ယောဘဝတ္တု။ 31:30 - Common Language Bible ငါသည်သူ့အသက်ကို ကျိန်ဆဲ၍၊ ကိုယ်နှုတ်၌ အပြစ်ရောက်စေခြင်းငှါ အခွင့်မပေး။ Judson Bible ငါသည် သူ့အသက်ကို ကျိန်ဆဲ၍၊ ကိုယ်နှုတ်၌ အပြစ်ရောက်စေခြင်းငှာ အခွင့်မပေး။ မြန်မာ့စံမီသမ္မာကျမ်း သူတစ်ပါးအသက်ဘေးရောက်အောင် ကျိန်ဆဲခြင်းဖြင့် ငါ့နှုတ်ကိုအပြစ်ပြုခွင့် မပေးခဲ့ပါ။ |
သင်၏နှုတ်သည် သတိမလစ်စေနှင့်။ ဘုရား သခင့်ရှေ့တော်၌ စကားပြောခြင်းငှါ၊ သင်၏စိတ်နှလုံး မလျင်မမြန်စေနှင့်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ သင်သည် မြေကြီးပေါ်မှာရှိ၏။ ထိုကြောင့် သင်၏စကားမများစေနှင့်။
သင်၏နှုတ်သည် သင်၏ကိုယ်ခန္ဓာ၌ အပြစ် မရောက်စေနှင့်။ အကျွန်ုပ်မှားပါပြီဟု၊ တမန်တော်ရှေ့မှာ ပြောရသော အကြောင်းမရှိစေနှင့်။ ဘုရားသခင်သည် သင်၏စကားသံကို အမျက်ထွက်၍၊ သင်ပြုစုသောအမှုကို အဘယ်ကြောင့် ဖျက်ဆီးတော်မူရမည်နည်း။
``သင်တို့အားငါဆိုသည်ကားတရားစီရင်တော် မူရာနေ့၌လူတို့သည်မိမိတို့အကျိုးမဲ့ပြောဆို သောစကားများအတွက်စစ်ဆေးစီရင်ခြင်းကို ခံရကြလတ္တံ့။-
သို့ရာတွင်မိမိ၏ညီအစ်ကိုအားအမျက် ထွက်သောသူသည် တရားသူကြီး၏ရှေ့မှောက် သို့ရောက်ရမည်ဟုသင်တို့အားငါဆို၏။ အချင်း ချင်းဆဲရေးတိုင်းထွာသူသည်တရားရုံးတော် တွင်အပြစ်ပေးခြင်းကိုခံရလိမ့်မည်။ ညီအစ်ကို အချင်းချင်းမထီမဲ့မြင်ပြုသောသူသည်ငရဲ သို့လားရလိမ့်မည်။-
သင်တို့အားနှိပ်စက်ညှဉ်းဆဲသူတို့ကိုကောင်း ချီးပေးကြလော့။ သူတို့ကိုမကျိန်မဆဲ ဘဲကောင်းချီးပေးကြလော့။-
လျှာသည်မီးနှင့်တူ၍အပြစ်ဒုစရိုက်ဖြင့် ပြည့်ဝသောကမ္ဘာဖြစ်၏။ ယင်းသည်ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုအဖြစ်ဖြင့်တည်ရှိကာ၊ ငါတို့၏ကိုယ်ခန္ဓာတစ်ခုလုံးသို့အပြစ်ဒုစရိုက် ကူးစက်ပျံ့နှံ့စေလေသည်။ လျှာသည်ငရဲမှ ရရှိသည့်မီးဖြင့်ငါတို့၏ဘဝတစ်ခု လုံးကိုကျွမ်းလောင်စေတတ်၏။-
အဆိုးကိုအဆိုးအားဖြင့်လည်းကောင်း၊ ကျိန် ဆဲခြင်းကိုကျိန်ဆဲခြင်းအားဖြင့်လည်းကောင်း တုံ့ပြန်ခြင်းမပြုကြနှင့်။ ယင်းသို့ပြုမည့် အစားကောင်းချီးပေးကြလော့။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ကတိထားတော်မူသည့် ကောင်းချီးမင်္ဂလာကိုခံစားစေရန် သင်တို့ အားကိုယ်တော်ခေါ်ယူရွေးကောက်တော်မူခဲ့ သောကြောင့်တည်း။-