့သို့ မိမိ၏ဘုရားသခင်ထာဝရဘုရားအားသစ္စာမစောင့်ဘဲ၊-
ယောဘဝတ္တု။ 31:9 - Common Language Bible သူ့မယားကို ငါတပ်မက်မိသော်၎င်း၊ အိမ်နီးချင်း တံခါးနားမှာ ငါချောင်းမိသော်၎င်း၊ Garrad Bible သူ့ မ ယား ကို စိတ် စွဲ၍၊ သူ့ အိမ် တံ ခါး ဝ မှာ ချောင်း မြောင်း ခဲ့ လျှင်၊ Judson Bible သူ့မယားကို ငါတပ်မက်မိသော်လည်းကောင်း၊ အိမ်နီးချင်းတံခါးနားမှာ ငါချောင်းမိသော်လည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း ငါသည် မိန်းမ၏သွေးဆောင်ရာသို့ စိတ်ပါသွားပြီး အိမ်နီးချင်းတံခါးဝတွင် ချောင်းမြောင်းမိလျှင် |
အိုမင်းလာချိန်၌လူမျိုးခြားတို့၏ဘုရား များကိုဝတ်ပြုကိုးကွယ်စေကြ၏။ မင်းကြီး သည်ခမည်းတော်ဒါဝိဒ်ကဲ့သို့ မိမိ၏ဘုရားသခင်ထာဝရဘုရားအားသစ္စာမစောင့်ဘဲ၊-
ငါသည်သူတို့အား``ရှောလမုန်မင်းကိုအပြစ် ကူးလွန်စေသူများကားလူမျိုးခြားအမျိုး သမီးများပင်တည်း။ ထိုမင်းသည်အခြားလူ မျိုးတို့၏ဘုရင်ရှိသမျှထက်ပို၍တန်ခိုး ကြီး၏။ ဘုရားသခင်သည်သူ့ကိုချစ်တော် မူသဖြင့်ဣသရေလတစ်နိုင်ငံလုံးကိုအုပ် စိုးစေတော်မူ၏။ သို့ရာတွင်သူသည်လူမျိုး ခြားများနှင့်ထိမ်းမြားစုံဖက်သည့်အပြစ် ကိုကူးလွန်ပေသည်။-
ငါသည်အပျိုကိုမျှမကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကို ပြုပြီ။
အမျိုးပျက်သော မိန်းမ၏နှုတ်သည် နက်သော မြေတွင်းဖြစ်၏။ ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ သော သူသည်ထိုမြေတွင်းထဲသို့ ကျလိမ့်မည်။
ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း၊ တပ်မက်သော စိတ်မရှိနှင့်။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကိုမကျော့မိစေနှင့်။
ချစ်ဘွယ်သော စကားနှင့် ထိုသူကို သွေးဆောင် ၍ ချော့မော့တတ်သောနှုတ်ခမ်းနှင့်နိုင်သဖြင့်၊
ကျော့ကွင်းနှင့်ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင်တတ်သော မိန်းမသည်၊ သေခြင်းထက် သာ၍ ခါးသည်ကို ငါတွေ့ပြီ။ ဘုရားသခင် စိတ်တွေ့ တော်မူသောသူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့် မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဘမ်းမိလိမ့်မည်။
သူတို့သည်အစာဝ၍ရာဂထန်သည့် မြင်းဆိုးများကဲ့သို့ဟီလျက်အိမ်နီးချင်းတို့၏ဇနီးများကိုတပ်မက်ကြ၏။
သူတို့အားလုံးသည်သစ္စာဖောက်များဖြစ် ကြ၏။ မုန့်ဖုတ်သူသည်မုန့်ညက်စိမ်းအဆင် သင့်မဖြစ်မီမီးကိုမဆွသကဲ့သို့ ထိုသူ တို့၏မုန်းတီးစိတ်သည်မုန့်ဖိုထဲရှိထိုမီး ကဲ့သို့တစ်အုံနွေးနွေးဖြစ်၏။-
တစ်စုံတစ်ယောက်သည် ဣသရေလအမျိုးသားချင်း၏မယားနှင့်ဖောက်ပြန်လျှင် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။-
`` `သူတစ်ပါး၏မယား၊ အိမ်၊ မြေ၊ ကျေးကျွန်၊ နွား၊ မြည်းမှစ၍သူပိုင်သမျှတို့ကိုတပ်မက် ခြင်းမရှိနှင့်' ဟုမိန့်တော်မူ၏။
ဖိလိတ္တိဘုရင်ငါးပါးတို့သည်ဒေလိလထံ သို့လာ၍``ရှံဆုန်သည်အဘယ်ကြောင့်ဤမျှ ခွန်အားကြီးရကြောင်းကိုလည်းကောင်း၊ သူ့ အားအဘယ်သို့နှိမ်နင်း၍ချည်နှောင်ထား နိုင်ကြောင်းကိုလည်းကောင်းသိရှိရန်သူ့အား ဖြားယောင်း၍မေးပါ။ ငါတို့တစ်ယောက်လျှင် ငွေတစ်ဆယ့်တစ်ပိဿာစီပေးပါမည်'' ဟုပြော၏။